နွေရာသီအတွက် အယ်ကိုလ်ဟော (alcohol) မပါဝင်တဲ့ သောက်စရာ ဖျော်စပ်နည်းများ

summer-drinks-wallpaper-for-desktop_5114839.jpg

နွေရာသီအတွက် ငြိမ့်ငြိမ့်လေးနဲ့ အရသာရှိပြီး အယ်ကိုလ်ဟော (alcohol) မပါတဲ့ သောက်စရာတွေကို ရှာနေကြပြီ ထင်တယ်နော်။ အခုပြောပြပေးမယ့်အဖျော်တွေဟာ လန်းဆန်းတဲ့ခံစားချက်ကို နှစ်ခြိုက်တဲ့သူတွေအတွက် အချိန်အများကြီး ပေးစရာမလိုပဲ အကြိုက်တွေ့စေနိုင်မယ့် အဖျော်ယမကာလေးတွေပဲ ဖြစ်ပါတယ်။

တွေ့ဆုံပွဲလိုနေရာမျိုးမှာ ဘယ်သူမဆို ပေါ့ပေါ့ပါးပါးသောက်သုံးနိုင်တာကလည်း အယ်ကိုလ်ဟော (alcohol) မပါတဲ့ အဖျော်တွေရဲ့ အားသားချက်ဖြစ်ပါတယ်။ ဒီလောက်အညွှန်းကောင်းနေတဲ့ ဖျော်ရည်ဖျော်စပ်နည်းတွေက ဘယ်လိုဖြစ်မလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော်။

တွေ့ဆုံပွဲလိုနေရာမျိုးမှာ ဘယ်သူမဆို ပေါ့ပေါ့ပါးပါးသောက်သုံးနိုင်တာကလည်း အယ်ကိုလ်ဟော (alcohol) မပါတဲ့ အဖျော်တွေရဲ့ အားသားချက်ဖြစ်ပါတယ်

Bubbly Triple – Citrus Iced Tea

Bubbly Triple – Citrus Iced Tea ဟာဆိုရင်တော့ ချွေးတဒီးဒီးကျရတဲ့ နွေရာသီရဲ့နေ့လည်ခင်းတွေနဲ့ အလွန်ကို လိုက်ဖက်လွန်းလှပါတယ်။ ဖျော်ရတာလည်းအချိန်မကြာ၊ ပါဝင်ပစ္စည်းသုံးမျိုးလောက်နဲ့ ဧည့်သည်တွေကို ဧည့်ခံဖို့ဖြစ်ဖြစ်၊ ခရီးသွားရင်းဖြစ်ဖြစ် ဒါမှမဟုတ် နေပူစာလှုံရင်းဖြစ်ဖြစ်သောက်သုံးဖို့ အထူးသင့်လျော်ပါတယ်။

ပါဝင်ပစ္စည်းများ – ဆိုဒါ (၃ ဘူး)- လိမ္မော်ရည် (၂ ဇွန်း)- သံပရာသီး (၄ စိတ်)- လိမ္မော်သီး (၄ စိတ်)- ရေခဲ- ပူစီနံ

ဖျော်စပ်နည်း
– ဆိုဒါနဲ့ လိမ္မော်ရည်တို့ကို အသင့်ပြင်ထားသော ရေခဲခွက်ထဲသို့လောင်းထည့်လိုက်ပါ။
– သံပရာစိတ်ကို ဖျော်ရည်ခွက်ထဲသို့နှစ်ပြီး လိမ္မော်စိတ်နှင့် ပူစီနံတို့ကို ဖန်ခွက်ထိပ်တွင် အလှဆင်၍ သောက်သုံးနိုင်ပါပြီ။

Grapefruit Mojito Mocktail

ပူပြင်းလှတဲ့ နွေရာသီမှာ သင့်ရဲ့ပင်ပန်းနွမ်းနယ်မှုတွေကို ယူပစ်သလို ပျောက်ကင်းသွားစေမယ့် Grapefruit Mojito Mocktail လေးနဲ့ မိတ်ဆက်ပေးပါရစေ။
ပါဝင်ပစ္စည်းများ – ရှောက်ခါးသီးရည် (၂ လုံး)- သံပရာသီးရည် (၂ ပုံ ၁ ပုံ)- ရှောက်သီးရည် (၂ ပုံ ၁ ပုံ)- သကြားရည် (၃ ဇွန်း)- လိမွန် စပါကလင်ရည်- တရုတ်နံနံရွက်- ရေခဲ

ဖျော်စပ်နည်း
-ရှောက်ခါးသီးရည်၊ သံပရာရည် နှင့် ရှောက်သီးရည်တို့ကို ဖျော်စက်ထဲတွင်ရောမွှေပါ။
– ရေခဲတုံးများနှင့် ဖျော်ရည်စက်ထဲမှဖျော်ရည်တို့ကို သကာရည်ဖျော်ထားသော ခွက်နှစ်ခုထဲသို့ ခွဲထည့်၍ တရုတ်နံနံရွက်နှင့် သံပရာကွင်းတို့ကို ခွက်ထိပ်တွင်အလှဆင်ပြီး သောက်သုံးနိုင်ပါပြီ။

Pink Lemonade & Watermelon Fizz

Pink Lemonade & Watermelon Fizz ကို သောက်သုံးနိုင်တဲ့ အဆင့်ရောက်ဖို့အတွက် အချိန်တော့ နည်းနည်းပိုယူရပါတယ်။ ဖရဲသီး၊ Minute Maid သံဗူးဖျော်ရည်၊ sprite ဖျော်ရည်နဲ့ ပူစီနံရွက်တွေကိုလည်း ဆန္ဒရှိမယ်ဆိုထည့်ပြီး ဖျော်စပ်နိုင်ပါတယ်။ သောက်နေစဉ်မျက်လုံးလေးမှိတ်ပြီး အရသာခံကြည့်လိုက်တဲ့အခါ နွေရာသီရဲ့အငွေ့အသက်တွေက ဖန်သားလို ထင်ရှားပြတ်သားစွာ လွင့်ပျံလာပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ – ဖရဲသီး (၄ စိတ်)- ရေ ၁ ဇွန်း + Minute Maid သံဗူးဖျော်ရည် (၂ ပုံ ၁ ပုံ)- Sprite ဖျော်ရည် (၄ ခွက်)- ပူစီနံရွက်

ဖျော်စပ်နည်း
– ဖရဲသီးစိတ်များကို ဖျော်စက်ထဲသို့ထည့်၍ အမြှပ်ထသည်အထိ မွှေပေးပါ။
– ရေ ၁ ဇွန်း + Minute Maid သံဗူးဖျော်ရည် (၂ ပုံ ၁ ပုံ) ရောစပ်ထားသော ဇလုံထဲသို့ ဖျော်ရည်စက်ထဲမှ ဖရဲသီးဖျော်ရည်ကို လောင်းထည့်လိုက်ပါ။
– ရေခဲတုံးထည့်၍ အသင့်ပြင်ထားသော ဖန်ခွက်ထဲသို့ ဖရဲသီးဖျော်ရည် တစ်ဝက်ထိထိလောင်းထည့်ပြီး ဖရဲသီးဖျော်ရည်အပေါ်မှ spirate ဖျော်ရည်လောင်းထည့်ပါ။
– ပူစီနံရွက်များကို ဖန်ခွက်ထိပ်တွင်အလှဆင်၍ သောက်သုံးနိုင်ပါပြီ။

Tropical Stawberry Lemonade Summer Drink

အခုပြောပြပေးမယ့် Tropical Stawberry Lemonade Summer Drink လေးကိုတော့ ကလေးတွေ ပိုပြီး နှစ်ခြိုက်ကြမယ်ထင်ပါတယ်။ အကယ်၍သင်က အရွယ်ရောက်ပြီး အသောက်အစားကင်းတဲ့သူဆိုရင်လည်း ပျော်ပွဲရွှင်ပွဲတွေမှာ ယမကာအစားထိုးအနေနဲ့ သောက်သုံးနိုင်ပါတယ်။ သကြားလုံးပါဝင်တာလေးက ကလေးအကြိုက်ဖြစ်စေပြီး အရောင်အသွေးစုံလင်မှုကတော့ လူကြီးအကြိုက်ဖြစ်စေမှာပါ။ မိမိအကြိုက်ပေါ်မူတည်ပြီး ပါဝင်ပစ္စည်းတွေကို လိုသလို အတိုးအလျော့ ပြုလုပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ – စတော်ဘယ်ရီ လင်မနစ် (၄ ခွက်)- မေထိုင်း ( Mai Tai) ကော့တေး (၄ ခွက်)- အမေရိကန်သကြားလုံး အသေး ( Nerds Candy) – စုပ်လုံး- ရေခဲ

ဖျော်စပ်နည်း
– မေထိုင်း ကော့တေးနှင့် စတော်ဘယ်ရီ လင်မနစ် တို့ကိုရောမွှေပြီး ရေခဲထည့်ထားသော ဖန်ခွက်ထဲသို့ ရောမွှေထားသောဖျော်ရည်ကို လောင်းထည့်လိုက်ပါ။
– နောက်ဆုံး သကြားလုံးသေးသေးလေးတွေကို ဖျော်ရည်ထဲသို့ထည့်ပြီး ဖျော်ရည်ခွက်ထိပ်တွင် စုတ်လုံးတင်အလှဆင်၍ သောက်သုံးနိုင်ပါပြီ။

လန်းဆန်းတဲ့ခံစားချက်ကို နှစ်ခြိုက်တဲ့သူတွေအတွက် အချိန်အများကြီး ပေးစရာမလိုပဲ အကြိုက်တွေ့စေနိုင်မယ့် အဖျော်ယမကာလေးတွေပဲ ဖြစ်ပါတယ်

Orange Ginger Mocktail

ဒီ Orange Ginger Mocktail ဟာဆိုရင် ရေခဲနဲ့ တွေ့တဲ့အခါ အလွယ်တကူ အရည်ပျော်သွားနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ဖန်ခွက်ထဲကိုမထည့်မီ သင့်တော်တဲ့ သကြားပမာဏအနည်းငယ်ကို ဖန်ခွက်ထဲ အရင်ဆုံးထည့်ထားပြီး ရေခဲပမာဏ များများကိုလည်း အသင့်ပြင်ဆင်ထားလိုက်ပါ။

ပါဝင်ပစ္စည်းများ – လိမ္မော်ရည် (၂ ဇွန်း)- သံပုရာရည် (၂ လုံး)-ဂျင်းရည် (၁ ဇွန်း)-ဂျင်းဘီယာ (ginger beer) (၃ ပုလင်း)-သကြား (နှစ်သက်ရာပမာဏ)

ဖျော်စပ်နည်း
– လိမ္မော်ရည်၊ သံပရာရည်၊ ဂျင်းရည်နှင့် ဂျင်းဘီယာတို့ကို ဦးစွာရောမွှေပေးပါ။
– သံပရာတစ်ကွင်းကို အသင့်ပြင်ထားသော သကြားဖန်ခွက်ထိပ်မှာ အလှဆင်ပြီး မူလရောမွှေထားသော ဖျော်ရည်ကို ဖန်ခွက်ထဲသို့လောင်းထည့်ပါ။
-အဲဒီနောက် နှစ်သက်သလောက် ရေခဲပမာဏထည့်၍ သောက်သုံးနိုင်ပါပြီ။

Ref: pinterest.com
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top