ချောကလက်တွေ လက်ဆောင်ပေးပြီး ဘဏ်ကို ဖောက်ထွင်းခဲ့သူ

25-11-2022yyl14.jpg

၂၀၀၇ ခုနှစ်က ဘယ်လ်ဂျီယံနိုင်ငံမှာ အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ယောက်က ABM Amro ဘဏ်ကို လာတိုင်း ဘဏ်ဝန်ထမ်းတွေအတွက် ချောကလက်တွေ လက်ဆောင် ယူလာပေးလေ့ရှိတယ်။ အဲဒီလို ယူလာပေးတာ တစ်နှစ်လောက် ကြာတယ်။ သူက အောင်မြင်တဲ့စီးပွားရေးသမား ပုံစံမျိုးရှိပြီး ဘဏ်ဝန်ထမ်းတွေကလည်း သူ့ကို ယုံကြည်တယ်။

ဘဏ်မှာ ပစ္စည်းအပ်ထားလို့ ငွေတိုက်ထဲကိုလည်း ဝင်ခွင့်ရရှိသူပါ။ တစ်ရက်မှာတော့ သူက ငွေတိုက်ထဲက အာမခံသေတ္တာတွေကို ဖွင့်ကာ ကာရက် ၁၂၀,၀၀၀ ရှိပြီး အမေရိကန်ဒေါ်လာ ၂၈ သန်းလောက်တန်တဲ့ စိန်ပွင့်တွေကို ခိုးယူသွားခဲ့ပါတယ်။ ဒါဟာ တစ်ဦးတည်း ကျူးလွန်တဲ့ ဖောက်ထွင်းမှုတွေထဲမှာ အကြီးဆုံးပဲလို့ ဆိုကြတယ်။ သူက အာဂျင်တီးနားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး နိုင်ငံကူးလက်မှတ်မှာတော့ ကားလို့စ်ဟက်တာဖလိုမန်ဘမ်းလို့ အမည်ရပါတယ်။

ဒါပေမဲ့ အဲဒီနိုင်ငံကူးလက်မှတ်ဟာ အစ္စရေးနိုင်ငံမှာ ခိုးယူခံခဲ့ရတဲ့ လက်မှတ်ဖြစ်လို့ ဖောက်ထွင်းမှု ကျူးလွန်သူရဲ့ အမည်အစစ် မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့က သတ်မှတ်ခဲ့ရပါတယ်။ သူ့ကို သတင်းပေးနိုင်ရင် ဒေါ်လာ ၂ သန်းပေးမယ်လို့ ဆုကြေးထုတ်ပြန်ခဲ့ပေမဲ့ အခုချိန်အထိ သူ့သတင်း တစ်စွန်းတစ်စတောင် မရခဲ့ပါဘူး။

Ref:Man steals $28 million in diamonds from bank

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top