လူ့ခန္ဓာကိုယ်မှာ ဖြစ်ပွားတဲ့ ထူးခြားဆန်းကြယ်မှုများ
ကျွန်တော်တို့ခန္ဓာကိုယ်ကြီးက ရှုပ်ထွေးနေတဲ့စက်ပစ္စည်းလိုဖြစ်လို့လှုံ့ဆော်မှုကို ချက်ချင်းတုံ့ပြန်တတ်ပါတယ်။ ဒီလိုတုံ့ပြန်မှုတွေက ကိုယ်အင်္ဂါကို ရုတ်တရက်ကာကွယ်ချင်လို့ဖြစ်နိုင်သလို ကိစ္စတစ်ခုကို ပိုကောင်းအောင်ဆောင်ရွက်ချင်လို့ လည်းဖြစ်နိုင်ပါတယ်။ ဒီလိုတုံ့ပြန်မှုတွေက တစ်ခါတလေမသိလိုက်ဘဲ ပြုမူမိတာဖြစ်နိုင်သလို အခြေအနေအကြောင်းပေါ်မူတည်ပြီး ခဏတစ်ဖြုတ်လည်း ဖြစ်နိုင်ပါတယ်။ ရေထဲမှာလက်ကိုအကြာကြီးစိမ်ထားတဲ့အခါ ပဲကြီးရေစိမ်လိုက်တာ ဘာကြောင့်လို့ထင်ပါသလဲ။ မီးရောင်စူးစူးကိုတွေ့ရင် ကျွန်တော်တို့ဘာကြောင့်…

