အသားအရေလေး ကြည်လင်စိုပြေစေဖို့ ကော်ဖီမှုန့် အကျိုးကျေးဇူးများ

coffee-beans-and-grounds-47H8YSU.jpg

ကြည်လင်ဝင်းပပြီး စိုပြေတဲ့ အသားအရေကို မပိုင်ဆိုင်လိုတဲ့သူ မရှိဘူးထင်ပါတယ်။ အသားအရေ ကြည်လင် ဝင်းပ စိုပြေစေတဲ့ Skin Care Products တွေလည်း ဈေးကွက်အတွင်းက တံဆိပ်အမျိုးမျိုး ပုံစံအမျိုးအစား မျိုးစုံ ရွေးချယ်ဝယ်ယူနိုင်နေပြီပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပစ္စည်းတွေက တကယ်ရော ထိရောက်မှုရှိရဲ့လား။

တစ်ခါတလေမှာ ငွေသာကုန်ပြီး အကျိုးမရှိတာတွေလည်း မကြာခဏ တွေ့ဖူး ကြုံဖူးကြမှာပါ။ ဒါကြောင့် ငွေကုန်ကြေးကျလည်း သက်သာပြီး အိမ်တိုင်းမှာလည်းရှိတဲ့ ကော်ဖီလေးနဲ့ အသားအရေ ကြည်လင် ဝင်းပအောင် ဘယ်လိုလုပ်နိုင်သလဲဆိုတာနဲ့ ကော်ဖီရဲ့ အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။

ကော်ဖီမှုန့်မှာ ကဖင်းဓာတ်ပါဝင်တဲ့အတွက် UV ဒဏ်ကို တိုက်ခိုက်ပေးနိုင်တဲ့ ဆဲလ်တွေကို ကူညီပံ့ပိုးပေးပြီး အစောပိုင်းဖြစ်ပေါ်တတ်တဲ့ အရေးအကြောင်းများကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ကဖင်းဓာတ်ဟာ သွေးလည်ပတ်မှုကို မြှင့်တင်ပေးပြီး မျက်နှာပြင်လေးကို သဘာဝအတိုင်း ကြည်လင် စိုပြေ တောက်ပအောင် ဖန်တီးပေးနိုင်စွမ်းလည်း ရှိပါတယ်။ အသားအရေကို တင်းရင်းစေပြီး အမည်းစက်များကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ကော်ဖီဖြင့် Mask ပြုလုပ်နည်း

– အနှစ်ပြုလုပ်ရန် ကော်ဖီမှုန့် တစ်ဇွန်းခန့်နှင့် သဘာဝ ဒိန်ချဉ် တစ်ဇွန်းခန့် ပေါင်းထည့်ပါ။

– နှံ့စပ်အောင် မွှေပေးပြီး မျက်လုံးတစ်ဝိုက်အပါအဝင် သန့်စင်တဲ့မျက်နှာပြင်မှာ သုတ်လိမ်းပေးပါ။

– နာရီဝက်ခန့်ထားထားပါ။

– ရေနွေးနွေးနဲ့ ပြောင်စင်အောင် ဆေးကြောပြီးရင်တော့ ကြည်လင်စိုပြေတဲ့ အသားအရေလေးကို ပိုင်ဆိုင်ရနိုင်ပါပြီ။

ကော်ဖီဖြင့် တိုနာပြုလုပ်နည်း

– ကော်ဖီကို နှပ်၍ အအေးခံပါ။

– လီမွန်ရည်အစက် အနည်းငယ်ကို ထပ်ပေါင်းထည့်၍ ပုလင်းတစ်လုံးအတွင်း ထည့်ထားပါ။

– တိုနာအဖြစ် ပုံမှန်အသုံးပြုပေးပါ။

Ref: The Indian Spot “COFFEE TO BRIGHTEN SKIN”

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top