ကားတိုက်ခံရတဲ့သူငယ်ချင်းအနားကနေ ထွက်မသွားဘဲရှိနေပေးခဲ့တဲ့ ခွေးလေး

yyl-016-11.jpg

ခွေးလေးနှစ်ကောင်အတူတူဆော့နေကြတဲ့အချိန်မှာ အဲဒီထဲကခွေးတစ်ကောင်ကို ကားတစ်စီးက တိုက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အခြားခွေးလေးက လမ်းမပေါ်မှာလဲကျနေတဲ့သူငယ်ချင်း ရဲ့ဘေးကနေထွက်မသွားဘဲ စိတ်ရှည်ရှည်နဲ့ ရှိနေပေးခဲ့တဲ့မြင်ကွင်းက အင်တာနက်အသုံးပြုသူတွေကို ဂရုဏာသက်မိစေခဲ့ပါတယ်။

ဒီဖြစ်ရပ်လေးက တရုတ်နိုင်ငံရဲ့ချင်တုံနန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ ခွေးလေးတစ်ကောင်က မလှုပ်မရပ်နဲ့လဲနေတဲ့ အဖြူစွတ်စွတ်ခွေးလေးနားမှာ ထွက်မသွားဘဲနေပေးတဲ့မြင်ကွင်းက တကယ့်ကို သနားဖို့ကောင်းပါတယ်။ ခွေးတွေက သခင်ကိုမဆိုထားနဲ့ သူ့တို့ခွေးအချင်းချင်းတောင် အရမ်းသစ္စာရှိပြီး ခင်တွယ်တတ်ကြတာကို တွေ့ရပါတယ်။

အဲဒီနားဖြတ်သွားတဲ့သူတစ်ယောက်က အဲဒီခွေးလေးက အဖြူစွတ်စွတ်ခွေးလေးရဲ့ဘေးမှာ တအီအီနဲ့ ညည်းတွားနေတယ်လို့လည်း ပြောပါတယ်။ ကားတွေကလည်း လမ်းမပေါ်မှာ ခွေးလေးနှစ်ကောင် ရှိနေတဲ့အတွက် ရှောင်ပြီး မောင်းပေးကြပါတယ်။

ကားတိုက်ခံရတဲ့ခွေးလေးက ပိုင်ရှင်ရှိပြီး အဲဒီခွေးလေးရဲ့ဘေးမှာ ရှိနေပေးတဲ့ခွေးလေးကတော့ လေလွင့်ခွေးဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။ ခွေးပိုင်ရှင်က သူတို့နှစ်ကောင်က မကြာခဏ အတူတူဆော့ကြတယ်လို့ ပြောပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ ခွေးလေးက သူငယ်ချင်းဘေးမှာ ဘယ်လောက်စောင့်စောင့်ထလာပြီး သူနဲ့အတူတူ နောက်ထပ်ဆော့ပေးနိုင်မှာမဟုတ်တော့ပါဘူး။ အဲဒီခွေးလေးကို မြုပ်နှံလိုက်ပါပြီ။

လမ်းပေါ်မှာကားတိုက်ခံရတဲ့ခွေးလေးရဲ့ဘေးမှာ အခြားခွေးလေးရှိနေပေးတာ ဒါက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ တရုတ်နိုင်ငံမှာပဲ အဲဒီလိုဖြစ်ရပ်တူတွေများစွာရှိခဲ့ပါတယ်။

Ref: Dog refused to leave friend’s side after it got hit by a car

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top