28-12-2020-yyl19.jpg

ဆင့်ပါးစပ် နှမ်းပက်

စကားပုံအတွက် စာဖတ်ပရိသတ်တွေ ရွေးချယ်ဖြည့်စွက်ပေးရမှာက “(က) ဆင့်ပါးစပ်” ဖြစ်ပါတယ်။ ဒီစကားပုံရဲ့ဆိုလိုရင်းကတော့ ကြီးမားလှတဲ့ဆင်ကြီးရဲ့ ပါးစပ်ထဲကို သေးငယ်သောနှမ်းစေ့ကလေး ပက်သွင်းသလိုပဲ မလုံမလောက် မစေ့မငှအတိုင်းအဆချင်းကွာခြားတယ်လို့ အဓိပ္ပာယ်ရပါတယ်။ Team ( ရိုးရာလေး )

28-12-2020-yyl18.jpg

အနေစုတ်ပေမဲ့ ရွှေထုပ်တဲ့ မြပဝါ

စကားပုံအတွက် စာဖတ်ပရိသတ်တွေ ရွေးချယ်ဖြည့်စွက်ပေးရမှာက “(ခ) မြပဝါ” ဖြစ်ပါတယ်။ ဒီစကားပုံရဲ့ဆိုလိုရင်းကတော့ ပဝါရဲ့ အခြေအနေက စုတ်ချာနေပြီဖြစ်သော်လည်း ရွှေထုပ်တဲ့ မြပဝါ ဖြစ်သလိုပဲ အမြင်အားဖြင့် နုံချာနေသော်လည်း ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်နိုင်တာကြောင့် ဂုဏ်သိက္ခာမြင့်မားသောအရာ ဖြစ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။…

28-12-2020-yyl16.jpg

ငါးရံ့ရအတူတူ ငါးခူရခွဲခြမ်းခွဲခြမ်း

စကားပုံအတွက် စာဖတ်ပရိသတ်တွေ ရွေးချယ်ဖြည့်စွက်ပေးရမှာက “(ဂ) ခွဲခြမ်းခွဲခြမ်း” ဖြစ်ပါတယ်။ ဒီစကားပုံရဲ့ဆိုလိုရင်းကတော့ အိုင်ပက်သူ နှစ်ဦးက ငါးရံ့ကလေးတွေရသောအခါ နှစ်ယောက်အတူတူ ပိုင်တယ်လို့သဘောထားကြသော်လည်း ငါးခူးကြီးတွေ ရသောအခါ လောဘဝင်ပြီး ခွဲခြမ်းခွဲခြမ်း လုပ်သလိုပဲ အလုပ်တူတူ လုပ်သူအချင်းချင်း အကျိုးအမြတ်…

28-12-2020-yyl12.jpg

နောင်ခါလာနောင်ခါစျေး

စကားပုံအတွက် စာဖတ်ပရိသတ်တွေ ရွေးချယ်ဖြည့်စွက်ပေးရမှာက “(ဂ) နောင်ခါဈေး” ဖြစ်ပါတယ်။ ဒီစကားပုံရဲ့ဆိုလိုရင်းကတော့ နောင်အခါမှ လာရောက်ရင် နောင်အခါ ပေါက်တဲ့ဈေးနဲ့ ရောင်းဝယ်ရမှာဖြစ်သလို နောင်ဖြစ်လာမယ့် ပြဿနာကို နောင်ပေါ်လာမယ့်အခြေအနေအရ ကြည့်ပြီး ဖြေရှင်းဖို့ဖြစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ Team (…

28-12-2020-yyl11.jpg

အလှမ်းကျယ် အလယ်လပ်

စကားပုံအတွက် စာဖတ်ပရိသတ်တွေ ရွေးချယ်ဖြည့်စွက်ပေးရမှာက “(ဂ) အလယ်လပ်” ဖြစ်ပါတယ်။ ဒီစကားပုံရဲ့ဆိုလိုရင်းကတော့ အလှမ်းကျယ်ပြီး အလယ်မှာ လစ်လပ်ကျန်နေသလို လောဘနဲ့ ရှေ့လောတကြီး လုပ်ဆောင်ကာ မစေ့မစပ် လစ်ဟင်းတယ်လို့ အဓိပ္ပါယ်ရပါတယ်။ Team (ရိုးရာလေး)

12-9-2020.jpg

အနီးမွှေး အဝေးကြိုင်

ဒီတစ်ပတ်တော့ ရိုးရာလေးရဲ့ မြန်မာစာ မြန်မာစကား ပရိသတ်တွေကို မြန်မာစကားပုံ တစ်ခုကို ပြောပြပေးချင်ပါတယ်။ ပန်းရဲ့ရနံ့ဟာ အနီးအနားမှာ မွှေးကြိုင်ပါမှာသာ အဝေးမှာလည်း မွှေးကြိုင်နိုင်မှာဖြစ်ပါတယ်။ လူတစ်ယောက်အနေနဲ့ မိမိနေထိုင်ရာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ဂုဏ်သတင်းမွှေးကြိုင်မှသာ အခြားအခြားသောပတ်ဝန်းကျင်မှာလည်း ဂုဏ်သတင်းမွှေးကြိုင်နိုင်မှာဖြစ်တယ်လို့ ဆိုလိုတဲ့အခါမျိုးတွေမှာ…

4-9-2020.jpg

“ယာ နဲ့ ရာ”

မြန်မာစာ မြန်မာစကား ပရိသတ်တွေအားလုံးမင်္ဂလာပါရှင် ဒီတစ်ပတ် ပရိသတ်တွေကို ဖော်ပြပေးချင်တဲ့ အကြောင်းအရာက “ယာ နဲ့ ရာ” ကို ဘယ်လိုစကားလုံးတွေရေးတဲ့ အခါမှာ သုံးလည်းဆိုတာပဲဖြစ်ပါတယ်။ “ယာ” ကို ဘယ်လိုအခါမျိုးတွေမှာ ရေးသားရလဲဆိုတော့ ဥပမာ- ကားဘီးတာယာ၊…

22-8-2020.jpg

သမားရိုးကျ နဲ့ သမတ်ရိုးကျ

မြန်မာစာ မြန်မာစကားအစီအစဉ်လေးကို တင်ဆက်ပေးဖို့အချိန်ကျရောက်လို့လာပြန်ပါပြီ။ ဒီတစ်ပတ် ဖော်ပြပေးချင်တဲ့အကြောင်းအရာက မှားယွင်းစွာရေးသားမိတတ်တဲ့ စာလုံးပေါင်းသတ်ပုံတွေထဲက “သမားရိုးကျ နဲ့ သမတ်ရိုးကျ ” ရေးသားပုံပဲဖြစ်ပါတယ်။ “သမားရိုးကျ” ဆိုတဲ့ စကားလုံးကို စာလုံးပေါင်းတဲ့အခါ အသံထွက်ကို လိုက်ပြီး “သမတ်ရိုးကျ” လို့…

14-8-2020-yyl-007.jpg

ဗြောသံကြား တရားနာ

ဒီတစ်ပတ်တော့ ရိုးရာလေးရဲ့ မြန်မာစာ မြန်မာစကား ပရိသတ်တွေကို မြန်မာစကားပုံ တစ်ခုကို ပြောပြပေးချင်ပါတယ်။ အလှူအတန်းတွေမှာ တရားနာပြီးတဲ့အခါ ဗြောတီးလေ့ဖြစ်ရာ ဗြောတီးသံကြားတိုင်း စိတ်မှန်းနဲ့ ရမ်းဆကာ တရားနာနေတာဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အကြောင်းအရာ တစ်ခုကို အကျိုး အကြောင်း…

mmsar300720.jpg

“ချင်း နဲ့ ခြင်း”

မြန်မာစာ မြန်မာစကား ပရိသတ်တွေအားလုံးမင်္ဂလာပါရှင် ဒီတစ်ပတ် ပရိသတ်တွေကို ဖော်ပြပေးချင်တဲ့ အကြောင်းအရာက “ချင်း နဲ့ ခြင်း” ကို ဘယ်လိုစကားလုံးတွေရေးတဲ့ အခါမှာ သုံးလည်းဆိုတာပဲဖြစ်ပါတယ်။ “ချင်း” ကို ဘယ်လိုအခါမျိုးတွေမှာ ရေးသားရလဲဆိုတော့ ဥပမာ-ကိုယ်ချင်းစာ၊ ကိုယ့်မင်းကိုယ်ချင်း၊…