လေယာဉ်လက်မှတ်အစောင်ရေသန်းချီကို မြန်မာငွေ ၁၃၀ နဲ့ ရောင်းချပေးမယ့် Vietjet

Vietjet-Fleet-1.jpg

ပျော်ရွှင်စရာ ဗီယက်နမ်နှစ်သစ် (Vietnam’s Tet holiday) ကို ကြိုဆိုဖို့ Vietjet လေကြောင်းလိုင်းက လေယာဉ်လက်မှတ် အစောင်ရေ သန်းချီကို အထူးလျော့ဈေး မြန်မာငွေ ၁၃၀ ကျပ်နဲ့ (အမေရိကန် ဒေါ်လာ ၁၀ ပြားခန့်) (အခွန်နဲ့ တခြားပေးဆောင်ရမယ့် အခများ မပါဝင်) ရောင်းချပေးသွားမှာပါ။

အထူးလျှော့ဈေးနဲ့ ရောင်းချမယ့် လေယာဉ်လက်မှတ်တွေကတော့ ဗီယက်နမ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းကနေ ဗီယက်နမ်တောင်ပိုင်းကို ပျံသန်းမယ့် ခရီးစဉ်တွေနဲ့ပဲ သက်ဆိုင်မှာပါ။ အထူးလျှော့ဈေးနဲ့ ရောင်းချမယ့် လက်မှတ်တွေကို သြဂုတ်လ ၁၅ ရက်ကနေ ၂၂ ရက်နေအထိ ၃ရက်တာ ရောင်းချပေးမှာဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၅ ရက်မှ ၂၀၂၀ခုနှစ် မတ်လ ၂၈ ရက်နေ့ အတွင်းပျံသန်းမယ့် ခရီးစဉ်တွေအတွက်ပဲ စီးနင်းလိုက်ပါနိုင်မှာပါ။

ဗီယက်နမ် ယဉ်ကျေးမှုအတွက် အရေးပါတဲ့ ဗီယက်နမ် နှစ်သစ်ကူးနေ့ဟာ ပုံမှန်အားဖြင့် ဇန်နဝါရီလနှောင်းပိုင်းမှာ ကျရောက်လေ့ရှိပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ နှစ်သစ်ကူးမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Vietjet လေကြောင်းလိုင်းက ရန်ကုန်-ဟနွိုင်း အသွားအပြန် ခရီးစဉ်ကို တစ်ပါတ် ၅ ရက် ပြေးဆွဲပေးနေပါတယ်။

Vietjet လေကြောင်းလိုင်းရဲ့ လေယာဉ်လက်မှတ်တွေကို အွန်လိုင်းက ဝယ်ယူချင်ရင် https://m.vietjetair.com နဲ့ Vietjet Air App မှာလည်း ဝယ်ယူနိုင်ပါတယ်။ call center ဖုန်းနံပါတ် 09-789 323 828 မှာလည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top