ရှောင်လင် ဘုန်းကြီးများ၏ လေ့ကျင့်မှု

yyl-027-5.jpg

ရှောင်လင် ဘုန်းကြီးကျောင်းများတွင် လေ့ကျင့်သင်ကြားသော ရှောင်လင် ကွန်ဖူးပညာသည် ကိုယ်ခံပညာကို ထိပ်တန်းပညာရပ်တစ်ခုပင် ဖြစ်သည်။ စာဖတ်ပရိတ်သတ်များ ငယ်စဉ်ကပင် ကြားဖူးနေသော ထို ရှောင်လင် ကွန်ဖူးပညာသည် ယနေ့ထိတိုင် နေ့စဉ် လေ့ကျင်သင်ကြားရေး စည်းစနစ်များဖြင့် ထိပ်တန်းပညာရပ်တစ်ခုအဖြစ် ဆက်လက် ရပ်တည်လျှက်ရှိသည်ကို စာရေးသူ လေ့လာဖတ်ရှုလိုက်သည်။ ဗဟုသုတ ရစေရန် အတွက် ပြန်လည် ဝေမျှ ပေးလိုက်သည်။

ရှောင်လင် ဘုန်းကြီးကျောင်းသားများသည် လက်ရုန်းရည် ကြံ့ခိုင်ခြင်းသည် စိတ်ကလာသည်ဟု ယုံကြည်ကြသူများဖြစ်ကာ သူတို့ လေ့ကျင့် သင်ကြားချိန်တွင် ခန္တာကိုယ်ရဲ့ နာကျင်ခြင်းကို စိတ်ဖြင့် ထိန်းချုပ် ကျော်လွှားခြင်းဖြင့် လေ့ကျင်ကြသည်။

ထို့ကြာင့် ရှောင်လင်ကျောင်း၏ လေ့ကျင့်သင်ကြားမှု ပုံစံများတွင် ခန္တာကိုယ်၏ ချုပ်နှောင်မှုကို လွန်ဆန်သော လေ့ကျင့်မှု ကျင့်စဉ်များဖြင့် အခြေခံထားသည်။

သူတို့လေ့ကျင့် သင်ကြားမှု နည်းပညာသည် ဟန်ချက်ညီခြင်း၊ ခွန်အားရှိခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ ကိုယ်ခံပညာရပ်တတ်မြောက်ခြင်း အစရှိသည်တို့ စုပေါင်း ဗဟိုပြုကာ အဆင့်လိုက် သင်ကြား လေ့ကျင့်ရခြင်း ဖြစ်သည်။

လေ့ကျင့်ရေး ကျောင်းသားများသည် မယုံကြည်နိုင်လောက်သော နာကျင်မှုများကို အံတုကာ မရွံ့ မဆုတ် အချိန်ပေါင်းများစွာ ကာလကြာရှည်စွာ လေ့ကျင့်ရသည်။

သူတို့၏ လေ့ကျင့် လှုပ်ရှားမှု အနေအထား လုပ်ထုံးလုပ်နည်းများသည် ရှေးခေတ် တရုတ်ဆေးပညာ၏ ခန္တာဗေဒ အယူအဆများကို အခြေခံထားခြင်းဖြစ်သည်။

သူတို့သည် ခန္တာကိုယ်သည် စိတ် နှင့် ဝိညာဉ်က ပြောသည့် ရှေ့ပြေးလက္ခဏာများအတိုင်း ကြံ့ကြံ့ခံနိုင်သည်ဟု အပြည့်အဝ လက်ခံယုံကြည်ကြသည်။

ဆိုလိုသည်မှာ စိတ်က မနာကျင်ဘူးဟု တွေးနေလျှင် ခန္တာကိုယ်၌ နာကျင်ခြင်း မဖြစ်ပေါ် လာတော့ပေ ဟု စိတ်၏ လွမ်းမိုးမှု စွမ်းအားကို လေ့ကျင့်ကြခြင်းဖြစ်သည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top