စာလေ့လာလို့ တကယ်ကောင်းတဲ့ နေရာ (၅) ခု

319.jpg

မကြာခဏ ကျွန်တော်တို့နားမှာရစ်ဝဲနေတတ်တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အများအပြားကြောင့် တစ်ခါတစ်လေမှာ စာလေ့လာဖို့ ဒါမှမဟုတ် လုပ်လက်စအလုပ်တွေပြီးမြောက်ဖို့ တော်တော်ခက်ခဲလှပါတယ်။

စိတ်ဖိစီးမှုများနေတဲ့အချိန်မျိုးတွေ၊ တခြားတစ်ခုခုကို စိတ်ရောက်နေတဲ့အခါမျိုးတွေနဲ့ ဘာကိစ္စမှရေရေရာရာမရှိပဲ အာရုံစိုက်လို့မရတဲ့အခါမျိုးတွေကို ကျွန်တော်တို့အားလုံး ကြုံဖူးကြပါတယ်။

ပထမဆုံးအနေနဲ့ ဒီလိုအချိန်မျိုးမှာ စိတ်ရှုပ်စရာတွေအားလုံးကို ဘေးချိတ်ထားပြီး လွတ်လွတ်လပ်လပ် စာလေ့လာလို့ကောင်းမယ့် နေရာတစ်ခုလိုအပ်ပါတယ်။ စာလေ့လာလို့ အဆင်ပြေတဲ့နေရာတွေအများကြီးထဲကမှ တကယ်လေ့လာလို့ကောင်းတဲ့နေရာ (၅) ခုကို ရိုးရာလေးပရိတ်သတ်တွေအတွက် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

၁။ စာကြည့်တိုက်

ပထဆုံးအနေနဲ့ စာကြည့်တိုက်ဆိုတာဟာ ဟိုးရှေးထဲက စာလေ့လာလို့အကောင်းဆုံးနေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရတာပါ။ သင့်ကိုတိတ်ဆိတ်ငြိမ်သက်မှု အပြည့်အဝရရှိစေနိုင်ပြီး စာကြည့်တိုက်တွေမှာ အသံမကျယ်ရဘူးလို့ ထိန်းချုပ်ထားတဲ့ အဓိကအကြောင်းရင်းဟာလည်း စာလေ့လာဖို့အတွက်ပဲ ဖြစ်ပါတယ်။ အချို့စာကြည့်တိုက်တွေမှာ စာအုပ်အပြင် ကွန်ပျူတာ၊ လက်တော့ပ်နဲ့ မိတ္ထူကူးစက်တွေကိုပါ ဖြည့်ဆည်းပေးထားပါတယ်။ ကျောင်းစာကြည့်တိုက်ပဲဖြစ်ဖြစ် ပြည်သူ့စာကြည့်တိုက်ပဲဖြစ်ဖြစ် သင့်အတွက် စာလေ့လာဖို့အကောင်းဆုံးဖြစ်မယ်ဆိုတာ သေချာပါတယ်။

၂။ ကော်ဖီဆိုင်

အခုနောက်ပိုင်း ကျောင်းသား၊ ကျောင်းသူတော်တော်များများ ကော်ဖီဆိုင်တွေမှာ စာလေ့လာနေကြတာကို တွေ့ရမှာပါ။ ကော်ဖီဆိုင်မှာ ဘာလို့စာလေ့လာလိုကောင်းလဲဆိုရင်တော့ အိပ်မငိုက်စေဖို့ ကော်ဖီတစ်ခွက်လွယ်လွယ်လေး ဝယ်သောက်လို့ရတဲ့အပြင် ဗိုက်ဆာတဲ့အခါ စားဖို့အတွက်လည်း စိတ်ပူစရာမလို့တော့လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကော်ဖီဆိုင်တော်တော်များများမှာ အခမဲ့အင်တာနက်လည်း ရရှိနိုင်ပါသေးတယ်။

၃။ မိမိကိုယ်ပိုင်အခန်း

ကိုယ်ပိုင်အခန်းမှာ စာလေ့လာမယ်ဆိုရင်တော့ မိမိကိုယ်မိမိထိန်းချုပ်နိုင်မှုရှိရပါမယ်။ ဖုန်း၊ TV နဲ့ ကွန်ပျူတာတွေကို ပိတ်ပစ်လိုက်ပါ။ စာလေ့လာမှုကို အနှောင့်အယှက်ဖြစ်စေနိုင်မယ့် အပန်းဖြေစရာကိစ္စရပ်အားလုံကို ရှင်းထုတ်ထားပါ။ ဒါမှသာ ဖေ့စ်ဘွတ်ခ် (Facebook)၊ တွစ်တာ (Twitter)နဲ့ အင်စတာဂရမ် (Instagram) တို့ကိုလည်း ခဏခဏ မသုံးမိမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို အိပ်ခန်းထဲ သက်တောင့်သက်သာ စာလေ့လာချင်တယ်ဆိုရင်တော့ မိမိကိုယ်မိမိ ထိန်းချုပ်တတ်ဖို့ရာ လိုအပ်ပါတယ်။

၄။ စာအုပ်ဆိုင်

တချို့စာအုပ်ဆိုင်တွေမှာ စာလေ့လာဖို့နေရာတွေအပြင် ကော်ဖီဘားတွေပါ ထားပေးထားတဲ့အတွက် စာလေ့လာဖို့အဆင်ပြေပါတယ်။ စာအုပ်ဆိုင်တွေဟာ စာကြည့်တိုက်နဲ့ ကော်ဖီဆိုင်တွေလိုပဲ စာလေ့လာဖို့ကောင်းတဲ့နေရာတွေ ဖြစ်ပါတယ်။

၅။ သူငယ်ချင်းအိမ်

ကိုယ့်အိမ်မှာ စာလေ့လာဖို့ နေရာကောင်း မရှိတဲ့အခါမျိုးတွေနဲ့ ဖုန်း၊ TV၊ လက်တော့ပ်တို့ကို မဖြတ်နိုင်တဲ့အခါမျိုးတွေမှာ သူငယ်ချင်းတွေဆီ စာသွားလုပ်ဖို့သင့်ပါတယ်။ သင့်ကိုစာလုပ်ချင်စိတိရှိလာအောင် ဆွဲခါ်ပေးနိုင်မယ့်သူငယ်ချင်းတွေဆီသွားပြီး စာလုပ်လိုက်ပါ။ သင်တစ်ယောက်တည်းစိတ်ညစ်ပြီး အလုပ်မလုပ်နိုင်တဲ့အခါမျိုးတွေမှာလည်း သူတို့ဆီကအထေက်အပံ့ကောင်းတွေရနိုင်လို့ပဲ ဖြစ်ပါတယ်။

 

Ref : Pinterest “10 places where you can actually study”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top