စာဖတ်ပရိသတ်တွေ မြင်ဖူးတဲ့ မျိုးစပ်သတ္တဝါတွေ ရှိကြလား။ အခုဆိုရင် ခြင်္သေ့ထီးနဲ့ ကျားမ မျိုးစပ်ပြီး ပေါက်ဖွားလာခဲ့တဲ့ အမေရိကန်နိုင်ငံက (၇၀၅) ပေါင်ရှိတဲ့ Liger အမျိူးအနွယ် အက်ပိုလိုလို့ အမည်ရတဲ့ သတ္တဝါကြီးရှိနေပါပြီ။
သူ ဘယ်လောက်ကြီးမားလည်းဆိုရင် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်တဲ့သူတွေဖြစ်တဲ့ မိုက်ခ် ဟော်စတန် (Mike Holston ) နဲ့ ကိုဒီ အန်တယ် (Kody Antle) က အက်ပိုလိုကို တောင်ကယ်ရိုလိုင်းနားပြည်နယ်က မာတယ်လ်ကမ်းခြေမှာ လမ်းလျှောက်ထွက်ရင်း ရိုက်ထားတဲ့ပုံတွေမှာ မြင်တွေ့ရနိုင်ပါတယ်။

Apolloနဲ့ သူ့ရဲ့မွေးချင်းအစ်ကို သုံးကောင်
Ligerအမျိုးအစားတွေထဲမှာတောင် အက်ပိုလိုက ရှားပါးမျိုးနွယ်ဖြစ်ပါတယ်။ အဖြူရောင်ခြင်္သေ့ထီးနဲ့ အဖြူရောင်ကျားမတို့ကနေ ၂၀၁၃ခုနှစ်မှာ မွေးဖွားခဲ့တဲ့ သူနဲ့ သူ့ရဲ့မွေးချင်းအစ်ကို သုံးကောင်တို့က ကမ္ဘာပေါ်မှာ ပထမဆုံး အဖြူရောင် Liger မျိုးစပ်သတ္တဝါတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အက်ပိုလိုက အသေးဆုံးဖြစ်ပြီး အိမ်မွေးကြောင်ပေါက်လေးတွေလို ပြုမူတယ်လို့ သူ့ရဲ့ပိုင်ရှင်တွေက ဆိုပါတယ်။

အက်ပိုလိုရဲ့ဦးလေးတော်စပ်သူ ဟာကျူလီ
ကမ္ဘာ့ဂင်းနက်စ်စံချိန်တွေက အက်ပိုလိုရဲ့ဦးလေးတော်စပ်သူ ဟာကျူလီက ကမ္ဘာ့အကြီးဆုံးသက်ရှိကြောင်ကြီးလို့ ဆိုထားပါတယ်။ ဟာကျုလီက ပေါင် (၉၀၀) ကျော် အလေးချိန်ရှိပြီး သူ ခြေထောက်ရပ်လိုက်ရင် (၁၁) ပေ အမြင့်ရှိပါတယ်။ သူက အမဲသား (သို့) ကြက်သား ပေါင် (၂၀) လောက်ကို နေ့စဉ်စားသုံးတယ်လို့ သိရပါတယ်။

Apollo
အက်ပိုလိုကို မြင်သွားခဲ့ကြတဲ့ အင်စတာဂရမ်အကောင့်အသုံးပြုသူတွေက “အပြင်လောကရဲ့တကယ့် The Lion Kingပဲ”, “လှလိုက်တဲ့သက်ရှိသတ္တဝါကြီးပဲ”ဆိုပြီး အံ့သြမင်သက်စွာနဲ့ ချီးကျူးခဲ့ကြပါတယ်။
Ref: Dailymail “Now that’s a big cat! Apollo the liger weighs 705lbs, ‘eats anything in sight’ and has been compared to a sabre-toothed tiger”
WL (ရိုးရာလေး)