သီအိုရီအသစ်: ကျွန်တော်တို့ဟာ ဂြိုဟ်သားများကို ဘယ်တော့မှတွေ့နိုင်မှာမဟုတ်ပါဘူး

ifwefindetdo.jpg

ဒီအကြောင်းကို ပြောတာ ခဏခဏရှိပါပြီ။ စကြဝဠာကြီးဟာ အလွန်ကိုကြီးမားပြီးတော့ သက်ရှိများဖြစ်ထွန်းဖို့အတွက် အလားအလာရှိတဲ့ဂြိုဟ်ပေါင်း မရေမတွက်နိုင်အောင် ရှိပါတယ်။ ဒါပေမဲ့ အခြား သက်ရှိတွေ ဘယ်ရောက်နေပါသလဲ။ သူတို့ကို ဘာကြောင့်မတွေ့သေးတာလဲ။

“Where is everybody?” ဆိုတဲ့ မေးခွန်းကို ဖာမီအရှုတ်အထွေး (Fermi Paradox) လို့ခေါ်ပါတယ်။ စကြဝဠာအတွင်းမှာ မဆိုပါနှင့်၊ ကျွန်တော်တို့ ဂလက်ဆီအတွင်းမှာကို ကြယ်ပေါင်း ဘီလီယံရာဂဏန်းရှိပြီးတော့ သူတို့ကိုလှည့်ပတ်နေတဲ့ဂြိုဟ်များလည်း ဘီလီယံချီပြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ အခုထိ အသိညဏ်မြင့်ဂြိုဟ်သားအဖွဲ့အစည်းများကို မကြုံတွေ့ရသေးပါဘူး။ ဒီမေးခွန်းဟာ ကောင်းမွန်တဲ့မေးခွန်းတစ်ခုဖြစ်ပြီးတော့ မျိုးဆက် (၂) ဆက်ခန့်တိုင်အောင် သိပ္ပံပညာရှင်များဟာ တိကျတဲ့ အဖြေကို မပေးနိုင်သေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး သီအိုရီပေါင်းများစွာရှိပါတယ်။

“Where is everybody?” ဆိုတဲ့ မေးခွန်းကို ဖာမီအရှုတ်အထွေး(Fermi Paradox) လို့ခေါ်ပါတယ်

ဂြိုဟ်သားများဟာ အိပ်စက်အနားယူ(hibernate)နေတယ်လို့ အချို့ကပြောပါတယ်။ ဒါမှမဟုတ် ပဟေဠိဖြစ်စရာ တစ်စုံတစ်ခုက သူတို့ မျိုးဆင့်ပြောင်းလဲခြင်းကို တားဆီးထားတယ်လို့လဲ ပြောကြပါတယ်။ ဒါမှမဟုတ် သူတို့ဟာ ကျွန်တော်တို့နဲ့ လုံးဝမဆက်ဆံချင်သေးလို့လဲဖြစ်နိုင်တယ်လို့ ဆိုကြပြန်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်းက ရုရှားက National Research University of Electronic Technology (MIET) မှ သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒပညာရှင်တစ်ဦးဖြစ်သူ Alexander Berezin က ကျွန်တော်တို့ဟာ “First in, last out” ဖြစ်နေတယ်ဆိုတဲ့ အဖြေတစ်ခုကို တင်သွင်းလာပါတယ်။ သူရဲ့ ဒီစာတမ်းကို အခြားသိပ္ပံပညာရှင်အသိုင်းအဝိုင်းက review မလုပ်ရသေးပါဘူး။ ဒီ pre-print စာတမ်းမှာ ဖော်ပြချက်အရ ဂြိုဟ်သား သို့မဟုတ် အခြား သက်ရှိအဖွဲ့အစည်းများရဲ့ ဖြစ်တည်မှုဟာ အလွန်ကျဉ်းမြောင်းတယ်လို့ ဆိုပါတယ်။သက်ရှိအဖွဲ့အစည်းများအတွက် အာကာသအတွင်းခရီးသွားခြင်းဆိုတဲ့ interstellar travel များဟာ မဖြစ်မနေရောက်ရှိရမယ့် အခြေအနေတစ်ရပ်မဟုတ်ဘူးလို့ ဆိုပါတယ်။

အခြားသက်ရှိအဖွဲ့အစည်းများဟာ ကျွန်တော်တို့လို ဇီဝဗေဒဆိုင်ရာသက်ရှိများလဲ ဖြစ်နိုင်ပါတယ်။ သူတို့ကို ဖန်တီးထားသူတွေကို ပြန်လည်တွန်းလှန်နိုင်ခဲ့တဲ့ AI တွေလဲဖြစ်နိုင်ပါတယ်၊ Solaris မှာ Stanislaw Lem ဖော်ပြခဲ့သလို ဂြိုဟ်အရွယ်အစားခန့်အထိ ကြီးမားဖြန့်ကျက်ထားတဲ့ သက်ရှိအဖွဲ့အစည်းများလဲဖြစ်နိုင်ပါတယ်လို့ Berezin က ဆိုပါတယ်။ ဒါပေမဲ့ သူတို့ဟာ သူတို့နေထိုင်ရာ ဂြိုဟ်အပြင်ဘက်ကိုထွက်ပြီး ခရီးနှင်ဖို့အတွက် ကြိုးပမ်းချင်မှ ကြိုးပမ်းပါလိမ့်မယ်။

Parameter A ကို လုံးဝရောက်မနေနိုင်တာလဲဖြစ်သလို များစွာကျော်လွန်ပြီးဖြစ်တဲ့ Parameter X,Y,Z များအထိလဲ ရောက်နှင့်ပြီးဖြစ်နိုင်ပါတယ်

အခုလို ဂြိုဟ်သားများကို ကျွန်တော်တို့လိုက်လံရှာဖွေနေခြင်းဟာ ကျွန်တော်တို့က သူ့တို့ကို physical အတိုင်းအတာအရ ဘယ်လို parameter တစ်ခုအထိ စံပြုရှာဖွေမလဲဆိုတာနဲ့လဲ သက်ဆိုင်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ အခုစံထားရှာဖွေနေတဲ့သက်ရှိအဖွဲ့အစည်းဆိုတာဟာ Parameter “A” ဖြစ်ပြီး စကြဝဠာအတွင်း ခရီးသွားနိုင်တဲ့ အဆင့်အတန်းကို ဆိုလိုပါတယ်။ တကယ်လို့ သက်ရှိများဟာ အဆိုပါ Parameter A ကို လုံးဝရောက်မနေနိုင်တာလဲဖြစ်သလို များစွာကျော်လွန်ပြီးဖြစ်တဲ့ Parameter X,Y,Z များအထိလဲ ရောက်နှင့်ပြီးဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ဟာ အဆိုပါသက်ရှိအဖွဲ့အစည်းများကို ဘယ်တော့မှ တွေ့နိုင်မှာမဟုတ်ပါဘူး။ အကြောင်းအရင်းကတော့ ကျွန်တော်တို့က သူတို့ကို ရှာဖွေမနေလို့ဖြစ်တယ်လို့ Berezin က ဆိုပါတယ်။

သက်ဆိုင်ရာ စာမူ Antimatter ဟာ အမှုန်သတ္တိကော လှိုင်းသတ္တိကော ရှိတယ်လို့ အတည်ပြုနိုင်ခဲ့ပါပြီ။ အဲ့ဒါကြောင့် တကယ်လက်တွေ့ အာကာသအတွင်းခရီးနှင်နိုင်ခဲ့တဲ့ အဖွဲ့အစည်းများဟာလဲ သူတို့ရဲ့ နယ်ချဲ့မှုများကို ထပ်မံအားဖြည့်ဖို့အတွက် သူတို့နဲ့ ပြိုင်ဘက်များအားလုံးကို ချေမှုန်းပြီးလည်းဖြစ်နိုင်ပါတယ်လို့ Berezin က hypothesis တစ်ခုအနေနဲ့ ဆိုထားပါတယ်။

ကျွန်တော်တို့ဟာ ဒီ interstellar age ကို ပထမဆုံး ရောက်လာတဲ့ အဖွဲ့အစည်းလဲဖြစ်ပြီးတော့ နောက်ဆုံးမှ ထွက်ခွာမယ့် အဖွဲ့အစည်းလဲဖြစ်နိုင်ပါတယ်

တကယ်လို့ ကျွန်တော်တို့ဟာ ပုရွတ်ဆိတ်များဖြစ်ကြမယ်ဆိုရင် ကျွန်တော်တို့ထက်များစွာကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုက လာရောက်ဖျက်စီးသွားလိမ့်မယ်လို့ ယူဆနိုင်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ဟာ ပုရွတ်ဆိတ်များမဟုတ်ကြဘဲ အာကာသခရီးသွားလာခြင်းကို စတင်တွေ့ရှိတဲ့အဖွဲ့အစည်းလဲဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီ interstellar age ကို ပထမဆုံး ရောက်လာတဲ့ အဖွဲ့အစည်းလဲဖြစ်ပြီးတော့ နောက်ဆုံးမှ ထွက်ခွာမယ့် အဖွဲ့အစည်းလဲဖြစ်နိုင်ပါတယ်။ ဒါကြောင့် First in, last out လို့ သူက ဆိုလိုခြင်းဖြစ်ပါတယ်။

Berezin ရဲ့ စာတမ်းဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး ကျွန်တော်တို့ ဘာကြောင့် အခုထိ အခြား သက်ရှိများကို မတွေ့ရသေးသလဲဆိုတာကို ဘက်ပေါင်းစုံက ရှင်းလင်းပြောကြားထားပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူသုံးသပ်ထားတဲ့အချက်အရတော့ ကျွန်တော်တို့လို အာကာသအနီးနားပတ်ဝန်းကျင်ကို ခြေဆန့်နိုင်ခဲ့ပြီဆိုရင်တောင် ကျယ်ပြောလှတဲ့ စကြဝဠာကြီးအတွင်း သွားရောက်နယ်ချဲ့ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ အနီးဆုံး ကြယ်ဟာ ကျွန်တော်တို့ဆီကနေ အလင်းနှစ် (၄) နှစ်စွန်းစွန်းဝေးကွာပါတယ်။ ဒါဟာ အနီးဆုံးကြယ်ပဲရှိပါသေးတယ်။ အခြားကြယ်များဆိုရင် အလင်းနှစ် သန်းချီပြီးဝေးကွာပါတယ်။ တကယ်လို့ ကျွန်တော်တို့ဟာ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းများထဲကအတိုင်း light speed travel နည်းပညာများ၊ wormhole များကို ဘယ်တော့မှ အသုံးမပြုနိုင်ဘူးဆိုရင် ဆက်လက် စဉ်းစားစရာမရှိတော့ပါဘူး။

အချို့သော သက်ရှိအဖွဲ့အစည်းများအတွက် အာကာသခရီးသွားလာခြင်းဟာ စိတ်ဝင်စားစရာဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်လို့ Berezin က ဆိုပါတယ်။

ဒီဆောင်းပါးကိုတော့ Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top