ပရဟိတအဖွဲ့အစည်းတွေကို ကန်ဒေါ်လာ (၁.၇) ဘီလျံလှူဒါန်းခဲ့တဲ့ ဂျက်ဖ် ဘီဇို့စ်ရဲ့ ဇနီးဟောင်း မက္ကင်ဇီ စကော့တ်

29-7-2002-yyl-009.jpg

အမေဇုံတည်ထောင်သူလည်းဖြစ်တဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဂျက်ဖ် ဘီဇို့စ်ရဲ့ဇနီးဟောင်း မက္ကင်ဇီ ဘီဇို့စ်က သူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေရဲ့ ကန်ဒေါ်လာ (၁.၇) ဘီလျံကို ပရဟိတအဖွဲ့အစည်းတွေကို လှူဒါန်းမယ်လို့ သူ့ရဲ့ဘလော့ဂ်ကနေ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ မက္ကင်ဇီက သူ့ရဲ့ကြွယ်ဝချမ်းသာမှုအများစုကို လှူဒါန်းဖို့အတွက် The Giving Pledge အဖွဲ့အစည်းမှာ ၂၀၁၉ခုနှစ် မေလမှာ လက်မှတ်ရေးထိုးထားခဲ့တာပါ။

အခုတော့ မက္ကင်ဇီက ဂျက်ဖ် ဘီဇို့စ်နဲ့ ကွာရှင်းပြီးသွားပြီဖြစ်တဲ့အတွက် မက္ကင်ဇီ စကော့တ်နာမည်နဲ့ပဲ လူမျိုးရေးနဲ့ ကျား၊မ တန်းတူညီမျှမှု၊ စီးပွားရေး၊ ပြည်သူ့ကျန်းမာရေး၊ ရာသီဥတုပြောင်းလဲမှုတွေအတွက် လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေကို ကန်ဒေါ်လာ (၁.၇) ဘီလျံလှူဒါန်းခဲ့တယ်လို့ မက္ကင်ဇီက ဆိုပါတယ်။ မက္ကင်ဇီက ပရဟိတအဖွဲ့အစည်းတွေ ထိထိရောက်ရောက် ရန်ပုံငွေရှာနိုင်ဖို့အတွက် အကျိုးမမြတ်မယူတဲ့ အကြံပေးအဖွဲ့ထဲကို အဖွဲ့ဝင်အဖြစ်လည်း ဝင်ခဲ့တယ်လို့ ပြောပါတယ်။ “အခြားသူတွေအတွက် တန်ဖိုးရှိနိုင်တဲ့ ပိုင်ဆိုင်မှုတွေကို ကျွန်မ့ဘဝမှာ ရရှိခဲ့ပြီးပြီဆိုတဲ့ ယုံကြည်ချက်၊ တန်းတူညီမျှမှုတွေ မကြုံတွေ့ခဲ့ရတဲ့လူတွေက အဖြေရှာဖို့အတွက် ပြီးပြည့်စုံတဲ့သူတွေဖြစ်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်နဲ့ ကျွန်မရဲ့ကတိဂဝတ်ကို တည်ဖို့ စတင်လုပ်ဆောင်ခဲ့ပါတယ်”လို့ သူက ပြောပါတယ်။

မက္ကင်ဇီ လှူဒါန်းခဲ့တဲ့အဖွဲ့အစည်းတွေထဲမှာ ဒစ်ဂျစ်တယ်နဲ့ ကွန်ပျူတာနယ်ပယ်မှာ ထူးချွန်တဲ့အမျိုးသမီးအရေအတွက် တိုးလာဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း Black Girls Code နဲ့ LGBTQ လူငယ်တွေအတွက် အကျပ်အတည်းပြဿနာတွေကို ကြားဝင်ဖျန်ဖြေပေးတဲ့အဖွဲ့အစည်း The Trevor Project တို့ ပါဝင်ပါတယ်။

မက္ကင်ဇီက လူမျိုးရေးတန်းတူညီမျှမှုအတွက် ရန်ပုံငွေ ဒေါ်လာ သန်း (၆၀၀) နီးပါးနဲ့ Economic Mobility Initiatives အတွက် ဒေါ်လာ သန်း (၄၀၀) နီးပါး လှူဒါန်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။ မက္ကင်ဇီက

  • ကျား၊မ တန်းတူညီမျှမှုအတွက် ဒေါ်လာ (၁၃၃) သန်း
  • ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေါ်လာ သန်း (၁၃၀)
  • ပြည်သူ့ကျန်းမာရေးအတွက် ဒေါ်လာ (၁၂၈) သန်းကျော်
  • ရာသီဥတုပြောင်းလဲရေးအဖွဲ့အတွက် ဒေါ်လာ (၁၂၅) သန်း
  • လက်တွေ့ကျတဲ့ ဒီမိုကရေစီအရေးအတွက် ဒေါ်လာ (၇၂) သန်း
  • LGBTQ တန်းတူညီမျှမှုအတွက် ဒေါ်လာ (၄၆) သန်း
  • “Empathy & Bridging Divides”နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေအတွက် ဒေါ်လာ (၅၅) သန်း တို့ကိုလည်း လှူဒါန်းခဲ့ပါတယ်။ “တစ်ခုချင်းစီကို ဖြန့်လှူဒါန်းပြီး သူတို့အားထုတ်မှုကို အကောင်းဆုံးဖြစ်စေတယ်လို့ သူတို့ယုံကြည်တဲ့ အရာတိုင်းပေါ် သုံးဖို့အတွက် သူတို့ကို တွန်းအားပေးခဲ့တာပါ”လို့ မက္ကင်ဇီက ဆိုပါတယ်။

ဂျက်ဖ် ဘီဇို့စ်နဲ့ မက္ကင်ဇီ စကော့တ်တို့က ၁၉၉၃ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး၂၀၁၉ခုနှစ် အစောပိုင်းမှာ ကွာရှင်းခဲ့ကြတာပါ။ ဂျက်ဖ်ဘီဇို့စ်က အသားတင်ဝင်ငွေ ဒေါ်လာ ဘီလျံ (၁၇၀) ကျော်နဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး မက္ကင်ဇီက အသားတင်ဝင်ငွေ ဒေါ်လာ (၃၆) ဘီလျံနဲ့ တတိယမြောက်အချမ်းသာဆုံး အမျိုးသမီးဖြစ်ပါတယ်။ မက္ကင်ဇီရဲ့ ကြွယ်ဝချမ်းသာမှုမှာ ကွာရှင်းစဉ်က ရရှိခဲ့တဲ့ အမေဇုံရဲ့ ရှယ်ယာ (၄) ရာခိုင်နှုန်းလည်း တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။

Ref: Mackenzie Bezos donates $1.7 billion to racial equality and other causes

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top