ထိုင်းဘုရင်က ကိုယ်လုပ်တော်ကို ဒုတိယမိဖုရားအဖြစ် တင်မြှောက်ခဲ့လို့ သတင်းထွက်ပေါ်

29-1-2021-yyl-41.jpg

ဝတ်လစ်စလစ်ဓာတ်ပုံတွေ ထွက်လာပြီး လပိုင်းအကြာမှာပဲ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက သူ့ရဲ့ကိုယ်လုပ်တော် ဆင်နီနက်ကို ဒုတိယမိဖုရားအဖြစ် တင်မြှောက်လိုက်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဇန်နဝါရီလ ၂၆ ရက်က ကျရောက်ခဲ့တဲ့ ဆင်နီနက်ရဲ့ ၃၆ နှစ်မြောက် မွေးနေ့မှာ ဒုတိယမိဖုရားအဖြစ် တင်မြှောက်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး တရားဝင် အတည်ပြုချက် ထွက်ပေါ်ခြင်းမရှိသေးပါဘူး။

အသက် ၆၈ နှစ်အရွယ်ရှိတဲ့ ထိုင်းဘုရင်ဟာ သူ့ရဲ့စတုတ္ထဇနီးအဖြစ် မိဖုရား ဆူသီဒါနဲ့ ထိမ်းမြားခဲ့ပြီး ၃ လအကြာမှာပဲ သူ့ရဲ့ကိုယ်ရံတော်ဖြစ်တဲ့ ဆင်နီနက်ကို ကိုယ်လုပ်တော်ဆိုတဲ့ အဆောင်အယောင် ပေးအပ်ခဲ့တာပါ။ အဲဒီနောက်မှာ မိဖုရားနဲ့ ယှဉ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီး အဆောင်အယောင်တွေ ပြန်သိမ်းခံခဲ့ရပါတယ်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှာတော့ ကိုယ်လုပ်တော်အဖြစ် ပြန်လည်နှင်းအပ်ခံရတာပါ။ မိဖုရား ဆူသီဒါအပေါ် ထောက်ခံအားပေးသူတွေက ထိုင်းနန်းတော်ထဲ ဆင်နီနက် ပြန်ရောက်လာတာကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာတော့ ဆင်နီနက်ရဲ့ အဖော်အချွတ်ဓာတ်ပုံတွေအပါအဝင် ဆယ်ဖီဓာတ်ပုံ ၁၄၀၀ ကျော် ခိုးယူ၊ ဖွင့်ချခံခဲ့ရပါတယ်။ ဆင်နီနက်ဟာ ဒုတိယမိဖုရားအဖြစ် တင်မြှောက်ခံရတယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ တင်းကျပ်တဲ့ တော်ဝင်ဥပဒေအရ စောင့်ရှောက်ကာကွယ်ခံရမှာဖြစ်ပြီး သူ့ကို ဝေဖန်တာ၊ အသရေဖျက်တာမျိုး လုပ်သူတွေကို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နိုင်မှာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top