ဟိုင်နန်ကျွန်းမှာ ရေတပ်လေကျင့်မှုတွေ ထပ်မံပြုလုပ်တဲ့ တရုတ်

china-to-carry-out-more-military-drills-in-south-china-sea-e1551584253581.jpg

အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘောတွေ တောင်တရုတ်ပင်လယ် အတွင်းကို ရောက်ရှိလာတာကြောင့် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းအနီးမှာ တရုတ်ရေတပ်ရဲ့ လေကျင့်မှုအသစ်တွေ စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲဗုဒ္ဓဟူးနေ့က ဘိုအာအို ဖိုရမ် ကျင်းပပြီးသွားချိန်မှာ စစ်ရေးလေကျင့်မှုတွေကို စတင်ခဲ့တာဖြစ်ပြီး ဟိုင်နန်ကျွန်း ကမ်းရိုးတန်းတောင်ပိုင်းမှာ သုံးရက်ကြာ ဆက်လက်ပြုလုပ်မယ်လို့ တရုတ် ဂလိုဘယ်တိုင်းမ် သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဟိုင်နန်ကမ်းရိုးတန်း တောင်ပိုင်း ရေပိုင်နက်ကို ခရီးမသွားရဇုန်အဖြစ် သတ်မှတ်ထားသလို ရေတပ်လေကျင့်မှု မတိုင်ခင် ရေပိုင်နက်အတွင်း ကန့်သတ်မှုတွေလည်း လုပ်ခဲ့တယ်လို့ အဆိုပါသတင်းစာက ဖော်ပြထားပါတယ်။

စစ်ရေးလေကျင့်မယ့် နေရာအနီးမှာ လေယာဉ်တင်သင်္ဘော နှစ်စင်းနဲ့ အထက် ဝင်ရောက်နိုင်တဲ့ ဟိုင်နန်မြို့ ဆန်ရာ ဆိပ်ကမ်းရှိပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ပင်လယ်အတွင်း စစ်ရေး လေကျင့်မှုကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဗုဒ္ဓဟူးနေ့အထိ ပထမအကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဂြိုလ်တု ဓါတ်ပုံတွေရဲ့ ဖော်ပြချက်အရ အခုပြုလုပ်မယ့် ရေတပ်လေကျင့်မှုမှာ လေယာဉ်တင်သင်္ဘော Liaoning အပါဝင် ရေတပ်သင်္ဘော ၄၃ စင်း ဖြန့်ကြက် ချထားတယ်လို့ သိရပါတယ်။ တရုတ် လေတပ်ဟာ ရေတပ်လေကျင့်ရေးအတွက် ခေတ်မီ တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ ဩစတြေးလျ Nine သတင်းစာက ဖော်ပြခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင့်ကလည်း တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံအချုပ်ခြာ ပိုင်နက် ပြဿနာနဲ့ ပတ်သက်လို့ အမေရိကန်အနေနဲ့ တွန်းအားပေးလို့ မရဘူးလို့ ဆိုထားပါတယ်။ တောင်တရုတ်ပင်လယ် အတွင်း တရုတ်နိုင်ငံရဲ့ နိုင်ငံတကာရေပိုင်နက်က ၉၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုထားပါတယ်။ အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘော RooSevelt တောင်တရုတ်ပင်လယ် ထဲကိုရောက်ရှိလာချိန်မှာ အမေရိကန် ရဲ့လှုပ်ရှားမှုတွေကို တရုတ်နိုင်ငံက မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Ref: www.upi.com

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top