စိတ်ဓာတ်ကျဆင်းလာအောင် လုပ်တတ်တဲ့အမှားများ

depression-big.jpg

လူတွေဟာ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်ကျအောင် တမင်လုပ်ဆောင်တတ်တဲ့နည်းလမ်းတွေ ရှိကြပါတယ်။ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ကြောင့်ကျခြင်းကို ခံစားနေရသူများဟာပြဿနာတွေကို ပိုကောင်းလာဖို့ထက် ပိုဆိုးရွားစေအောင် ဖန်တီးပြုလုပ်တတ်ကြပါတယ်။ နမူနာတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မိမိကို စိတ်အနှောင့်အယှက်ပေးနေတဲ့ ပြဿနာများကို မဖြေရှင်းခြင်း
စိတ်ကသိကအောက်ဖြစ်ခြင်းဟာ လူများစွာရဲ့ စိတ်ဓာတ်ကျဆင်းခြင်းရဲ့ အဓိက လက္ခဏာရပ်တစ်ခု ဖြစ်ပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်စေတတ်တဲ့ တချို့သော ပြဿနာများဟာ အလွယ်တကူ ဖြေရှင်းလို့ ရတတ်တဲ့ ပြဿနာမျိုးပါ။ ဒါပေမဲ့လည်း စိတ်ဓာတ်ကျနေတဲ့ လူတွေဟာ ပြဿနာကို ဖြေရှင်းနိုင်စွမ်းရှိပေမဲ့ မဖြေရှင်းတတ်ဘဲ ရှိတတ်ကြပါတယ်။

၂။ အိပ်ပျော်လာအောင် စောင့်စားနေခြင်း
အိပ်ပျော်ဖို့ ခက်ခဲတာဟာ စိတ်ဓာတ်ကျရခြင်းရဲ့ အဆိုးရွားဆုံး လက္ခဏာရပ်တစ်ခု ဖြစ်ပါတယ်။ ဒီလို အိပ်မပျော်တတ်တဲ့ ပြဿနာကို ဖြေရှင်းတတ်ချင်ကြပါတယ်။ ဒါကြောင့် ခက်ခဲပြီး ပင်ပန်းနွမ်းနယ်ပေမဲ့လည်း လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့လိုမျိုး နည်းလမ်းမျိုးတွေ လုပ်သင့်ပါတယ်။ အခြားနည်းလမ်းများကို မပြုလုပ်ခင်မှာ အိပ်ပျော်နိုင်ဖို့ကိုသာ အရမ်း အာရုံစိုက်လွန်းနေရင် အိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး။

၃။ မကြာခဏ အကူအညီတောင်းလွန်းခြင်း
ထိရောက်မှုရှိတဲ့ အကူအညီကို မရှာဖွေခင်မှာ စိတ်ဓာတ်ကျနေတယ်ဆိုတာ မသိဘဲ စိတ်ဓာတ်ကျတတ်သူများဟာ သူတို့ဘာသာသူတို့ ရုန်းကန် ဆောင်ရွက်တတ်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ လူတွေဟာ တခြားသူတွေ အပေါ်မှာ အရမ်းမှီခိုတတ်လွန်း ကြပါတယ်။ ဥပမာဆိုရင် ဆုံးဖြတ်ချက်ချခြင်း၊ နည်းပညာ အသုံးပြုခြင်း၊ လူမှုရေးဆက်သွယ်မှု စတာတွေမှာ မကြာခဏ အကူအညီတောင်း တတ်လွန်းကြပါတယ်။

တစ်ပါးသူတွေ အပေါ်မှာ အမြဲတမ်း မှီခိုနေတတ်တဲ့ စိတ်ဓာတ်ကျသူများဟာ ဒေါသဖြစ်ခြင်း၊ ဘဝင်မကျခြင်းနဲ့ ဆက်ဆံရေး ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလိုအချိန်မျိုးဟာ စိတ်ဓာတ်ကျနေတဲ့ လူဟာ လူတစ်ယောက်တည်းကို အကူအညီတွေ အကြိမ်ကြိမ်တောင်းတဲ့ အချိန်မျိုး ဒါမှမဟုတ်လည်း မိမိတို့ကိုယ်တိုင် လုပ်တတ်အောင် ကြိုးစားနိုင်တဲ့ တာဝန်တစ်ခုတည်းပဲကို အကူအညီတောင်း တတ်တဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။

၄။ ဘဝ၊ သင်ယူလေ့လာခြင်းနဲ့ လုပ်ငန်းတာဝန်တွေကို ရပ်ဆိုင်းထားခြင်း

စိတ်ဓာတ်ကျတဲ့အခါမှာ လူတွေရဲ့ဦးနှောက်ဟာ ဝိုးတဝါးပိတ်မှောင်နေတတ်ပြီး အာရုံစိုက်မှုဟာလည်း အားနည်းမှုတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေတွေ ပိုမိုကောင်းမွန်လာတဲ့အချိန်ထိ သင်ကြားလေ့လာမှု အသစ်တစ်ခုခုကို စဉ်းစားသင့်ပါတယ်။

စိတ်ဓာတ်ကျတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ် သက်တောင့်သက်သာ ဖြစ်အောင်နေပြီး သိပ်ပြီး မစဉ်းစားလွန်းခြင်းဟာ အကောင်းဆုံး အကြံဥာဏ်တစ်ခုပါပဲ။ ဒီလိုပြောလို့ စိန်ခေါ်လုပ်ဆောင်ရတဲ့ အရာတွေ၊ ကျွမ်းကျင်မှုမရှိသေးတဲ့ အရာတွေကို ရပ်နားပစ်ရမယ်လို့ မဆိုလိုပါဘူး။ မိမိကိုယ်ကိုယ် အရမ်း တွန်းအားပေးခြင်းမျိုးကို မလုပ်ဆောင်ပါနဲ့။ ဒါပေမဲ့ ပျော်ရွှင်ခြင်းနဲ့ ကျွမ်းကျင်ပိုင်နိုင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းနဲ့ စိတ်ဓာတ်ကျဆင်းမှုကို သက်သာစေတဲ့ အရေးကြီးတဲ့ အရာတွေ ဖြစ်ပါတယ်။

Ref: Five Mistakes People With Depression Make

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top