တရုတ်နိုင်ငံကိုပို့ဆောင်ခံရမယ့် ပန်ဒါလေးတွေရဲ့ ၄ နှစ်ပြည့်မွေးနေ့ ဆင်နွှဲ

1.9.23-yyl-1.jpg

ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ပန်ဒါလေး (၂) ကောင်ဟာ သူတို့ရဲ့ ၄နှစ်ပြည့်မွေးနေ့ကို ဆင်နွှဲခဲ့ရပါတယ်။ ဘာလင်တိရစ္ဆာန်ရုံက သူတို့ကို တရုတ်နိုင်ငံကို ပို့ဆောင်ဖို့စီစဉ်ထားခဲ့ပြီး ကိုဗစ်ကပ်ရောဂါကြောင့် ကြန့်ကြာနေခဲ့ရတာပါ။

ပစ်နဲ့ ပေါလ် (တရုတ်နာမည် မိန်ရှုံနဲ့ မိန်ယွမ်) တို့ဟာ ၂၀၁၉ ခုနှစ်မှာ သူတို့မွေးဖွားကတည်းက တိရစ္ဆာန်ရုံမှာ နာမည်ကြီးခဲ့တာပါ။ ကြာသပတေးနေ့မှာ တိရစ္ဆာန်ရုံဝန်ထမ်းတွေက ပန်းသီး၊ မုန်လာဥနီနဲ့ သကြားမုန်လာတွေနဲ့ပြုလုပ်ထားတဲ့ ရေခဲကိတ်မုန့်တစ်ခုနဲ့ မွေးနေ့ပွဲကျင်းပပေးခဲ့တာပါ။


တရုတ်နိုင်ငံက ပန်ဒါသံခင်းတမန်ခင်းမူဝါဒရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ချစ်ကြည်ရင်းနှီးတဲ့နိုင်ငံတွေကို လက်ဆောင်ပေးခဲ့ပေမဲ့ အခုအခါ ပန်ဒါတွေကို စီးပွားဖြစ် စာချုပ်နဲ့ တိရစ္ဆာန်ရုံတွေကို ငှားပေးနေပါတယ်။ ပစ်နဲ့ ပေါလ်ရဲ့မိဘတွေဖြစ်တဲ့ ကျောင်ချင်နဲ့ မိန်မိန်တို့ဟာ ၂၀၁၇ ခုနှစ်က ဘာလင်ကို ရောက်ရှိခဲ့တာပါ။

Pandas Pit and Paule eat a cake made of ice cream, vegetables and fruits to celebrate their fourth birthday, at the Berlin Zoo in Berlin, Thursday Aug, 31, 2023. The panda twins Pit and Paule were born as the first panda offspring in Germany on Aug. 31, 2019, at the Berlin Zoo. (Bernd von Jutrczenka/dpa via AP)

၄ နှစ်ပြည့်သွားတဲ့ ပန်ဒါတွေက တရုတ်နိုင်ငံနဲ့ Chengdu Panda Base တို့က ပိုင်ဆိုင်ပြီး မကြာခင် တရုတ်နိုင်ငံကို သွားရတော့မှာပါ။ “စည်းမျဉ်းအရ အသက် ၂ နှစ် (သို့) ၃ နှစ်မှာ ပြန်ပို့ပေးရမှာပါ။ ကပ်ရောဂါကြောင့် အနည်းငယ် ကြန့်ကြာသွားခဲ့တယ်။ အခုဆို ဒီမှာ ၄ နှစ်ပြည့်သွားပါပြီ။ ဒါက ပန်ဒါလေးတွေ ဘာလင်မှာ ဆင်နွှဲရတဲ့ နောက်ဆုံးမွေးနေ့ပွဲဖြစ်သွားမှာလို့ ထင်ပါတယ်”လို့ တိရစ္ဆာန်ရုံရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

Ref: Germany-born pandas celebrate their 4th birthday ahead of expected trip to China

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top