ကမ်းခြေမှာ ဓာတ်ပုံရိုက်နေတဲ့စုံတွဲကြားထဲ ဝင်ရှုပ်ခဲ့တဲ့ Aquaman

48421774_2279994215552405_9220285484377309184_n.jpg

ကေတီ (Katie Meyers) နဲ့ဘရန်ဒန် (Brandon) တို့စုံတွဲဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဟာဝိုင်ယီကမ်းခြေမှာ မင်္ဂလာပွဲကျင်းပအပြီး အမှတ်တရဓာတ်ပုံရိုက်နေခဲ့ကြတာပါ။ ကံကောင်းချင်တော့ သူတို့ဓာတ်ပုံရိုက်နေတဲ့အချိန်မှာ Aquaman မင်းသား ဂျေဆင် မိုမိုအာ(Jason Momoa) က သူ့မိသားစု သူငယ်ချင်းတွေနဲ့ကမ်းခြေဘက်ကို လမ်းလျှောက်ထွက်လာရင်းနဲ့ကေတီတို့အတွဲကို တွေ့သွားတာပါ။

“အမှန်တော့ ဒါကြိုတင်စီစဉ်ထားတာ မဟုတ်ဘူးရှင့်။ ကျွန်မတို့က မင်္ဂလာပွဲပြီးသွားတော့ ကျောက်ဆောင်တွေနားမှာ ဓာတ်ပုံရိုက်မယ်ဆိုပြီး ဓာတ်ပုံဆရာတွေနဲ့ကေတီ အတွဲကို ဓာတ်ပုံရိုက်ပေးနေတုန်း ဂျေဆင်နဲ့ သူ့သူငယ်ချင်းတွေက ကျွန်မတို့နားကို ရောက်ချလာပါလေရော။ သူတို့က “Congratulations” လို့တောင် ဝမ်းသာအားရ ဂုဏ်ပြု နေသေးတယ်” လို့မင်္ဂလာပွဲစီစဉ်တဲ့ကုမ္ပဏီက ကရီနား ကူပါး (Carina Cooper) ကပြောပါတယ်။

ကေတီတို့အတွဲကို ဓာတ်ပုံရိုက်ပေးတဲ့ ဓာတ်ပုံဆရာ အဲရစ်ကတော့ “ ကျွန်တော်က ဂျေဆင်ကို ကေတီတို့ဓာတ်ပုံတွေထဲမှာ Photobomb (ဓာတ်ပုံရိုက်တဲ့အခါ တမင်ဝင်ရှုပ်) ပေးလို့ရမလားလို့မေးတော့ သူက ပျော်ပျော်ရွှင်ရွှင်ပဲ လက်ခံခဲ့တယ်။ ဖြစ်ချင်တော့ အဲဒီနားမှာ ကလေးတစ်ယောက်က ခက်ရင်းခွကို ကိုင်ပြီးဆော့နေတာဗျ။ အဲဒါနဲ့ဂျေဆင်က အဲဒီကလေးဆီက ခက်ရင်းခွကိုႈွား၊ ပြီးတော့ Aquaman ရေထဲက တက်လာသယောင်ယောင် ပိုစ့်တွေပေးပြီး ဓာတ်ပုံတွေထဲ ဝင်ရှုပ်ပေးတော့တာပဲ”
“ကျွန်တော့်မှာ ယုံတောင်မယုံနိုင်ဘူးဗျာ။ ဂျေဆင် ဟာဝိုင်ရီရောက်နေမှန်းလည်းမသိဘူး။ ဒီလိုမျိုး ဓာတ်ပုံဝင်ရိုက်ပေးမယ်လို့လည်း မထင်ထားဘူး။ တော်တော်ပျော်ရတယ်ဗျ” လို့အသစ်စက်စက် သတို့သား ဘရန်ဒန်ကလည်း မီဒီယာတွေကို ပျော်ရွင်စွာ ပြောကြားခဲ့ပါတယ်။

ကေတီကလည်း “သူ့ (ဂျေဆင်) ကို ဒီလို ယဉ်ယဉ်ကျေးကျေးနဲ့ ချိုသာပြီး နှစ်လိုဖွယ်ကောင်းတဲ့သူတစ်ယောက်အဖြစ် တွေ့လိုက်ရတာ ကျွန်မတို့တော့ ပျော်ပါတယ်။ ကျွန်မတို့မင်္ဂလာနေ့လေးကို ပိုပြီး ပျော်ရွှင်ဖို့ကာင်းအောင်လုပ်ပေးသွားတဲ့အတွက် တော်တော်ကျေးဇူးတင်မိတယ်” လို့ပြောပါတယ်။

အမှန်တော့ ဂျေဆင်ဟာ ဟာဝိုင်ရီကို သူ့ရဲ့ရုပ်ရှင်ဇာတ်ကားသစ် “Aquaman” မိတ်ဆက်ပွဲအတွက် ရောက်ရှိနေတာ ဖြစ်ပါတယ်။ ကေတီတို့နဲ့ဓာတ်ပုံအရိုက်ခံအပြီးမှာ သူငှားထားတဲ့ ခက်ရင်းခွပေါ်မှာ အမှတ်တရလက်မှတ်ရေးထိုးပေးပြီး ပိုင်ရှင်ကလေးငယ်ကို ပြန်ပေးခဲ့ပါတယ်။ အဲဒီကလေးငယ်နဲ့လည်း ဓာတ်ပုံအတူရိုက်သွားပါသေးတယ်။
ကိုယ့်မင်္ဂလာပွဲနေ့မှာ ဟောလိဝုဒ်နာမည်ကြီးမင်းသားတစ်ယောက်က ပျော်ပျော်ရွှင်ရွှင် ဓာတ်ပုံဝင်ရိုက်ပေးသွားတာမျီုး ဘယ်သူကမပျော်ပဲ ရှိမှာလဲနော်။ ကေတီတို့ကတော့ ကံကောင်းတဲ့ စုံတွဲပါပဲ။ ရိုးရာလေးရဲ့ပရိသတ်ကြီးရော Aquaman ရုပ်ရှင် ကြည့်ပြီးကြပြီလား။ ကိုယ့်မင်္ဂလာပွဲနေ့မှာ ဘယ်နာမည်ကြီးမင်းသား၊ မင်းသမီးနဲ့ အခုလိုဓာတ်ပုံ အရိုက်ခံချင်ကြလဲ ဆိုတာ ပြောသွားပါဦး။

Ref: Lad Bible “Jason Momoa Hilariously Photobombs Couple’s Wedding Photos on Beach”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top