အလုပ်ပြီးမြောက်နိုင်စွမ်း မြင့်တက်လာစေရန် ထိရောက်သော နည်းဗျူဟာများ

worklarge-e1556439791318.jpg

အလုပ်ပြီးမြောက်နိုင်စွမ်းဆိုတာဘာလဲ? အလုပ်ပြီးမြောက်နိုင်စွမ်းဆိုတာလူတစ်ဦးအနေနဲ့ အလုပ်တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှုစွမ်းရည်ကိုတိုင်းတာတာဖြစ်ပါတယ်။

တစ်ရက်မှာလည်းအလုပ်တွေ ပိုပြီးမြောက်လာနိုင်တာကိုလည်းအလုပ်ပြီးမြောက်နိုင်စွမ်းလို့ဆိုလိုတယ်ထင်ပါသလား။ မှားပါတယ်။ ကိုယ်လုပ်မယ့်အလုပ်ရေအတွက်ထက် အရေးကြီးတဲ့အလုပ်တွေကိုမှန်မှန်နဲ့ မြန်မြန်လုပ်နိုင်စွမ်းကိုခေါ်ပါတယ်။ သင်လုပ်နေတဲ့အလုပ်တွေ အများကြီးမှာမှ တကယ်အရေးကြီးတဲ့အလုပ်တွေကအနည်းငယ်ဘဲရှိပါတယ်။ အလုပ်အားလုံးကိုများများပြီးမြောက်တာထက် အရေးကြီးတဲ့ အလုပ်နည်းနည်းကိုပုံမှန်လေးနဲ့ မြန်နှုန်းမှန်မှန်နဲ့ ပြီးအောင်ထိန်းထားနိုင်ခြင်းဖြစ်ပါတယ်။

အလုပ်ပြီးမြောက်နိုင်စွမ်းမြင့်တက်လာအောင် နေ့စဉ်ဘာတွေလုပ်သင့်သလဲ

အဆင့် ၁။ ။သင့်ရဲ့အချိန်အစားသင့်ရဲ့စွမ်းအင်ကိုစီမံခန့်ခွဲပါ။

ဒါကိုသင်သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင်သင့်ရဲ့ဘယ်အချိန်မှာဘယ်အလုပ်ကိုလုပ်လို့အကောင်းဆုံးလည်းဆိုတာသုံးသပ်မိလာမှာပါ။ သင့်ရဲ့ စွမ်းအင်တွေကမနက်မှာရှိတာလား။ နေ့လည်းခင်းမှာလား။ သို့မဟုတ် ညနေခင်းမှာလား။ အဲ့ဒီအချိန်တွေထဲကသင့်စွမ်းအင်အမြင့်တက်ဆုံးအချိန်ကိုရွေးချယ်ပြီးတော့ အရေးကြီးဆုံးအလုပ်ကိုလုပ်ဆောင်သင့်ပါတယ်။

အဆင့် ၂။ ။တစ်ညကြိုတင်ပြင်ဆင်ပါ။

မနက်ဖြန်လုပ်ရမယ့်အလုပ်တွေကိုစာရွက်ထဲမှာဘဲဖြစ်ဖြစ် စာအုပ်ထဲမှာဘဲဖြစ်ဖြစ် နုတ်မှတ်ထားဖို့ မိနစ်အနည်းငယ် ပေးတဲ့အခါ မနက်ဖြန်ရေးမယ့် ဆောင်းပါးအတွက် ဒီနေ့အရေးကြီးတဲ့အချက်အလက်တွေကိုမှတ်သားလိုက်သလိုဘဲနောက်တစ်နေ့မှာကိုယ့်အတွက်အရေးကြီးတဲ့ အလုပ်တွေ မကျန်ခဲ့တော့ဘူးပေါ့။ ဒီညမှာ ၁ဝမိနစ်လောက် ကြိုတင်ပြင်ဆင်ရင် နောက်နေ့ အချိန် ၃နာရီလောက် ပိုထွက်လာမှာပါ။

အဆင့် ၃။ ။ အီးမေးကိုနေ့လည်ခင်းမရောက်မချင်းမဖွင့်သေးပါနဲ့။

နားလည်ရလွယ်ပါတယ်။ လူတိုင်းလည်းလုပ်နေကြပါ။ အီးမေးကိုဖွင့်ပြီးတဲ့နောက်ပိုင်းမှာ ပြန်ထွက်ရခက်ပြီးမျှောနေတတ်ပါတယ်။ ဘယ်သူမှ သေရေးရှင်ရေးကိစ္စတွေကိုအီးမေးလ်ရေးပြီးမပို့ပါဘူး။ အဲ့ဒါကြောင့်မို့ အီးမေးကိုမနက်ပိုင်းနာရီတော်တော်များများမဖွင့်ဘဲထားလိုက်ပါ။ မနက်ပိုင်းမှာအရေးကြီးပြီးမပြီးမဖြစ်အလုပ်တွေကို ပြီးအောင်လုပ်ပြီးကိုယ့်ရဲ့ အလုပ်ပြီးမြောက်နိုင်စွမ်းကို မြင့်တင်လိုက်ပါ။

အဆင့် ၄။ ။ဖုန်းကိုပိတ်တာ (သို့မဟုတ်) အခြားအခန်းထဲမှာသွားထားလိုက်ပါ။

ဒီအရာကသင့်ကိုစာတို့တွေ၊ ဖေ့စ်ဘုတ်တွေ၊ တွစ်တာတွေ အစရှိတာတွေကိုခနခနမစစ်မိအောင် လုပ်ထားပေးနိုင်ပါတယ်။ ဒီရိုးရှင်းတဲ့ နည်းဗျူဟာကသင့်ရဲ့ အလုပ်တာဝန်တစ်ဝက်လောက်ကို မပြီးမြောက်နိုင်စေတဲ့ အဓိပ္ပါယ်မရှိတဲ့အရာတွေအပေါ်မှာအချိန်ဖြုန်းမနေမိစေအောင် ရိုးရိုးရှင်းရှင်းလေးလုပ်ဆောင်ပေးနိုင်ပါတယ်။

အဆင့် ၅။ ။ အေးမျှတဲ့နေရာမှာအလုပ်လုပ်ပါ။

အရမ်းပူလွန်းတဲ့နေရာမှာအလုပ်လုပ်လို့ ညီစီစီနဲ့ နှောက်တောက်တောက် ဖြစ်ဖူးပါသလား။ အခန်းတွင်းအပူချိန်ကိုပြောင်းလဲပစ်ခြင်း (သို့မဟုတ်) ပိုပြီးအေးတဲ့နေရာကိုပြောင်းလိုက်မှ သင့်ရဲ့ စိတ်နဲ့ ကိုယ်ခန္ဓာ၂ခုလုံးအာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။

အဆင့်၆။ ။မတ်မတ်ထိုင်ပါ (သို့မဟုတ်) မတ်တပ်ရပ်ပေးပါ။

အလုပ်လုပ်တဲ့အခါမှာခါးကိုကွေးပြီးအလုပ်လုပ်တဲ့အခါမှာသင့်ရဲ့ ရင်ဘတ်အရိုးနေရာများလွဲသွားနိုင်ပြီးတော့ ရင်ဝမ်းတားကြွက်သားများကလည်း သင့်ရဲ့အဆုတ်ကိုထိခိုက်မိစေပြီးသင့်ခန္ဓာကိုယ်ရဲ့ အသက်ရှုလုပ်ငန်းတွေ လွယ်လွယ်ကူကူနဲ့ လုပ်လို့မရအောင် တားဆီးပေးပါတယ်။ ခါးမတ်မတ်ထိုင်ခြင်း (သို့) မတ်တပ်ရပ်ခြင်းကြောင့် သင်ဟာပိုပြီးတော့ အသက်ကိုမှန်မှန်နဲ့ ပြည့်ပြည့်ဝဝရှုလာနိုင်တာကို တွေ့ရှိလာနိုင်မှာပါ။ ရလာဒ်အနေနဲ့ သင်ဟာအောက်စီဂျင်ကိုပိုမိုရရှိလာနိုင်ပြီးတော့ ပိုပြီးအာရုံစိုက်လာနိုင်မှာ ဖြစ်ပါတယ်။

အဆင့် ၇။ ။သင့်ရဲ့ တစ်နေ့တာမစတင်ခင် “ကြိုတင်ကစားပွဲအလေ့အထ” ကိုကျင့်သုံးပေးပါ။

လူတစ်ချို့ရဲ့ မနက်ပိုင်းပုံမှန်စတင်တဲ့အရာကရေအေးအေးလေးဖန်ခွက်တစ်ခွက်နဲ့ သောက်တာပါဘဲ။ တစ်ချို့လူတွေကတော့ တရာထိုင်တာနဲ့ စတင်ပါတယ်။ အဲ့ဒီအတိုင်းဘဲသင့်ရဲ့မနက်ပိုင်းကိုအလေ့အထတစ်ခုခုနဲ့စတင်ပေးပါ။ ဒီသေးငယ်တဲ့ အလေ့အထလေးဟာသင့်ရဲ့ဦးနှောက်ကိုသင်ဟာအလုပ်စတင်ဖို့ (သို့) လေ့ကျင့်ခန်းလုပ်ဖို့ (သို့) ဘာဘဲစလုပ်လုပ် အဲ့ဒီအရာကို ပြီးမြောက်အောင် လုပ်ဖို့ သတိပေးနိုးဆော်တဲ့ ပုံစံမျိုးဖြစ်သွားပါတယ်။ ထပ်ပြီးပြောရရင် ဒီ ကြိုတင်ကစားပွဲအလေ့အထဟာသင်မလုပ်ချင်ရင်တဲ့အလုပ်တွေကိုတော့ လုပ်ချင်စိတ်ဖြစ်လာစေနိုင်ပြီး ပြီးမြောက်တဲ့အထိလုပ်နိုင်အောင် အားပေးပါတယ်။

ကျေးကျေး (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top