ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးတေးဂီတပညာရှင်ဖြစ်လာခဲ့တဲ့ ရီဟားနား

6-8-2021-yyl06.jpg

ပေါ့ပ်စတားတစ်ဉီးဖြစ်တဲ့ ရီဟားနား (Rihanna)ရဲ့အသားတင်ဝင်ငွေက ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁.၇ ဘီလျံရှိပါတယ်။ အဲဒါကြောင့်ပဲ အခုဆိုရင် သူဟာ ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးဂီတပညာရှင်ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ဂီတတစ်ခုတည်းကတင် သူ့ရဲ့ကြွယ်ဝချမ်းသာမှုရဲ့အရင်းအမြစ်မဟုတ်ဘူးလို့ သြဂုတ်လ ၄ ရက်နေ့မှာ Forbes မဂ္ဂဇင်းက ပြောကြားခဲ့ပါတယ်။

ရီဟားနားက သူ့ရဲ့Fenty Beauty အလှကုန်ရဲ့ ၅၀ ရာခိုင်နှုန်းကနေ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံရခဲ့တာဖြစ်တယ်လို့ Forbes က ထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ကြွယ်ဝချမ်းသာမှုအားလုံးက Savage x Fenty lingerie ကုမ္ပဏီရဲ့ရှယ်ယာနဲ့ အဆိုတော်မင်းသမီးအဖြစ်လုပ်ကိုင်တဲ့ဝင်ငွေကနေ ဖြစ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

LVMH ကုမ္ပဏီက တစ်ဝက်ပိုင်တဲ့ ရီဟားနားရဲ့အလှကုန်ကုမ္ပဏီကို ၂၀၁၇ခုနှစ်မှာ တည်‌ထောင်ခဲ့ပြီး အဲဒီအချိန်က မြင်တွေ့ရခဲယင်းတဲ့ Skin Tone 50 အတွက် အလှကုန်တွေ ထုတ်လုပ်ခဲ့တာကြောင့် လူကြိုက်များခဲ့ပါတယ်။ အဲဒါကပဲ အလှကုန်လောကမှာ နာမည်ရလာစေခဲ့တာပါ။

ရီဟားနားက ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးဖျော်ဖြေရေးသမားအနေနဲ့ကတော့ ပထမနေရာမှာ ရှိနေတဲ့ အော်ဖရာ ဝင်းဖရေး (Oprah Winfrey) ပြီးရင် ဒုတိယနေရာမှာရပ်တည်နေပါတယ်။

Ref: AsiaOne “Rihanna is officially a billionaire, Forbes says”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top