တက္ကသိုလ်ဝင်တန်း မြန်မာဘာသာရပ် ဖြေဆိုရာမှာ သိထားသင့်တာတွေ
မနက်ဖြန်မှာ စာမေးပွဲစတင်ဖြေဆိုရမယ့် တက္ကသိုလ်ဝင်တန်းမြန်မာစာဘာသာရပ်အတွက် သိထားသင့်တာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ အရင်ဦးဆုံး စာမေးပွဲဖြေဆိုတော့မယ်ဆိုရင် မေးခွန်းကို မကျော်ပါနဲ့။ အစဉ်လိုက်ဖြေဆိုပါ။ လက်ရေးလက်သားကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်ဖို့ ဂရုစိုက်ရပါမယ်။ မေးခွန်းနံပါတ်ကိုလည်း မှန်အောင်တပ်ရမယ်။ မှန်မမှန် ပြန်စစ်ဆေးဖို့လည်း မမေ့ပါနဲ့။ နာရီကိုလည်း ကြည့်ကြည့်ပေးပါ။ အချိန်လောက်အောင်ဖြေဆိုတတ်ရပါမယ်။…

