ဘေရွတ်မြို့ ပေါက်ကွဲမှုမှာ ပျောက်ဆုံးသူ ၁၀၀ ကျော်ကို ရှာဖွေနေ

6-8-2002-yyl-009.jpg

ပြီးခဲ့တဲ့အင်္ဂါနေ့က လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်မြို့ ဆိပ်ကမ်းတစ်ဝိုက် ပြိုကျပျက်စီးစေခဲ့တဲ့ ဧရာမပေါက်ကွဲမှုကြီးအပြီး ပျောက်ဆုံးနေသူ ၁၀၀ ကျော်ကို ကယ်ဆယ်ရေးသမားတွေက လိုက်လံရှာဖွေနေကြပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၀၀ သေဆုံးပြီး လူ ၄၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် တစ်မြို့လုံး တုန်ခါခဲ့ပြီး မှိုပွင့်ပုံ မီးခိုးလုံးကြီး ဖြစ်ပေါ်စေခဲ့ပါတယ်။ ဂိုဒေါင်မှာ မလုံမခြုံ သိမ်းဆည်းထားတဲ့ အမိုးနီးယန်းနိုက်ထရိတ်တန်ချိန် ၂၇၅၀ ကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ လက်ဘနွန်သမ္မတ အေအွန်က ပြောပါတယ်။ အမိုးနီးယန်းနိုက်ထရိတ်ကို စိုက်ပျိုးရေးလုပ်ငန်းမှာ ဓာတ်မြေသြဇာအဖြစ် အသုံးပြုပေမဲ့ ဖောက်ခွဲရေးပစ္စည်းအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ပေါက်ကွဲမှုကြောင့် တုန်ခါမှုဒဏ်ကို မိုင် ၁၅၀ ကွာဝေးတဲ့ မြေထဲပင်လယ်အရှေ့ပိုင်း ဆိုက်ပရက်စ်ကျွန်းကတောင် ခံစားခဲ့ရပြီး ငလျင်လှုပ်ခတ်တယ်လို့ ထင်ခဲ့မိကြောင်း ဆိုက်ပရက်စ်ကျွန်းဒေသခံတွေက ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top