ပဲရစ်မြို့က ချစ်သူတံတားပေါ်မှာ သော့များ မရှိတော့

locks-of-love-on-bridge-in-paris.jpg

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Pont des Arts Bridge အမည်ရ တံတားကို တော်တော်များများ သိကြပါတယ်။

အချစ် တံတား၊ ချစ်သူ တံတား အဖြစ် တင်စားခေါ်ဝေါ်ကြပြီး ချစ်သူများ၊ လင်မယားများက နေပြီးတော့ သော့များ သွားရောက်လို့ ခတ်ကြပါတယ်။ သော့ခတ်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း ကြိုက်ကြောင်း၊ လက်တွဲဖို့ တိုင်တည်ကြောင်း ဆိုကြပါတယ်။

ရုပ်ရှင်ဇာတ်လမ်းအချို့မှာလည်း မြင်ရမှာ ဖြစ်ပါတယ်။ ယခုတော့ ယင်းတံတားမှ သော့တွဲများကို ဖြုတ်လိုက်တာ တစ်နှစ်ပြည့် ပါပြီ။ ၁၉ ရာစုကတည်းက ရှိနေတဲ့ ယင်းတ့တားအပေါ် ခေတ်အဆက်ဆက် ဒီလိုပဲ သော့များခတ်လို့ တစ်တိုင်တည် တည်ကြ ပါတယ်။ ယခုတော့ ယင်းသော့များရဲ့ အလေးချိန်ကြောင့် တံတားရဲ့ ခိုင်ခံ့မှုကို ထိခိုက်လာစေခဲ့ပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်တစ်ခု ဆုံးရှုံးပျက်ဆီးသွားမှာ မလိုလားတာကြောင့် ပြင်သစ် အစိုးရ အနေနဲ့ ယင်း တံတားများ သော့များကိုသာ ဖြုတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ယင်းဆုံးဖြတ်မှုအပေါ်မှာလည်း လက်ခံသူများ ရှိသလို၊ လက်မခံသူများလည်း များစွာ ရှိပါတယ်။ သော့များကို ကရိန်းကားနဲ့ သယ်ပါတယ်။ တစ်ခုချင်းစီကို လိုက်ဖြုတ်နေခြင်း မဟုတ်ပ် သော့ခတ်ထားတဲ့ သံတန်း တစ်ခုလုံးကို ဖြုတ်လိုက်ခြင်း ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top