မှိုအောက်ခြေအခွံကို ချစ်ပ်ပြားရဲ့ အပူခံပြားအဖြစ် အစားထိုးအသုံးပြုနိုင်တော့မယ်

25-11-2022yyl07.jpg

မှိုအောက်ခြေ အခွံကို အသုံးပြုပြီး ကွန်ပျူတာချစ်ပ်ပြားတွေရဲ့အပူခံပြား ထုတ်လုပ်နိုင်မယ့်နည်းလမ်းကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ဥရောပတောင်တန်းတွေပေါ်က ဆွေးမြေ့နေတဲ့ သစ်သားတွေမှာ ဖြစ်ပေါ်တတ်တဲ့ Ganoderma lucidum မှိုမျိုးစိတ်ကို အသုံးပြုတာပါ။ အဲဒီမှိုဟာ ရင့်လာပြီဆိုတာနဲ့ သူ တွယ်ကပ်ထားတဲ့ အောက်ခံသစ်သားကိုပါ ကာကွယ်ပေးနိုင်စွမ်းရှိလာပါတယ်။

မျက်မှောက်ခေတ်မှာ အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်မှု အဆမတန် မြင့်တက်လာပြီး ချစ်ပ်ပြားလို အစိတ်အပိုင်းတွေကို ထုတ်လုပ်ရာမှာ ဇီဝဆွေးမြေ့နိုင်စွမ်းရှိတဲ့ အရာတွေကို အစားထိုး အသုံးပြုဖို့ သိပ္ပံပညာရှင်တွေက ရှာဖွေခဲ့ကြတာပါ။ မှိုအောက်ခြေ အခွံက ချစ်ပ်ပြားတွေကို အပူချိန် ၂၀၀ ဒီဂရီစင်တီဂရိတ်အထိ ကာကွယ်ပေးနိုင်စွမ်း ရှိတယ်ဆိုတာ သြစတြီးယားနိုင်ငံ ဂျိုဟန်နက်စ်ကက်ပလာတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တာပါ။ အပူချိန်ခံနိုင်တဲ့အပြင် နှစ်ရှည် ခိုင်ခံပြီး အကြိမ်ထောင်ချီ အကွေး၊ အဆန့်လုပ်ရင်လည်း ပွန်းတာ၊ ပဲ့တာမျိုး မရှိဘူးဆိုတာ တွေ့ရှိခဲ့ပါတယ်။

စက္ကူတစ်ရွက်လောက်ပဲထူတဲ့ မှိုအောက်ခြေအခွံဟာ ပလတ်စတစ်လောက် အပူကာ မပေးနိုင်ပေမဲ့ မြင့်မားတဲ့အပူချိန်ကို ခံနိုင်ရည်ရှိပါတယ်။ သစ်လုပ်ငန်းကနေ စွန့်ပစ်လိုက်တဲ့ သစ်သားတွေပေါ်မှာလည်း ဒီမှိုကို မွေးနိုင်စွမ်းရှိလို့ ကုန်ကြမ်းအတွက် စိုးရိမ်စရာမရှိပါဘူး။

လက်ရှိအချိန်မှာတော့ ကျန်းမာရေးစောင့်ကြည့်ဖို့ ဝတ်ဆင်တဲ့ ကိရိယာတွေ၊ အီလက်ထရောနစ် ကိရိယာတွေကို ကြားခံဆက်သွယ်ပေးတဲ့ အရာတွေလို ရေရှည်ခံဖို့ မလိုတဲ့ အီလက်ထရောနစ်ဆားကစ်ပြားတွေမှာ မှိုအောက်ခြေ အခွံကို စမ်းသပ်အသုံးပြုသွားဖို့ ရှိနေပါတယ်။

Ref:Scientists Have Used Mushrooms to Make Biodegradable Computer Chip Parts

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top