သင့်ရဲ့ခွေးကို သင်နဲ့အတူ အိပ်ယာထဲမှာ အိပ်ခွင့်ပေးသင့်ရဲ့လား

3-7-2020-yyl-029.jpg

ဟုတ်ပါတယ်..ကိုယ့်ရဲ့အမွေးပွပွနဲ့ ချစ်စရာကောင်းပြီး ပွေ့ပိုက်ဖက်ယမ်းချင်စရာကောင်းတဲ့ အချစ်တော် မိတ်ဆွေကောင်းလေးတွေကို ပူးကပ်ချော့မြှူချင်တဲ့ စိတ်က ထိန်းရခက်မှာပါ။ သင်က ညဘက် အိပ်ချိန်တွေမှာ သင့်ရဲ့ ခွေးပေါက်ငယ်ကလေး ( puppy) ကို ပွေ့ဖက်ပြီး အိပ်တတ်တာလား…

သင့်ရဲ့ puppy လေးက အိပ်ရာပေါ်တက်ချင်လို့ တောင်းဆိုနေတဲ့ မျက်လုံးတွေကို ဆန့်ကျင်ဖို့ ခက်ပါတယ်။ ဒါပေမယ့် သင် ခွင့်ပြုလိုက်သင့်သလား ..လေ့လာမှု တစ်ခုအရ သင့်ခွေးကို အိပ်ရာထဲမှာ ထားတာဟာ သင်ရဲ့ အိပ်စက်ခြင်းကိုတော့ ပြဿနာ ပေးမှာမဟုတ်ပေမယ့် အိပ်စက်မှုပြီးမြောက်ခြင်း ( sleep efficiency) ရာခိုင်နှုန်းမှာတော့ ၈၃ အထိ မြင့်တက်နေတယ်လို့ ဆိုပါတယ်။ ( Sleep efficiency ဆိုတာက အိပ်ယာထဲမှာ ရှိနေတဲ့ အချိန်နဲ့ တစ်ကယ် အိပ်စက်တဲ့ အချိန်ကို နှိုင်းယဉ် အချိုးချ ထားတာပါ။ သာမန် sleep efficiency ဟာ ၈၀ ရာခိုင်နှုန်းခန့်သာ ရှိရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ၈၀ ရာခိုင်နှုန်းက တကယ်အိပ်စက်တဲ့ အချိန်ဖြစ်ပြီး ကျန်တဲ့ ၂၀ ရာနှုန်းက ဖုန်းသုံးနေတာမျိုး၊ laptop သုံးနေတာမျိုး၊ အိပ်ပျော်ဖို့ ကြိုးစားရင်း လူးလှိမ့်နေတာမျိုး၊ နောက်ဆုံး လိင် ဆက်ဆံနေတာမျိုး စတာတွေ ဖြစ်ပါတယ်။)

ကောင်းပါပြီ။ နောက်တစ်ဆင့်သွားရအောင်ပါ။ တခြားသော လေ့လာမှုတွေအရ သင့်ရဲ့ ခွေးနဲ့ sleep efficiency ၈၀ လောက်ရှိနေတာက ကောင်းတဲ့အချက်မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တအားကြီးလည်း လန့်သွားစရာ မလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ညဘက် ခွေးနဲ့ အတူ အိပ်တဲ့ သူတွေကတော့ တခြားသူတွေထက် ညဘက်မှာ မကြာခဏ နိုးတာတော့ သေချာပါတယ်။ အဲဒီတော့ ဘာဖြစ်လည်းဆိုရင် နည်းနည်းပဲ အိပ်ရပြီး မနက်စောစောနိုးတဲ့အခါ စိတ်မကြည်မသာဖြစ်ဖို့ အလားအလာများတာပေါ့။ ကျေးဇူးပါ သူငယ်ချင်းလေးတို့ရေ။

ကောက်ချက် ချရမယ်ဆိုရင်တော့…သင့်ခွေးကို အတူအိပ်ခွင့်ပေးတာ သင့်အဖို့ အိပ်ရေးမပျက်စေပါဘူး၊ စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုတောင် ရနိုင်ပါသေးတယ်။ တစ်ခါတစ်ရံမှာတော့ ဒါက ကိုးရိုးကားယား နိုင်ပါလိမ့်မယ်။ သင့်ရဲ့ခွေးနဲ့ အိပ်တာနဲ့ လူသား အပေါင်းအဖော်နဲ့ အိပ်တာကို နှိုင်းယှဉ်ကြည့်ဖို့ လိုပါတယ်။လေ့လာမှုတွေက ဖော်ပြတာတော့ ” ဖြစ်တန်ရာကတော့,လူသားတွေဟာ အကောင်းဆုံးမဟုတ်တာတောင်မှ တော်တော်လေး လျော်ညီတဲ့ အိပ်စက်ဖော်ကို ပြောရရင် ခွေးတွေ မဟုတ်တာတော့ သေချာတယ်” လို့ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒါတွေဟာ သတင်းဆိုးတွေတော့ မဟုတ်ပါဘူး။ ” ကျွန်တော့်ရဲ့ အဓိက အကြံပေးချက်ကတော့ လူတွေဟာ ကိုယ်ဘာလုပ်နေတယ်ဆိုတာကို သေချာသိဖို့နဲ့ အဲ့ဒါက တစ်ကယ်တမ်း အလုပ် ဖြစ် မဖြစ် သုံးသပ်နိုင်ဖို့ပါပဲ ” လို့ Mayo Clinic’s Arizona campus ရဲ့ အိပ်ဆေးဌာန က အိပ်ဆေးအထူးပြုပညာရှင် ဒေါက်တာ လူးရစ်စ် ခရက်န် ( Dr. Lois Krahn) က Time ( အမေရိကန် အပတ်စဉ်ထုတ် မဂ္ဂဇင်း) ကိုပြောပါတယ်။

“ပြီးတော့ ကိုယ်အိပ်ပျော်နေတုန်း ကိုယ့်ခွေးရဲ့ သစ္စာရှိမှုကို မျက်စိမှိတ်ပြီး မယုံကြည်နဲ့။ ( ချေးပါ သေးပေါက် လုပ်တာမျိုးကို ဆိုလိုဟန်ရှိ)။ တခြားနေရာမှာ ထားချင်ထား၊ လူသား အဖော်နဲ့ အစားထိုးချင်ထိုး၊ ခွေးကိုတော့ ထားလိုက်ပါတော့” လို့ သူက ဆက်ပြောခဲ့ပါတယ်။

Ref: Curiosity ”Is it really that bad to let your dog sleep in bed with you?”

Zuluu(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top