(၂) လိပ်ကျွန်းအမှုမှ သေဒဏ်ချမှတ်ခံခဲ့ရသော ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့အတွက် သက်ညှာပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တပ်ချုပ်တောင်းဆိုခဲ့တဲ့သတင်း

yyl59011.jpg

(၂) တပ်မတော်ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိပ်ကျွန်းလူသတ်မှု နောက်ဆုံး အယူခံရှုံးနိမ့်ခဲ့သည့် မြန်မာနိုင်ငံသား ၂ ဦးဖြစ်သော ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို သက်ညှာခွင့်ပေးရန် ထိုင်းဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သည့် ပရာယွတ်ချန်အိုချာထံ တောင်းဆိုခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စက်တင်ဘာ ၃ ရက်က အစိုးရအိမ်တော်တွင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့်တွေ့ဆုံရာတွင် ယခုကဲ့သို့ ထည့်သွင်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံတွင် သေဒဏ်ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသော မြန်မာနိုင်ငံသား ၂ ဦးအား နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကို ထောက်ထားပြီး သက်ညှာပေးရန် စဉ်းစားပေးစေလိုကြောင်း၊ တရားဥပဒေနှင့်အညီ ကူညီစောင့်ရှောက်ပေးစေလိုကြောင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top