ရီးရဲလ်နဲ့ပွဲကစားမယ့် ဘာစီလိုနာအသင်း ကစားသမားစာရင်းမှာ မက်ဆီ ပါဝင်

b1.jpg

ရီးရဲလ်နဲ့ ကစားရမယ့် စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွက် ဘာစီလိုနာအသင်း ကစားသမားစာရင်းမှာ အသင်းခေါင်းဆောင် မက်ဆီ ပါဝင်လာပါတယ်။ မက်ဆီဟာ ဗလင်စီယာနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပေါင်ဒဏ်ရာရခဲ့လို့ ကုသမှုခံယူခဲ့ရပေမဲ့ ပွဲပြီးအောင် ဆက်ကစားခဲ့သူပါ။

မက်ဆီရဲ့ ဒဏ်ရာှုနဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းက ဆေးမှတ်တမ်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းမရှိလို့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မြန်မာစံတော်ချိန် ၂ နာရီခွဲမှာ ကစားမယ့် ဘာစီလိုနာ-ရီးရဲလ်ပွဲစဉ်မှာ မက်ဆီ ပါဝင်ဖို့ မသေချာဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာ မက်ဆီက လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ရီးရဲလ်နဲ့ပွဲကစားမယ့် ဘာစီလိုနာအသင်း ကစားသမားစာရင်းမှာ ပါဝင်လာပါပြီ။

မက်ဆီ ပါဝင်လာမယ့်အတွက် အဲဒီပွဲစဉ်အပေါ် စိတ်ဝင်စားမှု မြင့်တက်လာလိမ့်မယ်လို့ ရီးရဲလ်နည်းပြ ဆိုလာရီက ပြောပါတယ်။ မက်ဆီ ပါဝင်လာပေမဲ့ အဲဒီပွဲစဉ်အတွက် သူ့ရဲ့ပြင်ဆင်မှုကို သက်ရောက်မှုမရှိဘူးလို့ ဆိုလာရီက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top