အနာဂတ်မှာ ဖုန်းတွေကို ခေါက်ချိုးလို့ ရနိုင်တော့မလားဆိုတဲ့ အတွေးကို ပေးလိုက်တဲ့ ခေါက်ချိုးနိုင်တဲ့ OLED မျက်နှာပြင်နည်းပညာ

Red-Bull-Can-phone-concept-2.jpg

ထိုင်ဝမ်ရဲ့ Industrial Technology Research Institute (ITRI) ကနေ ခေါက်ချိုးနိုင်တဲ့ AMOLED မျက်နှာပြင်အမျိုးအစားကို ဗီဒီယိုအတိုလေး ၁ ခုနဲ့အတူ စတင်မိတ်ဆက်လိုက်ပါတယ်။ ITRI က သူတို့ရဲ့ဒီမျက်နှာပြင်ပုံစံဟာ စီးပွားရေးဈေးကွက်ကို လျင်လျင်မြန်မြန်ပဲ ထိုးဖောက်နိုင်လိမ့်မယ်လို့ ပြောကြားထားပါတယ်။ videoထဲမှာ တွေ့ရပုံအရတော့ အချောသတ်ထုတ်ကုန်ကိုရဖို့ ကြာဦးမယ်လို့ ခန့်မှန်းရပါတယ်။

တာရှည်ခံနိုင်မှု ဆိုတဲ့ အချက်က လက်ရှိမှာ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းတွေရဲ့ အဓိက စွမ်းဆောင်ရည်တွေထဲက ၁ ခု ဖြစ်ပြီး ဒီအချက်ကပဲ ပထမဆုံးထွက်ပေါ်လာမယ့် Flodable deviceအတွက် အတားအဆီး ၁ ခု ဖြစ်လာလိမ့်မယ်လို့ ဆမ်ဆောင်းမိုဘိုင်းလ်ရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ D J Koh ကပြောကြားသွားပါတယ်။ ITRI ကရော ဒါကို ကျော်လွှားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။

ITRI ရဲ့ မျက်နှာပြင်က ပွန်းပဲ့မှုဒဏ်ကို ခံနိုင်ရည်ရှိပြီး တစ်ကီလိုရှိတဲ့ steel wool friction ကိုလည်း အကြိမ် ၅ သောင်းကျော် တောင့်ခံနိုင်ပါသေးတယ်။ ဘောင်တွေက မျှော်လင့်ထားတဲ့အတိုင်း ခေါက်ချိုးမှုဒဏ်ကို ခံနိုင်ပြီး အကြိမ်ပေါင်း ၂ သိန်းထိတောင် ခေါက်ချိုးလို့ ရတယ်လို့ ဆိုထားပါတယ်။ တစ်နေ့ကို အကြိမ် ၁၅၀လောက် ဖုန်းကို စစ်ကြည့်တယ်လို့ ယူဆကြပါစို့။ (စစ်ကြည့်တယ်ဆိုတဲ့အထဲမှာ ဖုန်းကို ပိတ်ခြင်း ဖွင့်ခြင်းကိုပဲ ဆိုလိုတာဖြစ်ပြီး ဖုန်းscreenကို အမြဲ ဖွင့်ထားတာကို မဆိုလိုပါဖူး။) ဒါဆိုရင် ၄နှစ်နီးပါးလောက်(ရက်ပေါင်း ၁၃၃၃ရက်)ထိ ကြာကြာ ခံနိုင်ရည်ရှိမယ်လို့ ခန့်မှန်းလို့ရပါတယ်။ အကယ်၍ ကျွန်တော်တို့က ၁နှစ်မှာ အကြိမ် တစ်သောင်းလောက် ဖုန်းကို အဖွင့်အပိတ်လုပ်မယ်ဆိုရင်တောင် နှစ်၂၀လောက်ထိတောင် ခံမယ်လို့ ယူဆလို့ ရနေပါတယ်။ တခြားတစ်ဘက်မှာလဲ android updates တွေကို ၁၈လကနေ ၂၄လ လောက်ထိ မြင်ကြရဦးမှာ ဖြစ်ပါတယ်။

ဒီလိုဆန်းသစ်တဲ့ ဖုန်းမျိုး အစား ဆွဲဆောင်မှုမရှိ၊ လိုက်လျောညီထွေမှုမရှိ၊ ကျယ်ပြန့်မှုမရှိတဲ့ Deviceတွေကို သုံးမှာလားလို့ မေးလာတဲ့အခါ မသုံးပါဘူး လို့ ဖြေကြမှာကတော့ သချာသလောက် ရှိနေပါတယ်။

Ref: Android Authority

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top