သြစတြေးလျတောမီးကနေ ထွက်လာတဲ့ မီးခိုးတွေ ဘရာဇီးနိုင်ငံအထိ ပျံ့နှံ့

8.jpg

သြစတြေးလျ တောမီးကနေ ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ ဘရာဇီးနိုင်ငံအထိ ပျံ့နှံ့သွားတယ်လို့ အာကာသသုတေသနဆိုင်ရာ အမျိုးသားသိပ္ပံဌာန လက်အောက်ခံအဖွဲ့တစ်ဖွဲ့က တွစ်တာပေါ်မှာ ဖော်ပြခဲ့ပါတယ်။ တောမီးလောင်ကျွမ်းမှုကြောင့် ထွက်လာတဲ့ မီးခိုးငွေ့တွေဟာ ဘရာဇီးနိုင်ငံတောင်ဘက်စွန်းမှာရှိတဲ့ ရီယိုဂရန်ဒီဒိုဆူးလ်ပြည်နယ်အထိ ရောက်ရှိခဲ့တယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး ဝေးလံခေါင်သီတဲ့ဒေသတွေရဲ့ သတင်းအချက်အလက် စုဆောင်းရေးဌာန(Department of Remote Sensing)က ဖော်ပြပါတယ်။

သြစတြေးလျနိုင်ငံနဲ့ ဘရာဇီးနိုင်ငံမှာ ကီလိုမီတာ ၁၅၀၀၀ ကျော် ကွာဝေးပြီး လေယာဉ်နဲ့သွားရင် နာရီ ၂၀ ကျော် ကြာမြင့်ပါတယ်။ အဲဒီအတွက် အမြင့် ၆၀၀၀ မီတာမှာရှိနေတဲ့ မီးခိုးမြူတွေဟာ ကီလိုမီတာ ၁၅၀၀၀ ကျော်အထိ ပျံ့နှံ့သွားခဲ့လို့ သြစတြေးလျနိုင်ငံကနေ ဘရာဇီးနိုင်ငံအထိ ရောက်ရှိခဲ့တာပါ။ သြစတြေးလျတောမီးကနေ ထွက်လာတဲ့ မီးခိုးတွေကို ချီလီနဲ့ အာဂျင်တီးနားနိုင်ငံတွေကနေ မြင်ရတယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ချီလီမိုးလေဝသဌာနက ပြောပါတယ်။

ဒါပေမဲ့ မီးခိုးမြူတွေ ပျံ့နှံ့ရောက်ရှိလာလို့ တောင်အမေရိကတိုက်မှာ နေထိုင်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေမှာမဟုတ်ဘူးလို့ ချီလီနိုင်ငံ မိုးလေဝသဌာနက ဆိုပါတယ်။ သြစတြေးလျနိုင်ငံမှာ အပြင်းအထန် လောင်ကျွမ်းနေတဲ့ တောမီးကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ပိုင်း လူ ၂၄ ယောက် သေဆုံးခဲ့ပြီး မြေနေရာ အကျယ်အဝန်း စတုရန်းကီလိုမီတာ ၈၀၀၀၀ နီးပါး လောင်ကျွမ်းခဲ့ပါတယ်။ အဲဒီပမာဏမှာ အိုင်ယာလန်နိုင်ငံ ဒါမှမဟုတ် အမေရိကန်နိုင်ငံ၊ တောင်ပိုင်းကာရိုလိုင်းနားပြည်နယ်တစ်ခုစာ အရွယ်အစားရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top