မိခင်မှ နေ့စဉ်အတွင်းခံ အခု (၆၀) လှဲပေးရတဲ့ငါးမြွာပူး

t1.gif

ကမ္ဘာပေါ်မှာ အခက်ခဲဆုံးအလုပ်ကို လူတိုင်းလုပ်ရန် ခက်ခဲသောအလုပ်အဖြစ် မိခင်အလုပ်လို့ တင်စားထားတယ်။ ဒါဟာ မမှားပါဘူး။

ကလေးတစ်ယောက်ရှိရင်တောင် ကလေးတစ်ယောက်အတွက် မွေးခင်းစကဆိုရင် (၂၄) နာရီနီးပါး စောင့်ကြည့်ပြုစုစောင့်ရှောက်ပေးရတာ ဖြစ်ပါတယ်။ ယခုပုံမှာ မြင်တွေ့နေရတဲ့သြစတေးလျမိခင်ဟာ အာဂမိခင်တစ်ဦး ဖြစ်ပါတယ်။

ကလေးငါးမြွှာမွေးပြီးတော့ အခြားသားသမီး (၃) ဦးလည်း ရှိပါသေးတယ်။ ကလေးငါးမြွှာကို မွေးချင်း ခြောက်ပတ်အတွင်း နို့တိုက်ပါတယ်။ နို့မလောက်တဲ့အထိ အားနည်းသည်အထိ တိုက်ခဲ့ ပါတယ်။ ကလေးတွေကို ပြုစုပေးရတာတစ်ရက်ကို အတွင်းခံ အစုံ (၆၀) လှဲပေးရတဲ့အထိပဲ ဖြစ်ပါတယ်။ အဝတ်အစားလည်း တစ်ရက်ကို (၁၆) ထည်မက လှဲပေးရပါတယ်။ သူတို့အတွက် ရေချိုးပေးရ၊ သန့်ရှင်းရေး လုပ်ပေးရ၊ ချော့သိပ်ပေးရ၊ ညအိပ်ရင်လည်း ထထပြီးတော့ ပြုစုပေးရနဲ့ အင်မတန်ပင်ပန်းခက်ခဲတဲ့အလုပ် ဖြစ်ပါတယ်။ ဒါတောင် ကျန်တဲ့ကလေးသုံးဦးက ကစားနိုင်တဲ့အရွယ်တွေရောက်နေပြီမို့ ဖြစ်ပါတယ်။ အမျိုးသားဖြစ်သူလည်း ကူညီပါတယ်။ ဒါပေမယ့် ဝင်ငွေရှိရန်အမျိုးသားက အလုပ်လုပ်တာကြောင့် များသောအားဖြင့် အမျိုးသမီးဖြစ်သူက ပြုစုပေးရပါတယ်။

 

ယင်းမိခင်ဖြစ်သူ Mrs Tucci ဟာ အသက် (၂၆) နှစ်အရွယ်သာရှိပါသေးတယ်။ သူမရဲ့နေ့စဉ် ကလေးများအားပြုစုစောင့်ရှောက်ပေးရတဲ့ Documentary ဓာတ်ပုံစီးရီးကို ပရော်ဖက်ရှင်ဓာတ်ပုံဆရာတစ်ဦးမှ ယခုလိုရိုက်ကူးပေးခဲ့ ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top