ဒစ်စနေးက “Aladdin” ဇာတ်ကားကို နောက်ဆက်တွဲရိုက်ကူးဖို့ အစီအစဉ်ရှိနေ

aladdin_01.jpg

ဒစ်စနေးက "Aladdin" ဇာတ်ကား

၁၉၉၂ ခုနှစ်ရဲ့”Aladdin” ကာတွန်းကားကို Live Actionအနေနဲ့ ပြန်လည်ရိုက်ကူးတဲ့ “Aladdin” ဇာတ်ကားဟာ Box Office မှာ ဝင်ငွေ ဒေါ်လာ (၁) ဘီလျံကျော်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဲဒီကားမှာ ပါဝင်ခဲ့ကြတဲ့ ဝီလ်စမစ် (Will Smith)၊ မီနာ မက်ဆု (Mena Massoud)၊ နာအိုမီ စကော့တ် (Naomi Scott) တို့က မူရင်းဇာတ်ကားရဲ့ အနှစ်သာရကို မပျောက်ပျက်အောင် သရုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ အခုလို “Aladdin” ဇာတ်ကား အောင်မင်ြမှုရရှိခဲ့တာကြောင့် ရုပ်ရှင်ပရိုဂျူဆာ ဒန် လင်း (Dan Lin) က နောက်ထပ်ထုတ်ပြလို့ရတဲ့ ဇာတ်အိမ်ရှိသေးတဲ့အတွက် “Aladdin 2” ရိုက်ကူးဖို့ အစီအစဉ်ရှိကြောင်း ထုတ်ပြောလိုက်ပါပြီ။

ဒစ်စနေးက "Aladdin" ဇာတ်ကား

ဒစ်စနေးက “Aladdin” ဇာတ်ကား


“ကျွန်တော်တို့ ပထမ ရုပ်ရှင်ကားရိုက်ကူးတဲ့အခါမှာ ကျွန်တော်တို့ တတ်စွမ်းသလောက် အကောင်းဆုံးဇာတ်ကားဖြစ်အောင် လုပ်ချင်ခဲ့တာပါ။ ပရိသတ်တွေ နောက်ထပ် ကြည့်ချင်သေးတယ်လို့ ကျွန်တော်တို့ကို ပြောစေချင်ပါတယ်။ ပရိသတ်တွေက နောက်ထပ်ကြည့်ချင်ကြမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့တွေက ဒီရုပ်ရှင်ကားက ကြိမ်ဖန်များစွာ ကြည့်ခဲ့ကြလို့ပါ။ ရုပ်ရှင်ကားကို အားပေးကြတဲ့ ပရိသတ်တွေတော်တော်များများရဲ့ စာတွေလည်း ကျွန်တော်တို့ လက်ခံရရှိပါတယ်။ ဒါကြောင့်မို့ ထုတ်ပြဖို့ ဇာတ်လမ်းရှိသေးတယ်လို့ ကျွန်တော်တို့ ခံစားမိပါတယ်” လို့ ဒန် လင်းက ပြောပါတယ်။

မူရင်းဇာတ်ကားမှာလည်း “The Return of Jafar” နဲ့ “The King of Thieves” ဆိုတဲ့ နောက်ဆက်တွဲဇာတ်ကား (၂) ကားရှိခဲ့ပါတယ်။ ဒန် လင်းက အဲ့ဒီဇာတ်ကားတွေကို ဒီအတိုင်းကြီး ကူးချပြီး ရိုက်ကူးမှာမဟုတ်ဘူးလို့လည်း ပြောထားပါတယ်။ အာလာဒင်အဖြစ် ပါဝင်ခဲ့တဲ့ မီနာ မက်ဆုကလည်း “The Return of Jafar” မှာ ပါဝင်ချင်တဲ့အကြောင်းကို အရင်က ပြောခဲ့ဖူးပါတယ်။
စာဖတ်ပရိသတ်တွေကော “Aladdin” ဇာတ်ကားကို နောက်ဆက်တွဲ ရိုက်ကူးမယ်ဆိုရင် သဘောတူကြမယ်မလား။

Ref: AsiaOne “Disney is ‘exploring’ a sequel to Aladdin”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top