ရုပ်သေးကြိုး
ကမ္ဘာနဲ့ အဝှမ်းမှာ ရုပ်သေးရယ် လို့ဆိုလိုက်ရင် လက်ထိုးရုပ်သေး၊ တုတ်ထိုးရုပ်သေး၊ အရိပ်ပြရုပ်သေးနဲ့ ကြိုးဆွဲရုပ်သေးရယ်လို့ အမျိုးမျိုး ရှိတာကို တွေ့ရမှာပါ။ ဒီအထဲကမှ မြန်မာ့ရိုးရာရုပ်သေးကလည်း ကြိုးဆွဲရုပ်သေးတစ်ခုအနေနဲ့ ကမ္ဘာ့စင်မြင့်မှာ ထင်ပေါ် ကျော်ကြားပါတယ်။

