(၁၀) နှစ်အကြာမှာ ဆူနာမီလှိုင်းလုံးကြီးအတွင်းပျောက်သွားခဲ့တဲ့ ငါးဖမ်းလှေ ပြန်ပေါ်လာခဲ့

16-12-2020-yyl02.jpg

၂၀၁၁ခုနှစ်က ဂျပန်နိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ အင်အားကြီးဆူနာမီလှိုင်းလုံးကြီးအတွင်း ပျောက်သွားခဲ့တဲ့ ငါးဖမ်းလှေတစ်စီးဟာ (၁၀) နှစ်အကြာမှာတော့ ပစိဖိတ်ကျွန်းတစ်ခုပေါ်မှာ ပြန်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ ငါးဖမ်းလှေအသေးစားလေးက ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း တိုးဟိုခုဒေသရဲ့ ကီဆန်နူမာမြို့ကနေ ပျောက်သွားခဲ့တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အင်အားအကြီးဆုံးငလျင်ဖြစ်ခဲ့တဲ့ ပြင်းအား ၉.၀ ရှိတဲ့ မြေငလျင်က လူပေါင်း (၁၀၀၀၀) ကျော် သေဆုံးစေတဲ့တဲ့ ဆူနာမီလှိုင်းလုံးကြီးကို ဖြစ်စေခဲ့တဲ့အပြင် အဲဒီငါးဖမ်းလှေကိုလည်း ပျောက်သွားစေခဲ့ပါတယ်။ (၁၀) နှစ်နီးပါးအကြာမှာတော့ ဟာချီဂျိုလို့ခေါ်တဲ့ ဂျပန်နိုင်ငံတောင်ပိုင်းက ကျွန်းတစ်ကျွန်းမှာ အဲဒီလှေကို ပြန်တွေ့ရှိခဲ့ရပါတယ်။ ဒေသတွင်းငါးဖမ်းသမားက အဲဒီလှေရဲ့မှတ်ပုံတင်တဲ့နေ့ကို စစ်ဆေးခဲ့ပြီး ကီဆန်နူမာက ငါးဖမ်းအဖွဲ့ပိုင်ဆိုင်ခဲ့တယ်ဆိုတာကို အတည်ပြုပေးခဲ့တာဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။

၅.၅ မီတာ (၁၈ ပေ) ရှိတဲ့ အဲဒီလှေဟာ သန္တာကျောက်တွေနဲ့ဖုံးအုပ်နေပြီး လှေအတွင်းမှာလည်း ငါးနဲ့ဂဏာန်းတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒေသခံအာဏာပိုင်တွေက အဲဒီလှေကို ပင်လယ်ကမ်းစပ်ကို ဆွဲတင်ခဲ့ကြတာပါ။ အမည်မဖော်လိုသူ သမုဒ္ဒရာကျွမ်းကျင်တဲ့ ဒေသခံတစ်ဦးက လှေဟာ အမေရိကန်အနောက်ဘက်ကမ်းရိုးတန်းနားတစ်ဝိုက်ကို ရောက်သွားခဲ့ပြီးနောက် မြောက်အီကွေတာစီးကြောင်းအတိုင်း အရှေ့တောင်အာရှကို ရွေ့လာပြီး အဲဒီနောက်မှာ ကူရိုရှီအိုစီးကြောင်းအတိုင်း ဒီနေရာကို ရောက်လာတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ငါးဖမ်းလှေတစ်ခုတည်းတင် ပင်လယ်ထဲ နှစ်အကြာကြီးပျောက်သွားခဲ့ပြီးမှ ပြန်ပေါ်လာခဲ့တာမဟုတ်ပါဘူး။ ၂၀၁၂ခုနှစ် ဧပြီလတုန်းကလည်း Middleton island မှာ နေထိုင်တဲ့စုံတွဲတစ်တွဲဟာ ဂျပန်နိုင်ငံက ကျောင်းတစ်ကျောင်းက ပိုင်ဆိုင်တဲ့အမှတ်အသားပါတဲ့ ဘောလုံးတစ်လုံးကို တွေ့ရှိခဲ့ဖူးပါတယ်။

Ref: TheMirror “Ghost fishing boat returns to port ten years after tsunami washed it away”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top