ဂရိတ်ဝေါပေါ်မှာ Star Wars မှ Stormtrooper အကောင် (၅၀၀) လမ်းလျှောက်

12138440_971592086217377_5657562421584093259_o.jpg

Star Wars ရုပ်ရှင်ကို အမေရိကန်မှာ စပြီးတော့ ရုံတင်နေပါပြီ။ ကြိုတင် လက်မှတ် ရောင်းချတဲ့ အခါမှာလည်း နေ့ချင်း ညချင်း ကုန်တဲ့အထိ အောင်မြင်နေပါတယ်။ တရုတ်ပြည်မှာ မကြာမှီ ရက်ပိုင်း ပြသတော့မှာ ဖြစ်တဲ့ ရုပ်ရှင် အတွက် Disney ဟာ ဈေးကွက် မြှင့်တင်ရေး ဘတ်ဂျတ် မြောက်များစွာ အသုံးပြုလျက် ရှိပါတယ်။

ဈေးကွက် မြှင့်တင်ရေး ဘတ်ဂျက် အသုံးပြုမှု အထူးခြားဆုံး အနေဖြင့် Star Wars ထဲက ဇာတ်ကောင်များ ဖြစ်တဲ့ Stormtrooper များကဲ့သို့ အဝတ် တန်ဆာများ ဝတ်ဆင်စေပြီး ဂရိတ်ဝေါပေါ်မှာ ဇာတ်ကားထဲကလို စီတန်း လမ်းလျှောက်စေခြင်း ဖြစ်ပါတယ်။ ယင်း လမ်းလျှောက်မှု ပြကွက်ကို လူအများ စိတ်ဝင်စားပြီး ကြည့်ရှုခဲ့ကြပါတယ်။ ညီညီညာညာ လမ်းလျှောက်ပြီး ဈေးကွက် မြှင့်တင်ရေး ဆင်းဖို့ အတွက် စစ်သားများကို အခကြေးငွေဖြင့် ငှားယူထားခြင်း ဖြစ်ကြောင်းလည်း ခန့်မှန်းထားကြ ပါတယ်။

ဂရိတ်ဝေါပေါ် မမျော်လင့်တဲ့ ပြကွက်ကြောင့် အလည်အပတ် ရောက်နေသူများဟာလည်း ယင်း Stormtrooper များနဲ့ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြ ပါတယ်။ Star Wars ထဲက လက်နက်များဖြင့်လည်း ဓာတ်ပုံများ ရိုက်ကူးရန် စီစဉ်ပေးခဲ့ကြ ပါတယ်။

Star Wars အနေနဲ့ ကမ္ဘာ့လူဦးရေ အများဆုံး န်ိုင်ငံ ဖြစ်တဲ့ တရုတ်ပြည်မှာ ၎င်းတို့ ရုပ်ရှင် လက်မှတ် အရောင်းရဆုံး ဖြစ်အောင် စီမံချက်ချလို့ ဈေးကွက် ချဲ့ထွင်နေခြင်း ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top