ပရိယာယ်ဆင်တဲ့ခြင်္သေ့အိုနဲ့ပါးနပ်တဲ့မြေခွေး
တစ်ခါက ခြင်္သေ့အိုကြီးတစ်ကောင်ဟာ အသက်အရွယ်အိုမင်းလာတာကြောင့် သားကောင်ရှာဖွေရာမှာ အခက်အခဲဖြစ်လာပါတယ်။ ” ငါ အရင်လိုမျိုး သားကောင်တွေကို လျင်လျင်မြန်မြန်နဲ့မဖမ်းယူနိင်တော့ဘူး။ ဒီတော့ နေ့စဉ်ဝမ်းရေးအတွက် တစ်ခုခုလုပ်မှဖြစ်တော့မယ်”လို့တွေးမိပြီး အကြံတစ်ခုရလိုက်ပါတယ်။

