တစ်နှစ်တည်း တစ်ကြိမ်ထပ်ပိုပြီး တုပ်ကွေး ဖြစ်နိုင်လား

11-2-2021yyl5.jpg

ကိုဗစ်ရောဂါအပြင် တုပ်ကွေးရောဂါကူးစက်ခံရမှုလည်း များလာနေပါတယ်။ အခုနှစ်ဖြစ်ပွားတဲ့ တုပ်ကွေးနဲ့အခြားအသက်ရှုလမ်းကြောင်းဆိုင်ရာဖျားနာမှုတွေက အရင်ကထက်ပိုပြီး ပြင်းထန်တာကို တွေ့ရပါတယ်။ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ၂၀၂၀-၂၀၂၁ခုနှစ်အတွင်း ဖြစ်ပွားတဲ့ ရာသီတုပ်ကွေးက ပုံမှန်မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေက တုပ်ကွေးကာကွယ်ဆေးထိုးနှံဖို့ လူတွေကို ဆက်လက်တိုက်တွန်းနေပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံရတဲ့သူအရေအတွက် နည်းပါးတာက လူအများအတွက် စိတ်သက်သာရာရစေပေမဲ့ တုပ်ကွေးလို ကူးစက်ရောဂါကြောင့် စိတ်မအေးနိုင်ဖြစ်နေရပါတယ်။ တုပ်ကွေးကာကွယ်ဆေးထိုးဖို့က အရင်ကထက်ပိုပြီး အရေးကြီးလာပါပြီ။ ကိုဗစ်ကပ်ရောဂါလို တုပ်ကွေးကလည်း မပြင်းထန်တဲ့အခြေအနေကနေ ပြင်းထန်တဲ့အခြေအနေထိ ကူးစက်နိုင်တဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာဖျားနာမှုပါပဲ။ တချို့အခြေအနေတွေမှာ အသက်ဆုံးရှုံးရနိုင်ပါတယ်။ တုပ်ကွေးကိုလည်း ကိုဗစ်ရောဂါစည်းမျဉ်းတွေလို လိုက်နာမယ်ဆိုရင် တုပ်ကွေးဖြစ်ပွားမှုနှုန်းလျော့ကျမှာဖြစ်ပါတယ်။ အခုအခြေအနေက မြန်မာနိုင်ငံမှာတင်မဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းမှာပါ ရုတ်တရက်ဖြစ်ပွားနေပါတယ်။ ဒါကြောင့် မဖြစ်မနေ တုပ်ကွေးကာကွယ်ဆေးထိုးဖို့ အရေးကြီးပါတယ်။

ရာသီတစ်ခုမှာ တုပ်ကွေးဖြစ်ပြီးသားသူက နောက်တစ်ကြိမ်ပြန်ဖြစ်နိုင်တဲ့အခွင့်အရေးများတယ်လို့လည်း သိရပါတယ်။ မိုးရာသီမှာ တုပ်ကွေးဖြစ်တဲ့သူက မိုးရာသီမကုန်ခင်မှာပဲ နောက်ထပ်တုပ်ကွေးဖြစ်နိုင်ပါတယ်။ တစ်နှစ်တည်း တစ်ကြိမ်ထပ်ပိုပြီး တုပ်ကွေးဖြစ်နိုင်တာပါ။ ဘာဖြစ်လို့လဲဆိုရင်

Influenza A, B, C, D ဆိုပြီး တုပ်ကွေးအမျိုးအစား ၄ မျိုးရှိပါတယ်။ Influenza အမျိုးအစား A နဲ့ B တွေက ရာသီအလိုက် ဖြစ်ပေါ်လာတဲ့ ရာသီတုပ်ကွေးဖြစ်ပါတယ်။ သင်က မျိုးကွဲနှစ်မျိုးထဲက တစ်ခုခုကို ကူးစက်ခံရတာနဲ့ အဲဒါကို ဆန့်ကျင်တဲ့ antibodies ထွက်လာနိုင်ပြီး တူညီတဲ့ဗိုင်းရပ်စ်ကို ပြန်လည်ကူးစက်နိုင်ခြေ နည်းပါတယ်။

ဒါပေမဲ့ သင်ကူးစက်ပြီးသား တုပ်ကွေးအမျိုးအစားနဲ့ မတူညီတဲ့ တုပ်ကွေးမျိုးကွဲတစ်ခုကိုတော့ ကူးစက်နိုင်ပါတယ်။ ပထမကူးစက်မှုမှ ထွက်လာတဲ့ antibodies က အခြားမျိုးကွဲတွေ မကူးစက်နိုင်အောင် သင့်ကို ကာကွယ်မပေးနိုင်ပါဘူး။ ဒါပေမဲ့ တုပ်ကွေး နှစ်ကြိမ်ကူးစက်ခံရနိုင်ခြေကတော့ ဖြစ်တော့ဖြစ်ခဲပါတယ်။

တုပ်ကွေးမမိအောင် ရှောင်ရှားနိုင်မယ့် အကောင်းဆုံးနည်းက ကာကွယ်ဆေးမထိုးရသေးရင် ထိုးထားဖို့ပါပဲ။ ကိုဗစ်ကာကွယ်ဆေးနဲ့မတူတာက တုပ်ကွေးကာကွယ်ဆေးက နှစ်တိုင်းထိုးနှံလို့ရပါတယ်။ တုပ်ကွေးကာကွယ်ဆေးထိုးထားမယ်ဆိုရင် ကူးစက်ခံရရင်တောင် တုပ်ကွေးလက္ခဏာတွေကို အရမ်းကြီးကြုံတွေ့ရမှာမဟုတ်ပါဘူး။ ကာကွယ်ဆေးထိုးတာအပြင် Mask တပ်ပါ။ လက်ဆေးပါ။ တစ်ကိုယ်ရေးသန့်ရှင်းမှုအလေးထားပါ။ ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် တုပ်ကွေးအပြင် ကိုဗစ်ရောဂါကိုလည်း ကာကွယ်ရာရောက်ပါတယ်။

Ref: Is it possible to contract the flu twice in a single year? We decode

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top