သင်မသိသေးတဲ့ ကြက်သွန်ဖြူရဲ့ အသုံးဝင်ပုံများ

garlic-on-wooden.jpg

fresh garlic on the wooden table, garlic on a table

ကြက်သွန်ဖြူဟာ ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတော်တော်များများမှာ မပါမဖြစ်ပါဝင်တဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

ဟင်းချက်ရာ ၊ဆီသတ်ရာမှာ ကြက်သွန်ဖြူကို အသုံးပြုသလို လက်ဖက်သုပ်၊ ဂျင်းသုပ် စသဖြင့် အသုပ်များမှာလည်း ငရုတ်သီးစိမ်းနဲ့ အတူတူ စားသုံးကြပါတယ်။

တချို့က ကြက်သွန်ဖြူအလွန်ကြိုက်နှစ်သက်ကြပေမဲ့ အချို့ကတော့ ကြက်သွန်ဖြူစားခြင်းဟာ ခံတွင်းနံခြင်း ၊ချွေးထွက်ရင် အနံအသက်မကောင်းခြင်းစတဲ့ အကြောင်းအရင်းများကြောင့် ရှောင်ကြဉ်ကြပါတယ်။ အမှန်တကယ်တော့ ကြက်သွန်ဖြူဟာ မထင်မှတ်ထားလောက်အောင် အလွန်ဆေးဖက်ဝင်ပါတယ်။

ကြက်သွန်ဖြူမှာ ဗီတာမင် B1၊ B2၊ B3 ၊B6၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီယမ်ဆီယမ်၊ သံဓာတ်တို့အပြင် တခြားခန္ဓာကိုယ်အတွက် များစွာသော အကျိုးအာနိသင်များကို ပေးစွမ်းနိုင်ပါတယ်။ ရိုးရာလေးပရိသတ်တွေအတွက် ကြက်သွန်ဖြူရဲ့ ထူးထူးဆန်းဆန်း အသုံးဝင်ပုံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ကြက်သွန်ဖြူနဲ့ဖော်စပ်ထားတဲ့ ဆေးဝါးများကို နေ့စဉ်သုံးစွဲခြင်းဖြင့် အအေးမိခြင်းနဲ့ ပတ်သတ်တဲ့ရောဂါများကို ကာကွယ်နိုင်ပါတယ်။ အအေးမိနှာစီးနေတယ်ဆိုရင် ကြက်သွန်ဖြူကိုဖျော်ရည်လုပ်ကာ ပျားရည်နဲ့ရောပြီး သောက်သုံးပေးခြင်းဖြင့် အလျင်အမြန် ပျောက်ကင်းသွားစေနိုင်ပါတယ်။

အဖုအပိန့်များထွက်နေပြီး ယားယံနေတယ်ဆိုရင် ကြက်သွန်ဖြူနဲ့ ပွတ်တိုက်ပေးခြင်းဖြင့် သိသိသာသာ ပျောက်ကင်းစေနိုင်ပါတယ်။

လေ့လာချက်တွေအရ ကြက်သွန်ဖြူကို နေ့စဉ် စားပေးခြင်းအားဖြင့် ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေပြီး ခန္ဓာကိုယ်အတွင်းက အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

အားကစားသမားအများစု ကြုံတွေ့ရလေ့ရှိတဲ့ ချွေးထွက်များမှုကြောင့် ယားယံခြင်းနဲ့ ခြေထောက်မှိုစွဲတဲ့ပြဿနာအတွက် ကြက်သွန်ဖြူဟာ အသုံးဝင်ပါသေးတယ်။ ယားယံခြင်းအတွက် ကြက်သွန်ဖြူပါဝင်တဲ့ ရေနွေးလေးနဲ့ ပုံမှန် ခြေထောက်ကို စိမ်ပေးခြင်းအားဖြင့် သက်သာပျောက်ကင်းစေနိင်ပါတယ်။

ရာသီဥတုအပြောင်းအလဲကြောင့် ခံတွင်းအတွင်းမှာ အနာပေါက်ခြင်းကိုလည်း ကြက်သွန်ဖြူကို စားသုံးခြင်းနဲ့ ကုသနိင်ပါတယ်။

ဆံပင်ကျွတ်တဲ့ပြဿနာ ကြုံတွေ့နေရတယ်ဆိုရင် ကြက်သွန်အဖြူအမွှာလေးတွေနဲ့ ပွတ်တိုက်ပေးနိုင်တဲ့အပြင် အုန်းဆီနဲ့ကြက်သွန်ဖြူရောပြီး ဦးရေပြားထိရောက်အောင် လိမ်းပေးကာ ဆံပင်ကျွတ်ခြင်းပြဿနာကို ဖြေရှင်းနိင်ပါတယ်။

ကြက်သွန်ဖြူဟာ ခြင်ပြေးစေပါတယ်။ ကြက်သွန်ဖြူဖျော်ရည်အနည်းငယ်ကို ခြေထောက်တွေ၊ လက်တွေကို လိမ်းပေးရင်၊ ကြက်သွန်ဖြူအမွှာများကို အနီးနားမှာ ထားပေးရင် ခြင်ကိုက်မခံရနိုင်တော့ပါဘူး။

ကြက်သွန်ဖြူဟာ ခန္ဓာကိုယ်တွင်း သွေးသားသန့်စင် အားကောင်းစေပါတယ်။နေ့စဉ် ကြက်သွန်ဖြူနှစ်မွှာကို ရေနွေးနဲ့ ပုံမှန်စားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်ထဲက သွေးသားတွေ ပုံမှန်လည်ပတ်စေပြီး ကြည်လင်စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ကြက်သွန်ဖြူကို ပိုးသတ်ဆေးအဖြစ် အပင်စိုက်ပျိုးရာမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ ကြက်သွန်ဖြူကို ရေ၊ ဓာတုဆေးရည်အဆီ၊ ဆပ်ပြာရည်တို့နဲ့ ရောစပ်ပြီး အပင်တွေကိုဖြန်းပေးခြင်းဖြင့် ပိုးမွှားများရဲ့ အန္တရာယ်ကနေ ကင်းဝေးနိုင်ပါတယ်။

ကြက်သွန်ဖြူဟာ ဝက်ခြံပျောက်စေတဲ့ အကျိုးအာနိသင်တွေများစွာပါရှိပါတယ်။ ဝက်ခြံပေါက်နေတဲ့နေရာတစ်ဝိုက်ကို ကြက်သွန်ဖြူနဲ့ ပွတ်တိုက်ပေးရင် ဘတ်တီးရီးယားပိုးမွှားတွေသေပြီး သက်သာပျောက်ကင်းလာပါလိမ့်မယ်။

Ref:https://ia.wittyfeed.me/…/unbelievable-daily-benefits-of-ga…

Paradise(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top