မလိုလားအပ်တဲ့မေးလ်တွေကို အမြန်ရှင်းထုတ်နိုင်မယ့် နည်းလမ်းများ

emails-list-on-a-laptop-screen-office-background-PWC6FBV.jpg

ရုံးဝန်ထမ်းတစ်ယောက်ဟာ တစ်နေ့မှာ ပျှမ်းမျှ မေးလ် ၁၂၁ စောင်လောက် လက်ခံရရှိပါတယ်။ အဲဒီထဲက အများစုဟာ မလိုအပ်တဲ့မေးလ်တွေ ဖြစ်နေတတ်ပါတယ်။

ဂျီမေးလ်ရဲ့ မလိုချင်တဲ့မေးလ်တွေကို အလိုအလျောက် စစ်ထုတ်ပေးတဲ့စနစ်က တော်တော်များများကို စစ်ထုတ်ပေးပေမယ့်လည်း တချို့တလေကတော့ ကျွန်တော်တို့ရဲ့ ဝင်စာကဏ္ဍထဲသို့ ရောက်လာတတ်ပါတယ်။

ဂျီမေးလ်မှာ မလိုအပ်တဲ့မေးလ်တွေကို ယေဘုယျ စစ်ထုတ်ပေးတဲ့စနစ် အပြင် “inbox zero” ဆိုတဲ့ သေချာစစ်ထုတ်ပေးနိုင်တဲ့ စနစ်လေးလည်း ပါရှိနေပါသေးတယ်။ အဲဒီ inbox zero စနစ်ကို သုံးပြီး စာတွေ အကုန်လုံးကို ဖယ်ရှားပစ်နိုင်ပါတယ်။ ဒီစနစ်ကြောင့် မေးလ်တွေကို နေ့တိုင်း စစ်နေစရာ မလိုဘဲ အရေးကြီးတဲ့မေးလ် ရောက်တာနဲ့ တန်းသိနိုင်ပါတယ်။

ဂျီမေးလ်ရဲ့ နဂိုရှိပြီးသား များပြားလှတဲ့ ဝန်ဆောင်မှုတွေက သင့်ရဲ့ အရေးကြီးတဲ့မေးလ်တွေကို မြန်မြန်ဆန်ဆန် ရရှိစေပါတယ်။ ဒါကြောင့် သင်ရဲ့ အချိန်တွေ အလဟသ မဖြစ်ရလေအောင်၊ မလိုလားအပ်တဲ့ မေးလ်တွေကို စစ်ထုတ်ပစ်ပြီး အရေးကြီးတဲ့ မေးလ် တွေ ရောက်လာတိုင်း သိရှိရအောင်လို့ “inbox zero”ရဲ့ နည်းလမ်း သုံးသွယ် ကို ပြောပြလိုပါတယ်။

၁။ ဝင်စာကဏ္ဍ မှာ ဦးစားပေးစနစ်ကို ဖွင့်ထားပါ

ဦးစားပေးမေးလ် စနစ်က မေးလ်တွေကို စစ်ထုတ်ရာမှာ လွယ်ကူပြီး အကျိုးသက်ရောက်မှုအရှိဆုံး ဖြစ်ပါတယ်။ မေးလ်တွေ ကို ဦးစားပေး အစီအစဉ်လိုက် သတ်မှတ်ထားရင် ဂျီမေးလ်က သင့်ရဲ့ အသုံးပြုမှုကို ဆန်းစစ်နိုင်ပြီး စုဆောင်းရရှိတဲ့ အချက်အလက်တွေအရ သင့်ရဲ့ အရေးကြီးတဲ့မေးလ်တွေကို ခွဲခြားထားနိုင်ပါတယ်။

ဂျီမေးလ်က သင်ဟာ ဘယ်သူ့ဆီက မကြာခဏ မေးလ်တွေ လက်ခံရရှိတယ်၊ ဘယ်မေးလ်တွေကိုတော့ ဖတ်ကြည့်ထားတယ်၊ ဘယ်မေးလ်တွေကိုတော့ စာပြန်ထားတယ်၊ ဘယ်မေးလ်တွေကို စတား ပြထားတယ် ဆိုတဲ့အပေါ်မှာ ဆုံးဖြတ်မှုတွေ ပြုလုပ်ပါတယ်။ အဲဒီဆုံးဖြတ်မှုတွေကတစ်ဆင့် အရေးကြီးတဲ့မေးလ်တွေကို ဦးစားပေး ဝင်စာကဏ္ဍထဲ ထည့်ပေးပါတယ်။

ကျွန်တော်တို့တွေက ဦးစားပေး ဝင်စာကဏ္ဍထဲ မေးလ်တွေ ရောက်မှသာ အကြောင်းကြားမှုကို ရရှိမှာဖြစ်ပြီး တခြားသောမေးလ်တွေကတော့ ပုံမှန်ဝင်စာကဏ္ဍထဲ မှာ သွားရောက်သိမ်းဆည်းထားမှာ ဖြစ်ပါတယ်။

၂။ စကားစမြည်ပြောတာတွေ ကို mute လုပ်ထားပါ

မေးလ်တွေ mute လုပ်ထားခြင်း က တစ်ဦးတစ်ယောက်(သို့) ကုမ္ပဏီတစ်ခုဆီက မေးလ်တွေကို အမြန်ဆုံး ဖယ်ရှားပစ်ဖို့ အကောင်းဆုံး နည်းလမ်းပါ။ Muteဆိုတာကတော့ မေးလ်တွေကို အပြီးတိုင် ဖျက်ပစ်ခြင်းမျိုး မဟုတ်ဘဲ ခေတ္တခဏ ဖွက်ထားပေးတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဥပမာ ကုမ္ပဏီတစ်ခုက သူရဲ့ ကြော်ငြာတွေနဲ့ သင့်ကို နှောင့်ယှက်နေတာမျိုး၊ ၊ ရည်းစားဟောင်းက စာတွေ အဆက်မပြတ် ပို့နေတာမျိုးတွေမှာ muteလုပ်ထားခြင်းက အကောင်းဆုံး ဖြေရှင်းနည်းပါ။

Muteလုပ်ထားတဲ့ မေးလ်တွေ ရောက်လာတဲ့အခါ သင့်ကို အကြောင်းကြားပေးမှာ မဟုတ်တဲ့အပြင် ဝင်စာကဏ္ဍ မှာလည်း တွေ့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အဲဒီမေးလ်တွေက အပြီးတိုင် ဖျက်ပစ်ထားခြင်း မဟုတ်တဲ့အတွက် မေးလ်အကုန်လုံး သိမ်းထားတဲ့ကဏ္ဍမှာတော့ ရှိနေမှာ ဖြစ်ပါတယ်။ “is:muted” ဆိုတဲ့ စကားလုံး ကို အသုံးပြုပြီး mute လုပ်ထားတဲ့ မေးလ်တွေကို အမြန် ရှာကြည့်လို့ ရနိုင်ပါတယ်။

၃။ ကိုယ့်စိတ်ကြိုက် ဘယ်၊ညာ ပွတ်ဆွဲတဲ့ ဝန်ဆောင်မှုကို သတ်မှတ်ပါ

ဘယ်၊ညာ ပွတ်ဆွဲခြင်း က အသုံးပြုရတာ လွယ်ကူတဲ့အပြင် အကျိုးသက်ရောက်မှုလဲ ရှိပါတယ်။ ဝင်စာကဏ္ဍမှာဆိုရင် ဘယ်(သို့)ညာကို ပွတ်ဆွဲလိုက်တာနဲ့ သင့်ရဲ့ မေးလ်တွေကို ခေတ္တဖွက်ထားခြင်း(သို့) ဖျက်ပစ်ခြင်းကို ပြုလုပ်နိုင်ပါတယ်။ ဂျီမေးလ်ရဲ့ နဂိုလုပ်ဆောင်မှုကတော့ မေးလ်ကို ခဏ ဖွက်ပေးတာ ဖြစ်ပြီး သင်က ဖျက်ပစ်ခြင်းစနစ်ကို ပြောင်းလဲ သတ်မှတ်နိုင်ပါတယ်။

ဘယ်၊ညာ ပွတ်ဆွဲခြင်း အနည်းငယ် လုပ်လိုက်ရုံနဲ့ မေးလ် အတော်များများကို ဖယ်ရှားပစ်လိုက်နိုင်ပါတယ်။ မလိုချင်တဲ့ မေးလ်တွေ အတွက်တော့ အမြန်ဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ တခြားအရေးကြီးတဲ့ မေးလ်တွေ ဖတ်ဖို့လည်း အချိန် ပိုရနိုင်ပါတယ်။ မတော်တဆ မေးလ်တစ်ခုကို မှားဖျက်ပစ်မိရင်လည်း ဂျီမေးလ်မှာ ပါဝင်တဲ့ undo ခလုတ်နှိပ်ပြီး ပြန်ရယူနိုင်ပါတယ်။

အထက်ပါလုပ်ဆောင်ချက်တွေကို လုပ်ဆောင်လိုက်ရင် မလိုလားအပ်တဲ့ မေးလ်တွေမှာ အချိန်ဖြုန်းနေရတာကို လျော့ကျစေနိုင်ပြီး အကျိုးရှိတဲ့နေရာတွေမှာ အချိန်ကို ပိုအသုံးချနိုင်လာမှာ ဖြစ်ပါတယ်။

Ref: NewsRepublic

Scarlett(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top