ရွှေလက်တွဲကြတော့မယ့် မင်းသမီးပတ်ရှင်ဟေးနဲ့ မင်းသားချွိုင်တေးဂျွန်

22-11-2021yyl14.png

ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးမင်းသမီး ပတ်ရှင်ဟေးဟာ ၄ နှစ်ကြာ တွဲခဲ့တဲ့ မင်းသားချွိုင်တေးဂျွန်နဲ့လက်ထပ်တော့မှာဖြစ်သလို ကိုယ်ဝန်လည်း လွယ်ထားရပြီဖြစ်တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၃ ရက်နေ့ မှာ ပတ်ရှင်ဟေးနဲ့ ချွိုင်တေးဂျွန်တို့ရဲ့ အေဂျင်စီတွေဖြစ်တဲ့ SALT Entertainment နဲ့ Santa Claus Entertainment တို့က ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့မှာ ပတ်ရှင်ဟေးနဲ့ ချွိုင်တေးဂျွန် တို့ရဲ့မင်္ဂလာပွဲကို ဆိုးလ်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ SALT Entertainment က ပတ်ရှင်ဟေးဟာ ကိုယ်ဝန်လွယ်ထားရတယ်ဆိုတာကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အေဂျင်စီတွေ မင်္ဂလာပွဲအကြောင်းထုတ်မပြောပြခင်မှာပဲ ရှင်ဟေးနဲ့ တေးဂျွန်တို့က ဒီသတင်းကို သူတို့ရဲ့ Fan Cafe မှာ စာနဲ့ အရင်ဆုံးရေးသားပြောကြားခဲ့တာပါ။ ရှင်ဟေး ရေးသားခဲ့တဲ့စာကတော့

“ဟယ်လို၊ ကျွန်မ ပတ်ရှင်ဟေး ပါ..
ဒီရက်တွေမှာ ရာသီဥတု အေးလာပြီနော်။ မင်းတို့အားလုံး ကျန်းမာနေကောင်းရဲ့လားဆိုတာ ကျွန်မသိချင်မိတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်မရဲ့အိမ် သန့်ရှင်းရေးလုပ်တော့ လွန်ခဲ့တဲ့ နှစ် ၂၀ က ကျွန်မရဲ့ပထမဆုံးအေဂျင်စီနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ကို တွေ့ခဲ့တယ်။ ကျွန်မက မူလတန်း ‌၆ တန်းကျောင်းသူလေးဖြစ်ခဲ့ပြီး အလယ်တန်းကျောင်း ဒုတိယနှစ်မှာ ကျွန်မ မင်းသမီးဖြစ်လာခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်းမှာ ၁၈ နှစ် ကြာသွားခဲ့ပြီ။ အဲဒီတုန်းကအချိန်က တကယ်ကို မြန်တယ်လို့ ကျွန်မ ခံစားရတယ်။ ကျွန်မ ငယ်ဘဝတုန်းက လူတွေအများကြီးနဲ့ တွေ့ခဲ့တယ်။

မင်းတို့ရဲ့အချစ်တွေနဲ့အားပေးမှုတွေကြောင့် ထုတ်လုပ်ရေးများစွာမှာ ကျွန်မရဲ့အနုပညာအရည်အချင်းတွေကို ချပြနိုင်တဲ့ မင်းသမီးဖြစ်လာခဲ့တယ်။ မင်းတို့အားလုံးကို ကျေးဇူးတင်တယ်။ ကင်မရာရှေ့မှာ ဖြတ်သန်းခဲ့ရလို့ ကျွန်မ ပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေရှိသလို ခက်ခဲတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ ကျွန်မခက်ခဲတဲ့အချိန်တိုင်း ကျွန်မကို ခွန်အားတွေ၊ သတ္တိတွေ ပေးခဲ့တာက ကျွန်မရဲ့ပရိသတ်တွေပါပဲ။ သူတို့ရဲ့ခွန်အားပေးတဲ့စကားလုံးတိုင်းက ကျွန်မကို ကင်မရာရှေ့မှာ ပြန်ရပ်ဖို့ ခွန်အားဖြစ်စေခဲ့တယ်။

ဒါကြောင့်ပဲ ဒီနေ့ ဒီသတင်းကို ပြောပြဖို့အတွက် အများကြီးစိတ်လှုပ်ရှားနေရပါတယ်။ ရုတ်တရက်ဆန်တဲ့ ဒီသတင်းကြောင့် မင်းတို့ အရမ်းအံ့အားသင့်စရာဖြစ်သွားမှာလည်း စိုးရိမ်မိတယ်။ ဒါပေမဲ့ မင်းတို့တွေအားလုံးကို အရင်ဆုံးပြောပြချင်နေတုန်းပဲ။ ကျွန်မ အချိန်အကြာကြီး လက်တွဲခဲ့တဲ့သူနဲ့ လက်ထပ်တော့မှာပါ။ သူက အချိန်အကြာကြီး ကျွန်မရဲ့ထောက်တိုင်ဖြစ်ပေးခဲ့ပြီး ပတ်ရှင်ဟေးဆိုတဲ့ ကျွန်မရဲ့အားနည်းချက်၊ ချို့ယွင်းချက်တွေအားလုံးကို လက်ခံပေးခဲ့တယ်။ သူနဲ့အတူ အိမ်ထောင်သည်ဘဝကို စတင်ချင်ခဲ့တယ်။

အရမ်းစောလွန်းနေတဲ့အတွက် ဒါကို ပြောရမှာ ချီတုံချတုံဖြစ်နေပေမဲ့ ကလေးလေး ကျွန်မတို့ဘဝထဲရောက်လာလို့ ဝမ်းသာမိတယ်။ ဘယ်သူမှမပြောခင် ကျွန်မ အရင်ဆုံးပြောပြချင်ခဲ့တယ်။ ကျွန်မ မိသားစုဘဝစတင်တဲ့အခါမှာလည်း မင်းတို့အတွက် ကြိုးစားသွားမှာပါ။ ကျွန်မရဲ့လိုအပ်ချက်တွေကို သည်းခံပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ပံ့ပိုးပေးတဲ့အတွက် မင်းတို့ကို ကျေးဇူးတင်ပါတယ်။ အချိန်ခဏတော့ ယူပြီးရင်တော့ မကြာခင် ကောင်းမွန်တဲ့မင်းသမီးတစ်ယောက်အဖြစ် ပြန်လာပြီး အလုပ်ကြိုးစားသွားမှာပါ။ ဒါမှ မင်းတို့အတွက် အကြာကြီး မစောင့်ဆိုင်းရမှာပါ။ အဲဒီအချိန်ထိ ကျန်းမာအောင် နေပေးကြပါ။ အခုတော့ ဒီစာကို အဆုံးသတ်လိုက်ပါမယ်”ဆိုတာပါပဲ။

တေးဂျွန်ရဲ့စာမှာတော့

“ဟယ်လို.. ကျွန်တော် ချိုက်တေးဂျွန်ပါ..
ကျွန်တော့်ကို အချိန်အကြာကြီး ပံ့ပိုးပေးခဲ့ကြတဲ့ သူအားလုံးကိ ကျေးဇူးအထူးတင်ရှိပါတယ်။ နေ့ရက်တိုင်းမှာ ကျေးဇူးတင်နေတာပါ။ စိတ်လှုပ်ရှားစွာနဲ့ပဲ အခြားသူတွေဆီက မသိချင် မင်းတို့ကို အရင်ဆုံးပြောပြချင်တဲ့အတွက် ဒီပို့စ်ကို ရေးသားလိုက်ရတာပါ။ တစ်စုံတစ်ယောက်နဲ့ စိတ်ခံစားချက်တွေကို ဖလှယ်ပြီး အဓိပ္ပာယ်ရှိတဲ့ ဆက်ဆံရေးတစ်ခုကို အချိန်အကြာကြီး တည်ဆောက်ခဲ့ပါတယ်။ သူမက ကျွန်တော် ဝမ်းနည်းနေတဲ့အချိန် ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးဖို့၊ ပျော်ရွှင်နေတဲ့အချိန်မှာ တောက်ပစွာပြုံးတတ်ဖို့ စကားလုံးမပါဘဲ ကျွန်တော်ကို သင်ပေးခဲ့တဲ့ ကျွန်တော့်အတွက် ကယ်တင်ရှင်တစ်ယောက်လိုလူပါ။ အခု ကျွန်တော်တို့ မင်္ဂလာပွဲကတိကဝတ်ပြုလိုပါတယ်။ ဒါကို သတိထားပြီး ပြောနေရပေမဲ့ ကျွန်တော်တို့ဘဝရဲ့အခန်းသစ်စဖို့ ပြင်ဆင်ရင်းနဲ့ ကလေးလေးတစ်ယောက်ရခဲ့လို့ ကောင်းချီးခံစားခဲ့ရပါတယ်။

ဒီသတင်းကြောင့် မင်းတို့ အံ့အားသင့်သွားနိုင်ပေမဲ့ အခြားသူတွေထက်အရင် မင်းတို့ကို သိစေချင်ခဲ့တယ်။ ဒါကြောင့် ဒီစာကနေတဆင့် ကျွန်တော့်ရဲ့ရင်တွင်းခံစားချက်တွေကို ထုတ်ပြလိုက်ရတာပါ။ အခု မိသားစုဝင်တစ်ယောက်ရဲ့တာဝန်တွေကို မင်းတို့ကို ချပြသွားမှာပါ။ မင်းသာချွိုင်တေးဂျွန်အနေနဲ့ မင်းတို့ မျှော်လင့်ချက်ထားသလို သရုပ်ဆောင်ချက်တွေနဲ့ မင်းတို့ကို ပြန်တွေ့ဆုံမှာပါ။ ဒီပို့စ်အရှည်ကြီးကို ဖတ်ပေးတဲ့အတွက် မင်းတို့ကို ကျေးဇူးတင်ပါတယ်။ ရာသီဉတုက အေးလာနေပြီ။ အားလုံးပဲ ကျန်းမာကြပါစေ” လို့ ရေးသားထားပါတယ်။

မင်းသမီး ပတ်ရှင်ဟေးနဲ့ မင်းသား ချွိုင်တေးဂျွန်တို့ဟာ ၂၀၁၇နှစ်ကုန်ပိုင်းမှာ ချစ်သူတွေဖြစ်ခဲ့ကြပြီး သူတို့ရဲ့ဆက်ဆံရေးကို ၂၀၁၈ခုနှစ် မတ်လမှာ ပရိသတ်တွေကို တရားဝင်ချပြခဲ့တာပါ။

Ref: Soompi “Park Shin Hye And Choi Tae Joon Announce Marriage And Pregnancy”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top