ပြန်ပေးဆွဲခံရတဲ့ ကမ္ဘာလှည့်ခရီးသည် ၂ ယောက်ကို ကိုလံဘီယာစစ်တပ် ကယ်တင်

19-6-2020-yyl-038.jpg

လွန်ခဲ့တဲ့ ၃ လက ပျောက်ကျားအဖွဲ့တွေရဲ့ ပြန်ပေးဆွဲခြင်းခံခဲ့ရတဲ့ ကမ္ဘာလှည့်ခရီးသည် ၂ ယောက်ကို ကိုလံဘီယာစစ်တပ်က ကယ်တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလလယ်မှာ ဆွစ်ဇာလန်နိုင်ငံသား ဂက်ဂျင်ဟိမ်းနဲ့ ဘရာဇီးနိုင်ငံသား အယ်ဘူကာကေးတို့ကို အလင်းမဝင်ဘဲ ကျန်ရှိနေတဲ့ Farc လက်နက်ကိုင်တွေက ပြန်ပေးဆွဲခဲ့တာလို့ ကိုလံဘီယာစစ်တပ်က ပြောပါတယ်။ သူတို့နှစ်ယောက် ပြန်ပေးဆွဲခံရချိန်မှာ သူတို့ရဲ့ခွေးတွေလည်း ခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။ သူတို့နှစ်ယောက်ကို ပြန်လွှတ်ပေးစေချင်ရင် ကိုလံဘီယာနိုင်ငံသုံး ပီဆိုငွေ သန်းဆယ်ဂဏန်းပေးရမယ်လို့ လက်နက်ကိုင်တွေက တောင်းဆိုခဲ့ပါတယ်။ လက်နက်ကိုင်တွေက သူတို့ ၂ယောက်ကို တစ်နေရာပြီး တစ်နေရာ ရွှေ့ပြောင်းထားခဲ့ပြီး နေရာ ၁၁ နေရာအထိ ရွှေ့ပြောင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကိုလံဘီယာစစ်သည်တွေက သူတို့ရှိရာနေရာကို ဖော်ထုတ်ပြီး သူတို့ကို ကယ်တင်နိုင်ခဲ့သလို ပြန်ပေးသမားလို့ သံသယရှိသူကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ Farc လက်နက်ကိုင်အဖွဲ့ဟာ ကိုလံဘီယာအစိုးရနဲ့ ၄ နှစ်ကြာ စေ့စပ်ညှိနှိုင်းပြီးနောက် ၂၀၁၆ ခုနှစ်မှာ သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး Farc နိုင်ငံရေးပါတီ ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့ အလင်းမဝင်ဘဲ တောခိုနေတဲ့ လက်နက်ကိုင်အချို့ ကျန်ရှိနေဆဲပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top