ပရီးမီးယားလိဂ်မှာ ကစားနိုင်စွမ်း ရှိနေသေးတယ်ဆိုတဲ့ ရွန်နီ

f1.jpg

ပရီးမီးယားလိဂ်မှာ ကစားနိုင်စွမ်း ရှိနေတုန်းပဲလို့ မန်ယူတိုက်စစ်မှူးဟောင်း ရွန်နီက ပြောပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိတဲ့ ရွန်နီဟာ မန်ယူ၊ အဲဗာတန်အသင်းတွေမှာ အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့သူပါ။ ပြီးခဲ့တဲ့ရာသီက မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဒီစီယူနိုက်တက်အတွက် ပွဲ ၂၀ ကစားရာမှာ ၁၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

မေဂျာလိဂ်ပြိုင်ပွဲမှာ သူ့ရဲ့စွမ်းဆောင်မှုတွေကြောင့် သူ့အပေါ် ဝေဖန်သူတွေကို အံ့အားသင့်ခဲ့ရတယ်လို့ ရွန်နီက ဆိုပါတယ်။ ” အရိုးသားဆုံးပြောရရင်တော့ ဘက်စုံအရည်အသွေးရှိလို့ ပရီးမီးယားလိဂ်မှာ ကျွန်တော် ကစားနိုင်စွမ်းရှိနေဆဲပါပဲ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းယုံကြည်သူပါ။ ရည်မှန်းချက် ကြီးမားပါတယ်။

မေဂျာလိဂ်မှာ ကောင်းကောင်းခြေစွမ်းပြနိုင်မယ်လို့ မျှော်လင့်ပြီး အသင်းပြောင်းလာတာပါ။ သူတို့ရဲ့အထင်နဲ့ တက်တက်စင်လွဲချော်ခဲ့လို့ တချို့လူတွေတော့ အံ့အားသင့်နေမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ သံသယမရှိပါဘူး”လို့ ရွန်နီက ပြောပါတယ်။ ရွန်နီဟာ မေဂျာလိဂ်ပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ရွေးချယ်ခံခဲ့ရသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top