ONE: A New Era ပြိုင်ပွဲကြီးကို လက်မလွတ်တမ်း ကြည့်ရှုသင့်သည့်အကြောင်းရင်းများ

4edff257-1701-4d1c-b776-0392da4408391.jpg

ONE Championship သည် မတ်လ (၃၁) ရက်နေ့၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ၎င်း၏ ကိုယ်ခံပညာသမိုင်းတွင် အကြီးမားဆုံးသောပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲကို ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲများတွင် အကောင်းဆုံးသောပွဲဟူ၍လည်း ဆိုကြသည်။

ONE: A NEW ERA ပြိုင်ပွဲကြီးတွင် ဒုတိယအဓိကတွဲဆိုင်းအပါအဝင်၊ ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲ ၄ ခုနှင့်အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ပွဲဦးထွက်ပြိုင်ပွဲ (၂) ခု ပါ ပါဝင်ယှဉ်ပြိုင် တင်ဆက်သွားမည်ဖြစ်သည်။ ထိုမျှသာမက ထူးခြားရင်ခုန်ဖွယ်ကောင်းသော kickboxing ပွဲစဉ်များဖြစ်သည့် Andy Souwer နှင့် Yodsanklai IWE Fairtex ယှဉ်ပြိုင်မည့် ပြိုင်ပွဲများလည်းပါဝင်သွားမည်ဖြစ်ကာ ဂျပန်နိုင်ငံ၏ အမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံလောကတွင် ကျော်ကြားသော Mei Yamaguchi သည်လည်း ပါဝင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ဤပွဲကြီးကို လက်မလွတ်တမ်း စောင့်ကြည့်သင့်သည့် အကြောင်းရင်းများကိုသိစေရန်အတွက် ထိပ်တန်းတွဲဆိုင်းများကို ဖော်ပြသွားပါမည်။

အဓိကတွဲဆိုင်း

ONE လိုက်ဝိတ် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ Eduard Folayang (ချန်ပီယံ) နှင့် Shinya Aoki
ကိုယ်ခံပညာသိုင်းပေါင်းစုံ ၇၇.၁ ကီလိုတန်း

ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့်ပွဲတွင် “မကျေပွဲနွှဲ” သည် ဟူသော စကားသည် ရေပန်းစားလျက်ရှိသည်။ မကျေပွဲနွှဲရန် တွဲဆိုင်း ၃ ခုရှိပြီး ထိုပွဲများအနက်
ONE လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံပြိုင်ပွဲသည် အကြီးကျယ်ဆုံးဖြစ်သည်။

ပြီးခဲ့သော ၂၀၁၆ ခုနှစ် နိုဝင်ဘာလက လက်ရှိ ONE လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ပိုင်ဆိုင်ထားသော Eduard Folayang သည် Shinya Aoki နှင့် ၎င်း၏ ပထမဆုံး တွေ့ဆုံယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့သည်။ ထိုအချိန်က Aoki သည် ချန်ပီယံတစ်ဦးဖြစ်ခဲ့ကာ လိုက်ဝိတ်တန်းတွင်ရင်ဆိုင်တွေ့သော ကစားသမားမှန်သမျှကို အနိုင်ယူနိုင်ခဲ့သောကြောင့် ရှုံးပွဲမရှိ၍ ၎င်းကို အနိုင်ရယူရန် ခက်ခဲသည်ဟု တွေးမြင်ကြသည်။ သို့သော် Aoki သည် ကစားကွက်ပါးနပ်၍ လေ့ကျင့်ရည်ပြည့်ဝသော Folayang ကိုမူ မဖြိုလှဲနိုင်ခဲ့ချေ။ ပြိုင်ဘက်အပေါ် အဆက်မပြတ် ဖိအားပေးမှုများပြုလုပ်နိုင်ခဲ့သောကြောင့် Folayang သည် အနိုင်ရရှိခဲ့ကာ ၎င်း၏ ပထမဆုံးချန်ပီယံခါးပတ်ကို ရရှိခဲ့သည်။

Folayang သည် ချန်ပီယံဆုကို စွန့်လွှတ်ခဲ့ရပြီး တဖန်ပြန်လည်ရယူရန်နိုင်ခဲ့ချိန်၌ တစ်ဖက်တွင်လည်း Aoki သည် အောင်မြင်မှုအထွဋ်အထိပ်ကို ပြန်လည်ရောက်ရှိရန် မိမိကစားသမားဘဝ၏ အခက်ခဲဆုံး ပြိုင်ပွဲများနှင့် ရင်ဆိုင် ခဲ့ရသည်။ ယခုအခါ Aoki သည် ၎င်းကို အနိုင်ပိုင်းခဲ့သောကစားသမားကို ပြန်လည်ရင်ဆိုင်၍ ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် စိန်ခေါ်သွားမည်ဖြစ်သည်။ ထိုစိန်ခေါ်ပွဲကို Aoki သည် ၎င်းချစ်သော ပြည်သူပရိသတ်များရှေ့ ဂျပန်နိုင်ငံတွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ထိုပွဲစဉ်သည် တွဲဆိုင်းအားလုံးထဲတွင် အခမ်းနားဆုံးပုံစံဖြင့် အကြိတ်အနယ်ယှဉ်ပြိုင်သွားမည့်ပွဲဖြစ်သောကြောင့် အဓိကတွဲဆိုင်းအနေနှင့် ကြည့်ကောင်းမည့်ပွဲတစ်ပွဲဖြစ်သည်။

ဒုတိယအဓိကတွဲဆိုင်း
ONE အမျိုးသမီးစတောဝိတ်ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ Xiong Jing Nan (ချန်ပီယံ) နှင့် Angela Lee
ကိုယ်ခံပညာသိုင်းပေါင်းစုံ ၅၆.၇ ကီလိုတန်း

အဓိကတွဲဆိုင်းသည်အလွန်ထူးခြားသကဲ့သို့ပင် ဒုတိယအဓိကတွဲဆိုင်းတွင် ချန်ပီယံ ၂ ဦး အကြိတ်အနယ် ယှဉ်ပြိုင်ရမည့်ပွဲသည် ပို၍ ထူးခြားသည်ဟု ဆိုနိုင်ပေမည်။ ONE အမျိုးသမီးအက်တမ်ဝိတ်ကမ္ဘာ့ချန်ပီယံ Angela Lee သည် ၎င်း၏ ရှုံးပွဲမရှိသော ပရော်ဖက်ရှင်နယ်မှတ်တမ်းကို စွန့်စားကာ စတောဝိတ်တန်းကို တစ်ဆင့်တက်၍ ONE အမျိုးသမီး စတောဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် Xiong Jing Nan ကို စိန်ခေါ်သွားမည်ဖြစ်သည်။

Lee သည် ပြီးခဲ့သောပြိုင်ပွဲ (၂) ခုတွင် နာမည်ကျော် ဂျပန်ကစားသမား Mei Yamaguchi အနိုင်ရခဲ့ပြီးဖြစ်သည်။ သို့သော် ကစားကွက်ပြင်းထန်သော Xiong နှင့် ယှဉ်ပြိုင်သွားရမည့် ယခုပွဲစဉ်သည် Lee အတွက် အကြီးကျယ်ဆုံးသော စိန်ခေါ်မှုဟုဆိုနိုင်သလို လက်ရှိကစားသမားသက်တမ်းတစ်လျှောက် ပရိတ်သတ်ကို ဆွဲဆောင်မှုအပေးနိုင်ဆုံးသော ပွဲတစ်ပွဲဟုဆိုလျှင်လည်း မမှားပေ။

Xiong သည် ONE အဖွဲ့အစည်းသို့ စတင်ဝင်ရောက်ချိန်မှစ၍ ပြိုင်ဘက်မှန်သမျှကို အသားစီးရယူ အနိုင်ပိုင်းခဲ့သည်ချည်းဖြစ်သည်။ ၎င်းသည်လည်း အခက်ခဲဆုံး စမ်းသပ်မှုတစ်ခုကို ရင်ဆိုင်ရမည်ဖြစ်သည်။ မည်သည့် ကမ္ဘာ့အဆင့် ကိုယ်ခံပညာကစားသမားသည် အောင်မြင်မှုကို ဆွတ်ခူးပြီး ကြိုးဝိုင်းအတွင်းမှထွက်လာမည်ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

ဒုတိယအဓိကတွဲဆိုင်း
ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ အောင်လအန်ဆန် (ချန်ပီယံ) နှင့် Ken Hasegawa
ကိုယ်ခံပညာသိုင်းပေါင်းစုံ ၉၃ ကီလိုတန်း

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ယခုပြိုင်ပွဲကြီးတွင် မကျေပွဲနွှဲသော ပြိုင်ပွဲများဖြင့် ပြည့်နှက်နေသည်။ ၂၀၁၈ ခုနှစ်တွင် ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့်
ဂျပန်ကစားသမား Ken Hasegawa တို့သည် တစ်နှစ်တာအတွက် အကောင်းဆုံးတွဲဆိုင်းကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အောင်လသည် ထိုပွဲကြီး၏ ပဉ္စမမြောက်အချီတွင် ပြိုင်ဘက်ကိုအလဲထိုး၍ ၎င်း၏ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သလို Hasegawa သည်လည်း အကောင်းဆုံးယှဉ်ပြိုင်ခဲ့သည်။ယခုအခါ Hasegawa သည် မြန်မာ့စပါးအုံး အောင်လနှင့် ထပ်မံရင်ဆိုင်သွားမည်ဖြစ်သော်လည်း ယခုပြိုင်ပွဲကြီးကိုမူ စိန်ခေါ်သူ Ken ၏ အမိမြေတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အောင်လသည် ၎င်း၏ စွမ်းရည်ကို ထပ်တိုးပြသနိုင်မည်လော သို့တည်းမဟုတ် Hasegawa သည် အောင်လ၏ ဟာကွက်ကိုရှာ၍ ၎င်း၏ ပရိသတ်အင်အားကိုသုံးကာ အောင်လ၏ ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူနိုင်မည်လော။ ထိုကစားသမား (၂) ဦး၏ ဒုတိယအကြိမ်တွေ့ဆုံပွဲကြီးသည်လည်း ပရိသတ်၏ အာရုံကို ဖမ်းစားထားနိုင်မည်မှာ အသေအချာပင်ဖြစ်သည်။

ဒုတိယအဓိကတွဲဆိုင်း
ONE ဘန်တန်ဝိတ်ကမ္ဘာ့ချန်ပီယံချန်ပီယံပြိုင်ပွဲ Kevin Belingon (ချန်ပီယံ) နှင့် Bibiano Fernandes
ကိုယ်ခံပညာသိုင်းပေါင်းစုံ ၆၅.၈ ကီလိုတန်း

နောက်ထပ်မကျေပွဲနွှဲမည့်ပြိုင်ပွဲတစ်ခုလည်းရှိပါသေးသည်။ ယခုပြိုင်ပွဲသည် ပွဲစဉ်အတွင်း တတိယမြောက်တွဲဆိုင်းဖြစ်ကာ ONE ဘန်တန်ဝိတ်ကမ္ဘာ့ချန်ပီယံ Kevin Belingon နှင့် Bibiano Fernandes တို့ ရင်ဆိုင်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

Belingon သည် ၂၀၁၈ ခုနှစ်အတွင်း Fernandes နှင့် ပထမဆုံးယှဉ်ပြိုင်ခဲ့သည့်ပြိုင်ပွဲတွင်
ချုပ်ကွက်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ Fernandes အနေဖြင့် ဘန်တန်ဝိတ်တန်းတွင် ကာလကြာရှည်စွာ နိုင်ပွဲများရယူထားနိုင်သောကြောင့် ယခုကဲ့သို့ ချန်ပီယံခါးပတ်လုပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပေးခဲ့ခြင်းသည်။

Belingon ၏ အောင်နိုင်မှုသည် Fernandes အနိုင်ရရှိစဉ်ကထက် အမှတ်အနေအထား ကွာခြားမှုနည်းသောကြောင့် ဖိလစ်ပိုင်ကစားသမား Belingon အနေဖြင့် ၎င်း၏ အရည်အချင်းကို သက်သေပြရန် လိုအပ်လျက်ရှိသည်။ ဘရာဇီးကစားသမား Fernandes အနေဖြင့်လည်း ၎င်း၏ ချန်ပီယံခါးပတ်ကို ပြန်လည်ရယူရန် ဆန္ဒရှိနေသည်။ ကစားသမား၂ ဦးလုံးသည် ယခုပွဲစဉ်ကို အနိုင်ရယူရန် အလွန်ပင် စိတ်ဆန္ဒပြင်းပြလျက်ရှိသည်။ ပြိုင်ပွဲကြီးအများစုတွင် ယခုကဲ့သို့ ပွဲစဉ်ကို အဓိကတွဲဆိုင်းအဖြစ်ကျင်းပကြသော်လည်း မတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ယခုပြိုင်ပွဲကြီးတွင်တော့ ပထမဆုံး ဒုတိယအဓိကတွဲဆိုင်းအဖြစ် ကျင်းပသွားမည်ဖြစ်သည်။

ONE ဖလိုင်းဝိတ် ကမ္ဘာ့ Grand Prix ( ကွာတားဖိုင်နယ်)
Demetrious Johnson နှင့် Yuya Wakamatsu
ကိုယ်ခံပညာသိုင်းပေါင်းစုံ ၆၁.၂ ကီလိုတန်း

ဖလိုင်းဝိတ်ကိုယ်ခံပညာသိုင်းပေါင်းစုံ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ၁၂ ကြိမ်တိုင်တိုင် ရရှိထားသော နာမည်ကျော်ကစားသမား Demetrious “Mighty Mouse” Johnson ၏ ပွဲဦးထွက်ပြိုင်ပွဲသည်
ချန်ပီယံလုပွဲမဟုတ်သည့် ပွဲစဉ်အဖြစ်ပါဝင်သွားမည်ဖြစ်သည်။ ၎င်း၏ ပရော်ဖက်ရှင်နယ် ပွဲဦးထွက်ပြိုင်ပွဲကို အိမ်ရှင်ကစားသမားဖြစ်သူ Yuya Wakamatsu နှင့် ရင်ဆိုင်သွားရမည်ဖြစ်ပြီး အဆိုပါ ပွဲစဉ်သည် ကိုယ်ခံပညာသိုင်းပေါင်းစုံ သမိုင်းတွင် ပရိတ်သတ် စိတ်ဝင်စားမှုအရရှိဆုံး ပြိုင်ပွဲတစ်ခုဖြစ်လာမည်မှ အသေအချာပင်ဖြစ်သည်။

Johnson ကိုကမ္ဘာတစ်လွှားရှိ ဘက်စုံထူးချွန်သော ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားများထဲမှ အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် ယခုအချိန်ထိ လူအများက လက်ခံထားကြသလို ၎င်းသည်လည်း Wakamatsu နှင့် ယှဉ်ပြိုင်ရမည့်ပွဲကို စောင့်မျှော်လျက်ရှိသည်။

ONE လိုက်ဝိတ် ကမ္ဘာ့ Grand Prix (ကွာတားဖိုင်နယ်)
Eddie Alvarez နှင့် Timofey Nastyukhin
ကိုယ်ခံပညာသိုင်းပေါင်းစုံ ၇၇.၁ ကီလိုတန်း

“The Underground King” Eddie Alvarez သည်လည်း Johnson ကဲ့သို့ပင် အလားတူအခြေအနေမျိုးကို ရင်ဆိုင်လျက်ရှိသည်။ ၎င်းသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံချန်ပီယံခါးပတ်ကို အကြိမ်ကြိမ်ရရှိထားသူဖြစ်ကာ ယခုအခါ ONE Championship တွင် ပွဲဦးထွက်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကာ အောင်နိုင်မှုများအရယူသွားတော့မည်ဖြစ်သည်။

Alvarez သည် ရုရှားကစားသမား Timofey Nastyukhin ကို ONE လိုက်ဝိတ်ကမ္ဘာ့ Grand Prix ၏ ပထမပွဲစဉ်တွင် ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ၎င်းသည် မကြာမီတွင် ONE ၏ ချန်ပီယံခါးပတ်ကို စိန်ခေါ်သွားနိုင်ရန် ရည်မှန်းထားကာ အကြီးဆုံးကမ္ဘာ့ကိုယ်ခံပညာအဖွဲ့အစည်းကြီး သုံးခု၏ ကမ္ဘာ့ချန်ပီယံခါးပတ်တိုင်းကို ရယူပိုင်ဆိုင်နိုင်သည့် ပထမဆုံး ကစားသမားဖြစ်လာရန် ကြိုးပမ်းသွားမည်ဖြစ်သည်။

Nastyukhin သည် Alvarez အတွက် ပထမဆုံးကြုံတွေ့ရမည့် အခက်အခဲတစ်ခုဖြစ်ပြီး ၎င်းသည် အကြံ့ခိုင်ဆုံးနှင့် အန္တရာယ်အများဆုံးကစားသမားနှင့်သာ ရင်ဆိုင်ချင်သည်ဟု အစဉ်တစိုက် တောင်းဆိုနေခဲ့သူဖြစ်သည်။ Nastyukhin သည် ထိုအရည်အချင်းများနှင့် ကိုက်ညီသော ပြိုင်ဘက်ကောင်းတစ်ဦးဖြစ်သည်။ ၎င်းတို့၏ပွဲစဉ်ကို စိတ်လှုပ်ရှားဖွယ်ကောင်းသော ပြိုင်ပွဲတစ်ခုအဖြစ် ပရိသတ်များက မျှော်လင့်စောင့်စားလျက်ရှိကြပါသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top