၂၀၂၀ တွင် ထိုင်းနိုင်ငံရှိ အဓိက ကျသော စတိုးဆိုင်ကြီးများ၌ ပလပ်စတစ်အိတ် သုံးစွဲမှု ရပ်တန့်ရန် ဝန်ကြီးချုပ် ညွှန်ကြား

yyl-022-11.jpg

၂၀၂၀ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ Retail store များနှင့် convenience store များ၌ ဈေးဝယ်သူများအား ပလပ်စတစ်အိတ်များ ဖြင့် ရောင်းချ ထုတ်ပိုးပေးခြင်းများ ရပ်တန့်မည်ဟု ထိုင်းနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဝန်ကြီးချုပ်မှ ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၂၀၂၀ ခုနှစ်မှ စ၍ အဓိက လုပ်ငန်းကြီးများတွင် တစ်ခါသုံး ပလပ်စတစ်အိတ် အသုံးပြုခြင်းများ ရပ်တန့်ရန် သဘောတူ လက်မှတ်ထိုးခြင်းများ ပြုလုပ်မည်ဟု ဝန်ကြီးချုပ် ၏ Facebook စာမျက်နှာပေါ်၌ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ရေးသား ဖော်ပြထားသည်။ ထိုအခမ်းအနားတွင် ကုန်ပဒေသာ စတိုးဆိုင် နှင့် convenience store စုစုပေါင်း ၄၃ခု သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပလပ်စတစ်အိတ် အသုံးပြုမှု ရပ်တန့်ရေး အစီအစဉ် သို့ ဦးဆောင် ပါဝင်သွားမည် ဖြစ်သည်။ ၎င်းတို့၏ စတိုးများတွင် အဝတ်ဖြင့် ပြုလုပ်သော ဈေးဝယ်အိတ်များအား အစားထိုး သုံးစွဲသွားမည် ဟု ဆိုသည်။

ထိုအစီအစဉ်တွင် ၁၀,၀၀၀ ကျော်သော 7-Eleven convenience store များအား လည်ပတ်နေသည့် CP All Public Company Limited နှင့် ထိုင်းနိုင်ငံ တွင် အကြီးဆုံး retailer ဖြစ်သည့် Central Group တို့ မှ စတင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်။ ထိုင်း နိုင်ငံ အစိုးရအဖွဲ့ သည် microbeads၊ cap seal များနှင့် oxo-degradable ဟူသော ပလပ်စတစ် အမျိုးအစား သုံးမျိုးကို ယခု နှစ်အကုန်ပိုင်းတွင် နိုင်ငံအတွင်း အသုံးပြုခြင်းမှ တားမြစ်မည် ဖြစ်ကြောင်း နှင့် ထိုလုပ်ငန်းစဉ်၏ အဓိက ရည်ရွယ်ချက်မှာ နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပလပ်စတစ် အခြေခံသုံး ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ညစ်ညမ်းမှု အခြေအနေအား ဖြေရှင်းရန်ပင် ဖြစ်သည်။

Greenpeace သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်း ၏ ထုတ်ပြန်ချက် အရ ထိုင်းနိုင်ငံတွင် နှစ်စဉ် ကုန်စုံဆိုင်များ၊ convenience store များ၊ ဈေးဝယ်စင်တာများ နှင့် လမ်းဘေးဈေးဆိုင်တန်းများ မှ ထုတ်ပိုးပေးသည့် ပလပ်စတစ်အိတ် ပေါင်း ၇၅ သန်းခန့် သည် စွန့်ပစ်ပစ္စည်း အဖြစ်သို့ ရောက်ရှိလျှက်ရှိသည်။ ထို့ကြောင့် ယခု အစပြုမည့် ပလပ်စတစ်အိတ် အသုံးပြုမှု ရပ်တန့်ခြင်း အစီအစဉ် ၏ အဓိက စိန်ခေါ်မှုမှာ နေ့စဉ် အသုံးပြုမှု လျော့နည်းလာခြင်း အပေါ် စောင့်ကြည့် တိုင်းတာရန် နှင့် တိုင်းတာမှု တိကျ မှန်ကန်ရေး ပင်ဖြစ်သည်။အချို့သော စူပါမားကတ်များ နှင့် ကုန်ပဒေသာ စတိုးဆိုင်များတွင် ပလပ်စတစ်အိတ် အသုံးပြုမှုများ စတင် ရပ်တန့်နေပြီ ဖြစ်ကြောင်း တွေ့ရှိရသည်။

ကျန်းမာ ပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top