အွန်လိုင်းပေါ်ကနေ မဟုတ်မမှန်ပြောဆိုရေးသားခဲ့တဲ့သူဆီက လျော်ကြေးငွေရရှိခဲ့တဲ့ဖန်ဘင်းဘင်း

yyl59013.jpg

တရုတ်နိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဖန်ဘင်းဘင်း (Fan Bing Bing) ဟာ ပြီးခဲ့တဲ့နှစ်က အခွန်တိမ်းရှောင်မှုနဲ့ ပရိသတ်တွေရှေ့ကနေ လတော်တော်ကြာကြာ ပျောက်ကွယ်နေခဲ့တာကို စာဖတ်ပရိသတ်တွေ သိကြမှာပါ။ အခွန်တိမ်းရှောင်မှုကြောင့် လျှော်ကြေးငွေပေးဆောင်ခဲ့ပြီးလို့ ပရိသတ်တွေရှေ့ ပြန်ပေါ်လာပြီးတဲ့နောက်မှာ သူ့အကြောင်းကို အွန်လိုင်းကနေ မဟုတ်မမှန်ပြောဆိုမှုတွေရှိခဲ့တဲ့အတွက် တရားစွဲဆိုမှုတွေ ပြုလုပ်နေရပါတယ်။

ဖန်ဘင်းဘင်း (Fan Bing Bing) က သူ့ရဲ့ဂုဏ်သိက္ခာကျအောင် အွန်လိုင်းမှာ ပြောဆိုစွပ်စွဲခဲ့တဲ့အမျိုးသားတစ်ယောက်ကို တရားစွဲဆိုထားခဲ့တာ အခုဆိုရင် အဲဒီတရားစွဲဆိုမှုမှာ မင်းသမီးဖန်ဘင်းဘင်းဘက်က အနိုင်ရရှိခဲ့ပြီး လျော်ကြေးအနေနဲ့ ယွမ် (၁၆၁၅၀၀) ရရှိခဲ့တယ်လို့ ထွက်ရှိလာတဲ့သတင်းတွေအရ သိရပါတယ်။

Weiboအကောင့်မှာ “Qingling Eryue” နာမည်နဲ့ ဖန်ဘင်းဘင်းကို လိင်ပိုင်းဆိုင်ရာပျက်ပြားနေတဲ့သူအဖြစ် စွပ်စွဲပြောဆိုခဲ့တဲ့ ချိန်ယုံဖောင် (Chen Yongpen) ကို လျော်ကြေးပေးဖို့နဲ့ သူ့ရဲ့Weiboအကောင့်မှာ ခုနှစ်ရက်တိတိ ဖန်ဘင်းဘင်းအတွက် တောင်းပန်စာတင်ပေးဖို့ Beijing Chaoyang District People တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

Weiboအကောင့်မှာ follower (၂.၅) သန်းနီးပါးရှိတဲ့ ချိန်ယုံဖောင်က ၂၀၁၈ခုနှစ် ဇူလိုင်ကနေ ၂၀၁၉ခုနှစ်ဇန်နဝါရီလအတွင်း ဖန်ဘင်းဘင်းနဲ့ပတ်သက်ပြီး အသေရေဖျက်စေတဲ့စာသားတွေကို ကြိမ်ဖန်များစွာ တင်ခဲ့တာဖြစ်ပါတယ်။ ပို့စ်တွေက ဖန်ဘင်းဘင်းပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်နာမည်၊ ပုံတွေနဲ့ သူ့ကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

ချိန်ယုံဖောင်အတွက် ဖန်ဘင်းဘင်းကိစ္စနဲ့ပတ်သက်ပြီး အမှုရှုံးနိမ့်ခဲ့တာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း ဖန်ဘင်းဘင်းရဲ့Relationshipတစ်ခုအကြောင်းကို လုပ်ကြံပြောဆိုခဲ့တဲ့အတွက် မင်းသမီးကို လျော်ကြေးငွေ ယွမ် (၆၂၅၀၀) နဲ့ (၁၅) ရက်တိတိ တောင်းပန်စာတင်ဖို့ တရားရုံးက အမိန့်ချခဲ့ဖူးပါတယ်။

ဖန်ဘင်းဘင်းက သူ့ရဲ့ဂုဏ်သိက္ခာကျအောင် ပြောဆိုစွပ်စွဲခဲ့တဲ့သူတွေကို တရားစွဲဆိုခဲ့တဲ့အခါတိုင်း အမှုနိုင်ခဲ့တာချည်းပါပဲ။ ဇွန်လက သူနဲ့အခြားမင်းသားတွေရဲ့ဆက်ဆံရေးကို လုပ်ကြံပြောဆိုခဲ့တဲ့ လူ(၅) ယောက်က ယွမ် (၄၀၀၀၀၀) လျော်ကြေးငွေပေးခဲ့ရသလို ဧပြီလကလည်း Weiboအကောင့်ပိုင်ရှင်တစ်ဦးက သူ့ရဲ့ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ပြီး အခြေအမြစ်မရှိတဲ့မှတ်ချက်ပေးခဲ့တာကြောင့် လျော်ကြေးငွေ ယွမ် (၈၀၀၀၀) နဲ့အတူ တောင်းပန်ခဲ့ရပါတယ်။

Ref: AsiaOne “Film star Fan Bingbing awarded $31,000 over online slurs”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top