ချည်သားပါးစပ်နှာခေါင်းစည်းတွေကို ဝတ်ဆင်ထားတာကနေ စနစ်တကျ ဖြုတ်ကြမယ်

5-6-2020-yyl-020.jpg

ကမ္ဘာ့တစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူ အရေအတွက်က နေ့တိုင်းများများလာနေတဲ့အတွက် ကျွန်တော်တို့တစ်နေ့တာဘဝရဲ့ အရေးကြီးတဲ့အစိတ်အပိုင် းတစ်ခုတောင်ဖြစ်လာပါပြီ။ ပါးစပ်နှာခေါင်းစည်းတွေကို ရောဂါကူးစက်မှုကနေ ကာကွယ်နိုင်ဖို့အရေး နေ့တိုင်းဝတ်ဆင်ရတာ နည်းနည်းတော့ မသက်မသာဖြစ်ရတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဒါပေမဲ့ ရောဂါကာကွယ်ထိန်းချုပ်ဖို့အတွက် ဒီနည်းအပြင် အခြားနည်းလမ်းမှ မရှိတဲ့အတွက် ကျွန်တော်တို့တွေ မဖြစ်မနေ ဝတ်ဆင်သင့်ပါတယ်။ နည်းနည်းသက်တောင့်သက်သာ ဖြစ်ဖို့အတွက်တော့ ပါးစပ်နှာခေါင်းစည်းကို ရွေးချယ်ဝတ်ဆင်လို့ရပါတယ်။ ချည်သားပါးစပ်နှာခေါင်းစည်းတွေက အသက်ရှုရချောင်ပြီး ဝတ်ရတာ သက်တောင့်သက်သာရှိပါတယ်။ လျှော်ဖွတ်ပြီး ပြန်သုံးလို့ရတဲ့အတွက်လည်း ပိုက်ဆံအကုန်သက်သာစေပါတယ်။

လူတစ်ယောက်က ပါးစပ်နှာခေါင်းစည်း ဝတ်ဆင်တာအခါမှာ ရောဂါပျံ့နှံ့မှုကို ကာကွယ်နိုင်ဖို့အတွက် ပါးစပ်နှာခေါင်းစည်းရဲ့ အပြင်ဘက်ကို မထိဖို့နဲ့ မိမိမျက်နှာနဲ့ အံ့ဝင်ခွင်ကျဖြစ်အောင် ဝတ်ဆင်ဖို့လိုတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လမ်းညွှန်ထားပါတယ်။ ဒါ့အပြင် ချည်သားပါးစပ်နှာခေါင်းစည်းဝတ်နေစဉ်မှာ စိတ်ထဲမှာမှတ်သားထားရမယ့် အရာတွေကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းပြောကြားထားပါတယ်။ အဲဒီအချက်တွေကို စာဖတ်ပရိသတ်တွေ သိချင်စေဖို့ မျှဝေပေးလိုက်ရပါတယ်။

ပုံမှန်ပါးစပ်နှာခေါင်းစည်းက အပြင်အလွှာ၊ အလယ်အလွှာ၊ အတွင်းအလွှာဆိုပြီး (၃) လွှာ ရှိရပါတယ်။ အပြင်အလွှာက ရေစိုတာကို ကာကွယ်နိုင်တဲ့ ရေစိမ့်မဝင်နိုင်တဲ့ ရေမတင်နိုင်တဲ့ အလွှာပါ။ အလယ်အလွှာက ပိုးမွှားတွေ ဖြတ်မဝင်နိုင်အောင် စစ်ပေးတဲ့ အလွှာပါ။ အတွင်းအလွှာက နှာခေါင်း၊ ပါးစပ်ကိုကပ်အုပ်ပြီး ဝတ် တဲ့ အခါ စကားပြောရင်း အသက်ရှူထုတ်ရင်း ပါလာမယ့် အာငွေ့ တွေ ရေငွေ့တွေ တံတွေးစက်တွေရဲ့ စိုထိုင်းမှုကို စုပ်ယူပေးထားတဲ့အလွှာဖြစ်ပါတယ်။

ချည်သားပါးစပ်နှာခေါင်းစည်းဝတ်ဆင်ရင် ဒီအချက်လေးတွေကို မှတ်သားထားပါ

  • ပါးစပ်နှာခေါင်းစည်းမဝင်ခင် လက်တွေကို ဆပ်ပြာ၊ရေတို့နဲ့ အနည်းဆုံး စက္ကန့် (၂၀) ဆေးပေးတာ (ဒါမှမဟုတ်) အယ်ကိုဟောပါဝင်တဲ့ လက်သန့်ဆေးရည်သုံးပေးပါ
  • ပါးစပ်နှာခေါင်းစည်းကို တစ်နေရာရာမှာ ပျက်စီးနေလားဆိုတာ သိရဖို့အတွက် သေသေချာချာစစ်ဆေးပါ
  • နှာခေါင်းနဲ့ ပါးစပ်ကို လုံအောင်သေချာဝတ်ဆင်ပါ။ (မျက်နှာနဲ့ ပါးစပ်နှာခေါင်းစည်းကြားမှာ ကွာဟနေတာမရှိသင့်ပါဘူး)
  • ပါးစပ်နှာခေါင်းစည်းကို ဝတ်ဆင်တဲ့အခါ အပြင်အလွှာကို ညစ်ပေနေတဲ့လက်တွေနဲ့ မထိပါစေနဲ့။ မတော်တဆ ကိုင်မိသွားရင် သင့်လက်တွေကို သန့်စင်ဆေးကြောလိုက်ပါ

ပါးစပ်နှာခေါင်းစည်းချွတ်ဖို့အတွက် နည်းမှန်လမ်းမှန်

  • ပါးစပ်နှာခေါင်းစည်းကို မဝတ်ခင် လက်တွေကို သန့်စင်သလိုပဲ မချွတ်ခင်မဖြုတ်ခင်မှာလည်း လက်ဆေးပေးသင့်ပါတယ်
  • ပါးစပ်နှာခေါင်းစည်းချွတ်တဲ့အခါ ရှေ့ဘက်ခြမ်းကို မထိမိပါစေနဲ့။ နားကပါးစပ်နှာခေါင်းစည်းကြိုးနဲ့သာ ဖြုတ်လိုက်ပါ
  • ပါးစပ်နှာခေါင်းစည်းကို ချွတ်ပြီးသွားတဲ့နောက် လက်တွေကို သေချာဆေးပေးပါ
  • ပါးစပ်နှာခေါင်းစည်းကို အဝတ်နဲ့ချုပ်ထားတာဆိုရင် လက်ဆေးပြီးမှ လျှော်ဖွတ်ပေးပါ။ ပြီးရင် နေရောင်ထဲမှာ ခြောက်အောင်ထားပေးပါ

စိတ်ထဲမှာ မှတ်ထားသင့်တဲ့ အခြားအချက်တွေ

  • ပါးစပ်နှာခေါင်းစည်းကို အခြားသူနဲ့မျှမသုံးပါနဲ့။ ပါးစပ်နှာခေါင်းစည်းကို အိမ်မှာ ချုပ်နေတာဆိုရင် (၂) ခုချုပ်ထားပါ။ တစ်ခုလျှော်ဖွတ်ထားရင် နောက်တစ်ခုနဲ့ အသုံးပြုလို့ရဖို့အတွက်ပါ။
  • ချည်သားပါးစပ်နှာခေါင်းစည်းတွေကို ပြန်သုံးလို့ရတဲ့အိတ်ထဲမှာ သိမ်းထားပါ
  • အပြင်ကနေ အိမ်ပြန်ရောက်တဲ့အခါ ပါးစပ်နှာခေါင်းစည်းကို လျှော်ဖွတ်ဖို့အတွက် ရေနွေးနွေးလေးနဲ့ ဆပ်ပြာကို အသုံးပြုပါ

ပါးစပ်နှာခေါင်းစည်းတပ်ထားရုံနဲ့ လုံးဝအန္တရာယ်ကင်းသွားပြီလို့ မဆိုလိုပါဘူး။ အန္တရာယ်ကင်းဖို့အတွက် အပြင်သွားတဲ့အခါ လူတွေနဲ့ ခပ်ခွာခွာနေတာ၊ ညစ်ပတ်တဲ့နေရာတွေကို မထိမိအောင်နေတာတွေလို အခြားကြိုတင်ကာကွယ်နည်းတွေကို လိုက်နာဖို့လိုပါတယ်။

Ref: Fight against coronavirus: From the right way to remove it, store it and wash it, here is your detailed facemask guide

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top