ပေးဂိုးမရှိပွဲစဉ် ၁၀၀ ကို အချိန်အမြန်ဆုံးကစားနိုင်တဲ့ ဂိုးသမားအဖြစ် ယန်အိုဘလက် စံချိန်သစ်တင်

18-6-2020-yyl-009.jpg

အက်သလက်တီကိုဂိုးသမား ယန်အိုဘလက်ဟာ လာလီဂါပြိုင်ပွဲမှာ အံ့အားသင့်စရာ စံချိန်သစ်တစ်ရပ် ရေးထိုးနိုင်ခဲ့ပါတယ်။ ယန်အိုဘလက်ဟာ အိုဆာဆူနာကို ၅ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ အချိန်အတိုဆုံးကာလအတွင်း ပေးဂိုးမရှိ လာလီဂါပွဲစဉ် ၁၀၀ ပြည့်မြောက်တဲ့ ဂိုးသမားအဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။ ယန်အိုဘလက်ဟာ လာလီဂါပွဲစဉ် ၁၈၂ ပွဲ ကစားရာမှာ ပေးဂိုးမရှိပွဲစဉ် ၁၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပြီး စပိန်ဂိုးသမားဟောင်း မီဂွယ်ရေနာ( ၂၂၂ ပွဲ ကစားပြီး ပေးဂိုးမရှိပွဲစဉ် ၁၀၀ ပြည့်မြောက်)ရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါ။

၂၀၁၄ ခုနှစ်မှာ ဘင်ဖီကာကနေ အက်သလက်တီကိုကို ရောက်ရှိလာခဲ့တဲ့ ဆလိုဗေးနီးယားဂိုးသမား ယန်အိုဘလက်ဟာ လာလီဂါသမိုင်းတစ်လျှောက် ပေးဂိုးမရှိပွဲစဉ် ၁၀၀ ပြည့်မြောက်တဲ့ ပထမဆုံး ပြည်ပကစားသမားဖြစ်ပြီး အက်သလက်တီကို အသင်းသမိုင်းတစ်လျှောက်မှာ ပေးဂိုးမရှိပွဲစဉ်အများဆုံး ရရှိတဲ့ ဂိုးသမားဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top