လည်ပင်းတစ်ဝိုက် အသားရေကျစ်လျစ်တင်းရင်းချင်ရင်

14-1-2021-yyl18.jpg

ကပ်ရောဂါအတွင်းမှာ အိမ်တွင်းအောင်းနေရပေမဲ့ အကောင်းဘက်ကနေကြည့်ရင် ကျွန်မတို့ရဲ့အသားရေကို ထိန်းသိမ်းဖို့အတွက် အချိန်ပိုရတယ်မလား။ မျက်နှာနဲ့လည်ပင်းတစ်ဝိုက်က အသားရေတွေ လျော့ရဲရဲမဖြစ်ဘဲ ကျစ်လျစ်တင်းရင်းစေချင်ကြတဲ့သူတော်တော်များများရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုထိန်းသိမ်းရမလဲ၊ ဘယ်လိုကုသရမလဲမသိဖြစ်နေကြတာပါ။ လည်ပင်းက အရေပြားတွေက ခန္ဓာကိုယ်တစ်ခုလုံးက အရေပြားထက် အကြမ်းမခံနိုင်ကြပါဘူး။ ဒါကြောင့် သေချာဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။ လည်ပင်းတစ်ဝိုက် အသားရေကို ကျစ်လျစ်တင်းရင်းစေဖို့ အကူအညီဖြစ်စေတဲ့ နည်းလမ်းတွေကတော့

တစ်ချိန်လုံး ဖုန်းသုံးနေတာကို ရပ်တန့်လိုက်ပါ

သင့်လည်ပင်းကို အဆက်မပြတ် ဆန့်လိုက်၊ ကွေ့လိုက်၊ အမျိုးမျိုးပြောင်းလဲနေတာက လည်ပင်းအရေပြားမှာ အရေးအကြောင်းတွေဖြစ်လာစေနိုင်ပါတယ်။ ဖုန်းသုံးတဲ့အခါ ဖုန်းကြည့်တဲ့အခါ လည်ပင်းကလည်း ငြိမ်ငြိမ်မနေရပါဘူး။ အမျိုးမျိုးအလုပ်လုပ်ရပါတယ်။ ဒါကြောင့် တစ်ချိန်လုံးဖုန်းသုံးတာကို ရပ်တန့်ပေးဖို့ လိုပါတယ်။ လည်ပင်းအကြောလျော့ပေးမယ်ဆိုရင်လည်း အသားရေလျော့ရဲတာတွေမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

နေ့တိုင်း လည်ပင်းကိုလည်း Moisturiser လိမ်းပေးပါ

မျက်နှာကို Moisturiser လိမ်းပေးသလို၊ လက်နဲ့ခြေထောက်တွေကို လိုရှင်းလိမ်းပေးသလို လည်ပင်းကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ လည်ပင်းအသားရေအတွက်လည်း Moisturiser လိမ်းပေးသင့်ပါတယ်။ လည်ပင်းမှာ အသားရေလျော့ရဲတာ၊ အရေးကြောင်းဖြစ်တာတွေကို ကာကွယ်ဖို့အတွက် လိမ်းပေးသင့်ပါတယ်။ မျက်နှာအသားရေအတွက် သုံးတဲ့ Moisturiser ကိုပဲ လိမ်းပေးလို့ရပါတယ်။ လည်ပင်းအသားရေအတွက် သီးသန့်ထုတ်ပေးထားတဲ့ ခရင်မ်ကို လိမ်းပေးလို့လည်း ရပါတယ်။

လည်ပင်းကိုလည်း Sunscreen လိမ်းပေးပါ

အပြင်ထွက်တဲ့အခါမျိုးမှာ အသားရေကို နေလောင်ဒဏ်ကနေ ကာကွယ်ဖို့အတွက် Sunscreen လိမ်းပေးဖို့လိုပါတယ်။ မျက်နှာနဲ့ လက်တွေကိုပဲ Sunscreen လိမ်းပေးရမှာမဟုတ်ပါဘူး။ လည်ပင်းကိုလည်း လိမ်းပေးဖို့လိုအပ်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းလက္ခဏာရပ်တွေကို ဖြစ်လာစေနိုင်တဲ့ အကြီးမားဆုံးရန်သူက နေရောင်ခြည်ပါပဲ။ နေရောင်ခြည်ကလည်း လည်ပင်းရဲ့နူးညံ့တဲ့တစ်သျူးတွေကို ပျက်စီးစေပြီး အသားရေလျော့ရဲတာတွေဖြစ်လာစေနိုင်ပါတယ်။

အိပ်ရာမဝင်ခင် လည်ပင်းကို သန့်စင်ပေးပါ

နည်းနည်းတော့ အချိန်ယူရမယ့်ဆိုပေမဲ့ မျက်နှာကို သန့်စင်ပေးသလို လည်ပင်းကိုလည်း သန့်စင်ပေးသင့်ပါတယ်။ လည်ပင်းကို မသန့်စင်ပေးဘူးဆိုရင် လည်ပင်းမှာ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တဲ့အသားရေကို ဖြစ်စေနိုင်ပါတယ်။

လည်ပင်းကိုလည်း အသားရေ treatment လုပ်ကြည့်ပါ

လည်ပင်းအသားရေအတွက် treatment တစ်ခုခုလုပ်ချင်ရင် Chemical Peeling (လည်ပင်းက အရေပြားကို ပိုကောင်းစေတဲ့နည်းပညာ)၊ micro-needling (Collagen ဓာတ်ဝင်ရောက်စေတဲ့ကုထုံး)၊ လေဆာကုထုံးတို့နဲ့ လုပ်ကြည့်လို့ရပါတယ်။ ဒီနည်းတွေက Collagen ဓာတ်ထုတ်လွှတ်ပေးရင်းနဲ့ အရေးအကြောင်းတွေနည်းသွားအောင်၊ အသားရေကျစ်လျစ်တင်းရင်းသွားအောင် ကူညီပေးပါတယ်။

Ref: This is how to tighten and firm skin around your neck
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top