Mucormycosis (ခေါ်) မှိုရောဂါဆိုတာ

1024px-Zygomycosis.jpg

Mucormycosis (ခေါ်) မှိုရောဂါဆိုတာ မြူကိုမိုင်စီတီး (Mucormycetes) မှိုအုပ်စုကြောင့် ဖြစ်ပွားတတ်တဲ့ ရှားပါးပေမယ့်လည်း ပြင်းထန်တဲ့ မှိုရောဂါတစ်မျိုးဖြစ်ပါတယ်။ မှိုမည်းလို့ခေါ်ကြပေမယ့်လည်း Mucormycosis မှိုရောဂါကို ဖြစ်စေတတ်တဲ့ မှိုမှာ အရောင်အမျိုးမျိုးရှိပါတယ်။

ဘယ်သူတွေရောဂါဖြစ်နိုင်ခြေရှိလဲ

  • ဆီးချိုရောဂါရှိသူတွေ
  • ကင်ဆာရောဂါရှိသူတွေ
  • ခုခံအားကျ ကာလသား ကူးစက်ရောဂါ(HIV/AIDS) ပိုးရှိသူတွေ
  • ပြင်းအားမြင့် (သို့မဟုတ်) အချိန်ကြာမြင့်စွာ စတီးရွိုက်(Steroid) ဆေးတွေနဲ့ ဆေးကုသမှုခံယူနေရသူတွေ
  • တခြားအကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားနည်းနေကြသူတွေ
  • လတ်တလောမှာ Covid-19 ရောဂါပိုးရှိသူ အများစုမှာ Mucormycosis မှိုရောဂါရှိနေတယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့လည်း Covid-19 ရောဂါကြောင့်လား (သို့မဟုတ်) တခြားအကြောင်းတွေကြောင့် မှိုရောဂါဖြစ်တာလားဆိုတာကိုတော့ အခုအချိန်ထိ မသိရှိရသေးပါဘူး။

ရောဂါဘယ်လို ကူးစက်နိုင်သလဲ

  • ပတ်ဝန်းကျင်နေရာအနှံ့အပြားမှာ တွေ့ရှိရပြီး လူအများစုက မှိုတွေကို ုအသက်ရှုရင်း မည်သို့မျှ မခံစားရဘဲ ဝင်လေနဲ့အတူ ရှူသွင်းမိကြပါတယ်။
  • ကိုယ်ခံအားနည်းသူတွေက အသက်ရှူလမ်းကြောင်းကတစ်ဆင့် မှိုတွေကို ရှူသွင်းမိတဲ့အခါ နှာခေါင်း ၊ အာခေါင်၊ အဆုတ်တွေမှာ မှိုရောဂါဖြစ်ပွားတတ်ပါတယ်။
  • တခြားသောသူတွေက အရေပြားရောဂါ ရှားရှားပါးပါး ဖြစ်တတ်ကြပါတယ်။ အရေပြားရောဂါက အများစုက အရေပြား ပေါက်ပြဲဒဏ်ရာ ရရှိပြီးမှသာ ဖြစ်ပွားတတ်တာဖြစ်ပါတယ်။
  • မှိုရောဂါက လူတစ်ဦးကနေ လူတစ်ဦးဆီကို ကူးစက်ပျံ့နှံ့ခြင်း မရှိပါ။
  • တခြားသော ရှားပါးဖြစ်ရပ်တွေက အစာအိမ်နဲ့ အူလမ်းကြောင်းမှာလည်း မှိုရောဂါဖြစ်ပွားနိုင်တာကို တွေ့ရှိရပါတယ်။

ရောဂါလက္ခဏာတချို့

  • အများစုက ဘယ်(သို့မဟုတ်) ညာဘက် တစ်ခြမ်း မျက်နှာ (သို့မဟုတ်) မျက်လုံး ယောင်ယမ်းခြင်း။
  • အများစုက ဘယ် (သို့မဟုတ်) ညာဘက် တစ်ခြမ်း မျက်နှာနာခြင်း (သို့မဟုတ်) ခေါင်းကိုက်ခြင်း ။
  • အများစုက ဘယ် (သို့မဟုတ်) ညာဘက် တစ်ဖက်ခြမ်း မျက်လုံး နီရဲခြင်း။
  • နှာခေါင်းပေါ် (သို့မဟုတ်) ပါးစပ်ပေါ်မှာ အမည်ရောင် ပျဉ်ချပ်အလိုက် ပေါ်လာခြင်း။ အဲ့ဒီလိုပေါ်လာခြင်းမျိုးတွေဖြစ်ပါက ကျန်းမာရေးစောင့်ရှောက်သူ (ဆရာဝန်) ဆီကို အမြန်ဆုံး ပြသဖို့ လိုအပ်ပါတယ်။
  • မှိုရောဂါကြောင့် ဖျားခြင်း။
  • ဖျားခြင်း၊ ခေါင်းကိုက်ခြင်း ရောဂါလက္ခဏာတွေက Covid-19 အပါအဝင် တခြားသော ရောဂါတွေမှာလည်း တွေ့ရလေ့ရှိတဲ့ ရောဂါလက္ခာတွေ ဖြစ်ပါတယ်။ Mucormycosis မှိုရောဂါရှိ၊ မရှိ အတည်ပြုနိုင်ရန်အတွက် ဓါတ်ခွဲစမ်းသပ်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ကာကွယ်နိုင်တဲ့ နည်းလမ်း

  • ကျန်းမာရေးကောင်းတဲ့ လူအများစုမှာ Mucormycosis မှိုရောဂါခံစားရနိုင်ခြေ အင်မတန်နည်းပါးပါတယ်။ Mucormycosis မှိုရောဂါအတွက် ကာကွယ်ဆေး မရှိပါ။
  • မိမိကိုယ်ကို ရောဂါဖြစ်ပွားမှုကနေ လျော့နည်းစေဖို့အတွက် ပတ်ဝန်းကျင်က ဆောက်လုပ်ရေး လုပ်ငန်းခွင်ကဲ့သို့သော ဖုန်ထူတတ်တဲ့ နေရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။
  • စိုစွတ်မှောင်မည်းတဲ့ အဆောက်အဦးတွေ (ဥပမာ- ရေကြီးရေလျှံခြင်း၊ မုန်တိုင်းဒဏ်ခံရခြင်းတွေကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦးတွေကို ရှောင်ကြဉ်သင့်ပါတယ်။)
  • မြေကြီးနဲ့ အနီးကပ် ထိတွေ့ ကိုင်တွယ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
  • အပြင်ထွက်ပါက ခြေလက်တွေကို ဖုံးအပ်တဲ့ အဝတ်အစားတွေကို လုံခြုံအောင် ဝတ်ဆင်ပါ။
  • အရေပြား အနာဖြစ်ပါက ဆပ်ပြာနဲ့ ရေကိုအသုံးပြုပြီး ဒဏ်ရာရရှိတဲ့ နေရာကို သန့်ရှင်းအောင် ဆေးကြောပါ။

ကုသနိုင်တဲ့ နည်းလမ်း

  • Mucormycosis မှိုရောဂါကို မှိုရောဂါကုသဆေးတွေနဲ့ ကုသနိုင်ပြီး အဲ့ဒီဆေးတွေကို ကျန်းမာရေးစောင့်ရှောက်ပေးသူ (ဆရာဝန်) ညွှန်ကြားချက်အတိုင်းသာ သောက်သုံးသင့်ပါတယ်။
  • တစ်ခါတစ်ရံ နှာခေါင်းနဲ့ မျက်လုံးတစ်ဝှိုက်မှာ ဖြစ်ပွားတတ်တဲ့ မှိုရောဂါကို ခွဲစပ်ကုသရန် လိုအပ်တတ်ပါတယ်။
  • မှိုရောဂါကုသဆေးတွေကို နည်းလမ်း မှန်ကန်စွာ သောက်သုံးခြင်း မပြုပါက ဆိုးကျိုးတွေ ခံစားရတတ်တဲ့အတွက် ကုသဆေးတွေကို မိမိသဘောနဲ့ သောက်သုံးခြင်းမျိုး မပြုလုပ်သင့်ပါ။

Source- World Health Organization
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top