နွေရာသီကာလကျန်ရှိနေဆဲ ဗီယက်နမ်ကို Vietjet နှင့် အတူ ပျံသန်းပြီး ၀ ကျပ်မှ စတင်အသုံးချပြီး ခံစားလိုက်ပါ

Vietjet-1.jpg

ကဲ...ဗီယက်နမ်နဲ့ ကမ္ဘာတစ်ဝှမ်းကနိုင်ငံတွေကိုလေ့လာနိုင်ဖို့ သင့်ရဲ့ခရီးစဉ်ကို Vietjet နဲ့သာ စတင်လိုက်ပါစို့

ပြင်းထန်တဲ့ အပူဒဏ်ကနေ လွတ်မြောက်လာတဲ့ မိုးကာလရဲ့အစမှာ အရမ်းကို နေလို့ကောင်းနေမှာပါပဲ။ ဒါပေမဲ့ မကြာခင်မှာ သည်းသည်းမည်းမည်း ဆက်တိုက်ရွာနေတဲ့ မိုးရာသီကို ငြီးငွေ့လာပြီဆိုရင်တော့ ဗီယက်နမ်မှာ ကျန်ရှိနေဆဲ နွေရာသီကာလရဲ့ အားလပ်ရက်ကို ခံစားကြည့်လိုက်ပါ။ ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံး နိုင်ငံ ဆယ်ခု ထဲမှာ နံပါတ် ၂ ချိတ်ထားတဲ့ ဗီယက်နမ် နိုင်ငံဟာ အနားယူအပန်းဖြေစရာတွေရော လေ့လာစရာတွေပါ ပေါများလှပါတယ်။

ပင်လယ်ကမ်းခြေ အပန်းဖြေခရီး

အာရှတိုက်မှာ အလှဆုံး ကမ်းခြေတွေ ဗီယက်နမ်မှာရှိနေပါတယ်။ အလယ်ပိုင်း နဲ့ တောင်ပိုင်း ကမ်းစပ်က Nha Trang, Da Nang, Mui Ne နဲ့ Phu Quoc တို့ဆိုရင် ကမ္ဘာလှည့် ခရီးသည်တွေ ရဲ့အကြိုက်ဆုံး နေရာတွေထဲမှာ ရှိနေတာကြာပါပြီ။ ကြည်လင် စိမ်းပြာနေတဲ့ ပင်လယ်ပြင်ရဲ့ ဆွဲဆောင်မှုနဲ့အတူ ရွှေရောင် သဲသောင်ပြင်ပေါ်ကို ကျနေတဲ့ ထန်းပင် အရိပ်တွေ နဲ့ လှပတဲ့ မြင်ကွင်းတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေငုပ်တာတွေ၊ စွန်လွှတ်တာတွေ၊ water-skiing လုပ်တာတွေကို လှုပ်လှုပ်ရှားရှားနေရတာ သဘောကျသူတွေအတွက် သေချာပေါက် ပျော်ရွှင်စရာအပြည့်ပါပဲ။

ဈေးကြီးတဲ့ အပန်းဖြေစခန်းတွေ တော်တော်များများရှိပေမယ့် ဈေးသက်သာတဲ့ ဘန်ဂလိုတွေနဲ့ ဟိုတယ်တွေကိုလည်း လွယ်လွယ်ကူကူ ရှာဖွေနိုင်ပါတယ်။ လတ်ဆတ်ပြီး အရသာရှိတဲ့ အကောင်းဆုံး ပင်လယ်စာ တွေကိုလည်း ဈေးသက်သက်သာသာနဲ့ စားသောက်ဆိုင်တွေမှာ ရရှိနိုင်မှာဖြစ်ပါတယ်။

Unesco ရဲ့ သမိုင်းမှတ်တမ်းဝင် ရှေးဟောင်းမြို့တော် Hoi An တွင်းလည်ပတ်ခြင်း
ကမ်းရိုးတန်း အလယ်ပိုင်းမှာ ရှိတဲ့ Hoi An မြို့ဟာ ဗီယက်နမ် နိုင်ငံရဲ့ ဆွဲဆောင်မှု အရှိဆုံး နဲ့ နှစ်သက်စရာ အကောင်းဆုံး မြို့ထဲမှာပါဝင်ပါတယ်။ အရှေ့တောင်အာရှ ရဲ့ ကုန်သွယ်ရေး ဆိပ်ကမ်း အနေနဲ့ ၁၅ ရာစုနှစ် ကနေ ၁၉ ရာစု နှစ်အထိ ဖြစ်တည်ခဲ့တဲ့ ဒီမြို့က ယခုမှာဆိုရင် ကမ္ဘာလှည့် ခရီးသည်တွေ ကို ဆွဲ ဆောင်နိုင်တဲ့ မြို့တစ်မြို့ဖြစ်နေပြီး စားသောက်ဖွယ်ရာမျိုးစုံရရှိနိုင်တဲ့ မြို့ပြစစ်စစ်တစ်ခုလည်းဖြစ်ပါတယ်။

Lounge bars တွေ boutique ဟိုတယ်တွေ နဲ့ ခရီးသွားအေးဂျင့်တွေ ရှိတဲ့ အတွက် ကျော်ကြားတဲ့ ဒီမြို့ မှာ လာလည်သူတွေ အနေနဲ့ ဗီယက်နမ် နိုင်ငံ အလယ်ပိုင်း ဒေသရဲ့ အလှဆုံး နဲ့ ဆွဲဆောင်မှု အရှိဆုံး ကမ်းခြေ တွေကို အနီးအနားမှာ ရှာတွေ့နိုင်ပါတယ်။ Hoi An မှာ ဗီယက်နမ် နိုင်ငံရဲ့ အမြန်ဆုံး ကိုယ်တိုင်းနဲ့ ချုပ်ပေးတဲ့ ဆိုင်တွေ ရှိပြီး နာရီပိုင်းအတွင်း ကိုယ်အကြိုက်ဆုံး ဝတ်စုံကို ရရှိနိုင်တဲ့အချက်က အတော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။

အပန်းဖြေလေ့လာလည်ပတ်ချင်စရာ မြို့ကြီးများ

ဟနွိုင်း မြို့တော်နဲ့ ဟိုချီမင်းမြို့ (ယခင် Saigon) တွေဟာ ဗီယက်နမ် နိုင်ငံ ရဲ့ အစည်ကားဆုံးမြို့တွေပါ။ တောင်ပိုင်းမှာ ရှိတဲ့ ဟိုချီမင်းမြို့ဟာ ဟနွိုင်းမြို့နဲ့ မိုင် ၂၀၀၀ အကွာအဝေးမှာ ရှိပါတယ်။ ဟိုချီမင်းမြို့ဟာ ခေတ်မီ စီးပွားရေး အချက်အချာဗဟို ဌာနတစ်ခုဖြစ်ပြီး ဟနွိုင်းမြို့ဟာ ယဉ်ကျေးမှု အချက်အချာ ဗဟို ဌာန မြို့တော် တစ်ခုဖြစ်ပါတယ်။ မြို့တစ်ခုနဲ့တစ်ခု မတူညီကြပေမယ့် ဒီမြို့ကြီးတွေမှာ တူညီတဲ့အရာတွေများစွာ ကို လုပ်နိုင်ပါတယ်။ ဈေးသက်သာပြီး အရသာရှိတဲ့ အစားအစာတွေကိုပဲစားစား လမ်းဘေးစားသောက်ဆိုင် တန်းတွေကို ပဲသွားသွား ဈေးဝယ်ဖို့ပဲလုပ်လုပ် စိတ်လှုပ်ရှားဖွယ် ညလည်ပတ်မှုတွေကိုပဲသွားသွား အကုန် လုပ်နိုင်ပါတယ်။

ဒီမြို့တွေကိုရောက်တာနဲ့  ဗီယက်နမ်နိုင်ငံမှာ ရှိတဲ့ ကမ္ဘာလှည့် ခရီးသည်တွေ အကြိုက် နေရာတွေကို ခရီးတိုလေးတွေ သွားနိုင်ပါတယ်။ ဥပမာဆို ရင် ဟနွိုင်းမြို့ ကနေ Halong Bay ဒါမှ မဟုတ် Mekong delta နဲ့ Cu Chi လှိုဏ်ခေါင်း တွေကို နာရီ အနည်းငယ်ကြာ ခန့်အတွင်းမှာ သွားရောက်နိုင်ပါတယ်။

မိုးရာသီကြောင့် စိတ်တွေ အုံ့မှိုင်းနေရင် ဗီယက်နမ် ကို Vietjet နဲ့အတူ ၀ ကျပ်မှ စတင်အသုံးပြုပြီး ပျံသန်းလိုက်ပါ

Vietjet ရဲ့ 3D Summer အရောင်းမြှင့်တင်ရေးအစီအစဉ်ပြန်လည်ရောက်ရှိလို့လာပါပြီ။ ဒီတစ်ချိန်မှာ တော့ ၂၀၁၆ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ အတွင်း ဈေးအသက်သာဆုံး super saving လေယာဉ်လက်မှတ်တွေကို မြန်မာငွေ ၀ ကျပ်မှနေ စတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒီအရောင်းမြှင့်တင်ရေးမှာ ဗီယက်နမ် နိုင်ငံပြည်တွင်း ခရီးစဉ်တွေနဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ ခရီးစဉ်တွေ ပါဝင်မှာဖြစ်ပါတယ်။ ခရီးစဉ် အချိန်ကတော့ ဩဂုတ်လ ၁၅ ရက်မှ ဒီဇင်ဘာလ ၂၀၁၆ အထိဖြစ်ပါတယ်။ (ပိတ်ရက်များမပါ)

လက်ရှိအရောင်းမြှင့်တင်ရေးကာလအတွင်း Vietjet နဲ့ အတူ ပျံသန်းကြတဲ့ ခရီးသည်တွေအနေနဲ့ စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေနဲ့ ခရီးစဉ်အခွင့်အရေးတွေရရှိမှာဖြစ်ပါတယ်။ လေဆိပ်တွေမှာ 3D နည်းပညာသုံး ဂိမ်းတွေ၊ အမှတ်တရလက်ဆောင်ပေးခြင်းတွေ၊ ပျံသန်းချိန်အတွင်း ဖျော်ဖြေမှုတွေ နဲ့ 3D ဓာတ်ပုံပြိုင်ပွဲတွေအစရှိတဲ့ အစီအစဉ်တွေကို ခံစားနိုင်မှာဖြစ်ပါတယ်။

Vietjet နဲ့အတူ Vietnam ကို အမြန်ဆုံး ပျံသန်းပြီး ကိုယ့် အတွက် အကောင်းဆုံး အပန်းဖြေခရီးတစ်ခုကို စီစဉ်လိုက်ပါ။ မိုးရာသီမှာ ရက်အနည်း အငယ်လောက် အနားယူပြီး မိသားစုတွေ သူငယ်ချင်းတွေနဲ့ အတူ မေ့မရနိုင်တဲ့ ဈေးဝယ် ခရီးစဉ်ကို စီစဉ်ပြီး စိတ်လှုပ်ရှားဖွယ်ရာများကို ခံစားလိုက်ပါ။ Vietjet နဲ့ ပျံသန်းဖို့ အချိန်ရောက်ပါပြီ။ www.vietjetair.com နဲ့ www.facebook.com/vietjetmyanmar (Booking tab ကို နှိပ်လိုက်ရုံသာ) ကို ၂၀၁၆ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ အတွင်း ၁၁ း ၀၀ မှာ ၁ း ၃၀ အတွင်း သွားရောက်ပြီး Vietjet ရဲ့ “Fly it & Like it” မှာ ပါဝင်လိုက်ပါ။

မြန်မာနိုင်ငံ မှ ခရီးသွားများအနေဖြင့် Hotline: 09 789 323 828 သို့ ဆက်သွယ်ဝယ်ယူနိုင်သလို Yuzana Business Tower ပထမထပ် #01-06 AVIAREPS Myanmar လက်မှတ်အရောင်းဌာန၊ အမှတ် ၂၅ ဓမ္မစေတီလမ်း၊ မြေနီကုန်း (ဖုန်း) 01 53 94 84 Fax: 01 53 94 84 တွင်ဝယ်ယူနိုင်ပြီး ရန်ကုန် ၊ နေပြီတော်၊ မန္တလေး တို့မှ အခြားလက်မှတ်အရောင်းဌာန ၁၀၀ ကျော်တွင်လည်း ဝယ်ယူနိုင်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top