လစာမရလို့ မကျေနပ်တဲ့ ဆိုမာလီ စစ်သည်တွေက သမ္မတနန်းတော်နားမှာ လမ်းပိတ်ဆို့ ဆန္ဒပြ

22-6-2020-yyl-009.jpg

လစာမရလို့ မကျေနပ်ကြတဲ့ စစ်သည်တွေက ဆိုမာလီနိုင်ငံမြို့တော် မိုဂါဒစ်ရှူမြို့ သမ္မတနန်းတော်နားမှာ လမ်းတွေကို ပိတ်ဆို့ခဲ့ကြပါတယ်။ တချို့စစ်သည်တွေဆိုရင် တစ်နှစ်ကျော်ကြာသည့်အထိ လစာမရသေးဘူးလို့ ဆိုပါတယ်။ ဒေသခံရုပ်သံမှတ်တမ်းတွေအရ အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ရဲ့ယာဉ်တွေ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိအောင် စစ်သည်တွေက ပိတ်ဆို့ထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံတကာအလှူရှင်တွေရဲ့ ဖိအားပေးမှုအရ စစ်သည်တွေရဲ့လစာကို အထက်အရာရှိတွေ ခေါင်းပုံမဖြတ်နိုင်အောင် ဆိုမာလီအစိုးရက စစ်သည်တွေရဲ့ ဘဏ်အကောင့်ထဲ လစာတိုက်ရိုက်လွှဲပေးခဲ့ပါတယ်။ လစာစာရင်းမှာ အမှန်တကယ်မရှိတဲ့ စစ်သည်တွေရဲ့အမည် ဒါမှမဟုတ် စစ်တပ်ကနေ ထွက်သွားသူတွေရဲ့အမည်တွေ ပါဝင်နေတာ တွေ့ရတယ်လို့ အရာရှိတွေက ဆိုပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top