ရက်ပ်သီချင်းခွေကို စာတမ်းအနေဖြင့် တင်ပြပြီးနောက် ဂုဏ်ထူးတွေနဲ့ဘွဲ့ရတော့မယ့် ဟားဗက်ကျောင်းသား

obasi-shaw-harvard_thumb.jpg

အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်က ဟားဗတ်ကျောင်းသားတစ်ဦးဟာ သူ့ရဲ့ ရက်ပ်သီချင်းခွေကို စာတမ်းအနေနဲ့ တင်လိုက်ခဲ့တဲ့အတွက် ဂုဏ်ထူးတွေ နဲ့ ဘွဲ့ရတော့မှာ ဖြစ်ပါတယ်။ 

အသက်(၂၀) အရွယ်Obasi Shaw ဆိုတဲ့ဟားဗက်ကျောင်းသားတစ်ဦးဟာ သီချင်း(၁၀)ပုဒ်ပါသော ရက်ပ်သီချင်းခွေကို စာတမ်းအနေနဲ့ တင်ပြခဲ့တာဖြစ်ပါတယ်။

ဒီအကြံကို Shaw၏မိခင်က ပေးခဲ့တာပါ။

ဘွဲ့မရသေးတဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ စာတမ်းပြုစုတာတွေလုပ်ဖို့ မလိုသေးပါဘူး။ ဒါပေမယ့် ဂုဏ်ထူးနဲ့ ဘွဲ့ရချင်တယ်ဆိုရင်တော့ စာတမ်းပြုစုတာဟာ လုပ်ကိုလုပ်ရမယ့်အရာပါ။

Shaw ဟာ စာတမ်းတွေ ရေးတာ၊ ကဗျာရေးတာတွေမလုပ်ဘဲ တခြားသူတွေနဲ့ မတူအောင် သီချင်းခွေလုပ်ခဲ့တာပဲဖြစ်ပါတယ်။ 

သူ့သီချင်းတွေကို  ရူထောင့်မျိူးစုံကနေ ရေးသားထားတာဖြစ်ပြီး သီချင်းများတွေမှာ အမေရိကန်က လူမဲတွေနဲ့ ကျွန်တွေအကြောင်းနဲ့ အကြမ်းဖက်ခဲ့တဲ့ ရဲတွေရဲ့ လုပ်ရပ်တွေအကြောင်းတွေကို ရေးသားခဲ့ပါတယ်။

Harvard တက္ကသိုလ်က ကထိကနှင့် Shawရဲ့ စာတမ်းအကြံပေး Josh Bell တို့ကတော့ Shaw၏တီထွင်မှုကို အလွန်သဘောကျခဲ့ကြပါတယ်။

အခုဆိုရင် Shaw ရဲ့ ရက်(ပ်)အယ်(လ်)ဘမ်ကို အွန်လိုင်းပေါ်မှာ ရနိုင်ပြီဖြစ်ပါတယ်။ ဘွဲ့ရပြီးရင်တော့ Shaw က Google မှာ ဆော့ဝဲလ်အင်ဂျင်နီယာအနေနဲ့ အလုပ်လုပ်မှာဇြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top